ဘေ့စ်ဘော အားကစားနဲ့ ပတ်သက် လာရင်တော့ ပြည်တွင်း စစ်မှာ ပါဝင်ခဲ့တဲ့ Abner Doubleday ဆိုတဲ့ ဗိုလ်ချုပ် ကို သိထားဖို့ လိုပါ လိမ့်မယ်။ ၁၈၃၉ ခုနှစ်က နယူးယော့ခ်မြို့ ကူးပါးစ်တောင်း ဆိုတဲ့ မြို့နယ်မှာ ထိုဗိုလ်ချုပ် က ဘေ့စ်ဘောလို့ အမည် တွင်တဲ့ အားကစားကို စတင် တီထွင် ခဲ့ပါတယ်။
အဲဒီနောက် မှာတော့ A.J.Spalding ဆိုတဲ့ မေဂျာလိဂ် ကစားသမား တစ်ဦးနဲ့ သတ္တုတွင်း အင်ဂျင်နီယာ တစ်ယောက် ဖြစ်တဲ့ Abner Graves တို့က ၁၉၃၀ ခုနှစ်မှာ အမျိုးသား ဘေ့စ်ဘော ပြတိုက်ကို စတင် တည်ဆောက် ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တစ်ကယ်တမ်းမှာတော့ ဘေ့စ်ဘော ရာဇ၀င်ဟာ Doubleday ရဲ့ ရာဇ၀င်ထက် များစွာ ရှုပ်ထွေးနေ ပါသေးတယ်။
၁၈ ရာစု တုန်းက အမေရိက မှာ ဘေ့စ်ဘော အားကစားနဲ့ ဆင်တူတဲ့ ဗြိတိန် အားကစား ၂ မျိုးကို ကျောင်းတွေနဲ့ ကောလိပ်တွေမှာ ကစား ခဲ့ကြ ပါသေးတယ်။ အဲဒီ ကစားနည်း ၂ မျိုးကတော့ Rounders နဲ့ Cricket တို့ပဲဖြစ်ပါတယ်။ ၁၉ ရာစု အလယ်ပိုင်းမှာတော့ ထို အားကစား ၃ မျိုးလုံးဟာ အမေရိက ရဲ့ တိုးတက်ပြီး မြို့တော်တွေမှာ ပေါ်ပြူလာ ဖြစ်လာ ခဲ့ပါတယ်။

၁၈၄၅ ခုနှစ် စက်တင်ဘာလမှာတော့ နယူယော့ခ်မြို့သားတွေဟာ New York Knickerbocker Baseball ကလပ် ကို တည်ထောင်ခဲ့ကြပြီး ထိုမြို့သားတွေ ထဲက တစ်ယောက်ဖြစ်တဲ့ Volunteer မီးသတ် သမားနဲ့ ဘဏ်စာရေး အဖြစ် လုပ်ကိုင်ခဲ့တဲ့ Alexander Joy Cartwright က မော်ဒန် ဘေ့စ်ဘော ကစားနည်းအတွက် စည်းမျဉ်းတွေ ရေးဆွဲခဲ့ပြီး စိန်တုံး ပုံစံ ကွင်း ၊ လိုင်း ၄ လိုင်း ၊ ရိုက်ချက် ၃ ချက် စတဲ့ စည်းမျဉ်းတွေကို ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း Cartwright ရဲ့ စည်းမျဉ်းတွေဟာ Cricket အားကစား နဲ့ ဘာတွေများ ကွာခြား ပါသလဲ ဆိုတဲ့ ဝေဖန် မှုတွေကို ရင်ဆိုင် ခဲ့ရပါတယ်။
၁၈၄၆ ခုနှစ်မှာတော့ Knickerbocker Baseball ကလပ်က ဦးဆောင်ပြီး Cricket အားကစားအဖွဲ့ ၁ ဖွဲ့ နဲ့ ဘေ့စ်ဘော ကို တရးဝင် ယှဉ်ပြိုင်ပွဲတစ်ခု ကျင်းပစေခဲ့ပြီး အမေရိကန် ရိုးရာ အားကစား တစ်ခု အဖြစ် ဘေ့စ်ဘော အားကစားနည်း ကို သတ်မှတ်စေ ခဲ့ပါတယ်။
Ref : History
Credit:thithtoolwin.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။