စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားများအတွင်းမှ Super Hero စွမ်းအားရှင်များကဲ့သို့ ပြင်ပကမ္ဘာတွင် မရပ်မနား မအိပ်စက်ဘဲ ပြေးနိုင်သူ တကယ်ရှိပါသည်။ ထိုသူကတော့ အမေရိကန်နိုင်ငံမှ Dean Karnazes ဖြစ်ပါသည်။ သူသည် မိုင်ပေါင်း ၃၅၀ ရှိသော မာရသွန်ပြိုင်ပွဲကြီးတွင် ၃ ည ၄ ရက်တိုင်တိုင် နာရီပေါင်းအားဖြင့် ၈၀ နာရီ ၄၄ မိနစ်အထိ လုံးဝ မရပ်မနား မအိပ်စက်ဘဲ ပြေးလွှားပြနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ မမောမပန်း ၊ ကြွက်တတ်ခြင်း ၊ ကြွက်သားများ နာကျင်ခြင်းမျိုး မရှိဘဲ ပြေးနိုင်ခဲ့ခြင်းမှာ အများနှင့်မတူသည့် ရှားပါးမျိုးဗီဇတစ်မျိုးကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်ပင် သူအား ပြင်ပကမ္ဘာမှ Super Man စွမ်းအားရှင်အဖြစ် တင်စားခေါ်ဝေါ်ကြပါသည်။

သူသည် တောင်ဝင်ရိုးစွန်းမှ အပူချိန် -25ံC အထိ ရှိသည့် အေးလှသည့် မာရသွန်ပွဲမျိုးတွင် ပြေးပြခဲ့သလို ပြည်နယ် ၅၀ တွင် ကျင်းပခဲ့သော မာရသွန်ပွဲပေါင်း ၅၀ ကို ရက် ၅၀ အတွင်း အသွား အပြန် မမောမပန်း ပြေးပြခဲ့ပါသည်။ သူ့အား ပိုမိုလူသိများ ကျော်ကြားခဲ့သည့် မာရသွန်ပြေးပွဲကြီးတစ်ခုမှာ ၂၀၀၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် မိုင် ၃၅၀ မာရသွန်ပြေးပွဲကြီး ဖြစ်ပါသည်။ ထို မိုင် ၃၅၀ မာရသွန်ပြေးပွဲကြီးတွင် Dean Karnazes က နာရီ ၈၀ နှင့် ၄၄ မိနစ်ကြာအောင် လုံးဝမအိပ်ဘဲ ဖြေးဖြေးမှန်မှန်ဖြင့် ပြေးပြခဲ့ပါသည်။ သူသည် မိုင် ၂၀၀ လက်ဆင့် ကမ်းပြေးပွဲတွင်လည်း အခြားအပြေး သမားနှင့် လက်ဆင့် မကမ်းဘဲ တစ်ဦး တည်းပြေးခဲ့သည်။