"လွဲချော်နေသော ဥပဒေများ"
********************
ဒီတစ်ခါလည်း လွဲချော်သွားတဲ့ ဥပဒေစီရင်မှုအကြောင်းများကို
ဆက်လက်တင်ပေးပါမယ်။တရားမမျှတသော စီရင်မှုများဟာ
ခံရသူအတွက်ကတော့ ရင်နာစရာပါ။
ပြင်သစ်ပြည် ဘော်ဒိုးမြို့ တရားရုံးမှ ပေါလ်ဟူးဗတ် ကို လူသတ်မှု
အတွက် သေဒဏ်ချလိုက်ပါတယ်။ လူသတ်မှုသေဒဏ်ဆိုတော့
မထူးဆန်းပါဘူး။ဒါပေမယ့် နောက်ပိုင်းအယူခံရ ပြီးပြစ်ဒဏ်လျော့
ကာ တစ်သတ်တစ်ကျွန်းဖြစ်သွားပါတယ်။ဒါကြောင့် သူ့ ကို
ပြင်သစ်လက်အောက်ခံ ဂူရီယားနား မှာအကျဉ်းချထားခဲ့ပါတယ်။
သူဟာ ၂၁ နှစ်လုံးလုံးတိုက်ပိတ်အကျဉ်းချထားခံခဲ့ရပါတယ်။
၁၈၆၀ ခုနှစ်မှာတော့ ဘုရင်မင်းမြတ်အမိန့်  န့ဲအမှုကိုပြန်လည်စစ်
ဆေးစေပါတယ်။ပြင်သစ်ပြည်ရဲ့ အမြင့်ဆုံးတရားရုံးကပြန်စစ်တာပါ။
စစ်ပြီးပြီးချင်း ဟူးဗတ်ကို အပြစ်မရှိဘူးဆိုကာ တရားသေလွှတ်လိုက်ပါတယ်။
ဘာဖြစ်လို့ လည်းဆိုတော့ ဟူးဗတ် လူသတ်ခဲ့တာ တခြားသူမဟုတ်
ပဲ သူကိုယ်တိုင်ပါပဲ။အရှင်းဆုံးပြောရရင် ကိုယ့်ကိုကိုယ် သေကြောင်း
ကြံသလိုပေါ့ဗျာ။
နေခရမ်း....
|