Sunday, August 5, 2018

သခင်တွေကို အသက်ကယ်ခဲ့တဲ့ ခွေးဘီလူး


ကယ်လီဖိုးနီးယားပြည်နယ် စတော့တန်မြို့က အိမ်တစ်လုံးမှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပေမယ့် ခွေးဘီလူး တစ်ကောင်က သတိပေးခဲ့တဲ့အတွက် တစ်မိသားစုလုံး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

နေအိမ် မီးလောင်နေချိန်မှာ ဆာရှာလို့ အမည်ပေးထားတဲ့ ခွေးဘီလူးက အဆက်မပြတ် ဟောင်ခဲ့ပြီး တံခါးကို ကုတ်ခြစ်ခဲ့ပါတယ်။ သူ့သခင်မ နာနာ အိပ်ယာက နိုးလာပြီး တံခါးဖွင့်ပေးချိန်မှာ ဆာရှာက အခန်းထဲကို ဝင်သွားခဲ့ပြီး ၇ လအရွယ် ကလေးငယ်ကို သေးခံအဝတ်ကနေ ဆွဲချီလာခဲ့ပါတယ်။ သားသမီး ၃ ယောက်ကို တစ်ဦးတည်း ကျွေးမွေးစောင့်ရှောက်နေရတဲ့ နာနာကတော့ သူတို့သားအမိတွေအပေါ် ဆာရှာက ကျေးဇူးရှိသွားပြီလို့ ဆိုပါတယ်။
Credit:yoyarlay

လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ


ရေးသားသူ Dr.Nyan Linn
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လက်ဗွေသည် တစ်ကမ္ဘာလုံးရှိ မှုခင်းဆိုင်ရာ ဓါတ်ခွဲခန်းသုံး အကောင်းဆုံး သက်သေဖြစ်ပါတယ်။ ဘာကြောင့် လက်ဗွေက ထူးခြားတာလဲ။ အဖြေကို မပြောခင် သင့်ကို လက်ဗွေများက မည်သို့ ဖြစ်ပေါ်နေကြောင်း ပြောပြပါရစေ။

လက်ဗွေများက မည်သို့ ဖြစ်ပေါ်နေသလဲ။
=============================
လက်ဗွေရဲ့ ထူးခြားမှုက သန္ဓေသားအရွယ် ဖွံဖြိုးနေစဉ်မှ အစပြုပါတယ်။ သားအိမ်ရဲ့ ပတ်ဝန်းကျင်က သင့်ရဲ့ လက်ဗွေပုံစံကို ဆုံးဖြတ်ပေးပါတယ်။ သားအိမ်ထဲ သေးငယ်သော သန္ဓေသားအဖြစ်ရှိနေစဉ် သင့်လက်ချောင်းများ၊ ခြေချောင်းများသည် ပထမ ခြောက်လမှာ ဖွံ့ဖြိုးနေပါတယ်။ ထိုချိန်မှာ လက်ချောင်းနဲ့ ခြေချောင်းများတွင် မှေးမှိန်သော လမ်းကြောင်းလေးများက ပေါ်နေပြီးသားဖြစ်ပါတယ်။ မီးမဖွားခင် နောက်ဆုံး သုံးလမှာ ထိုလမ်းကြောင်းများက ပိုထင်ရှားလာကာ လက်ဗွေဖြစ်လာပါတယ်။

လမ်းပျောက်ပြီး တောထဲမှာ ညအိပ်ခဲ့ရတဲ့ကလေးငယ်ကို ခွေးအိုကြီး စောင့်ရှောက်ပေးခဲ့


သြစတြေးလျနိုင်ငံမှာ မျက်စိလည် လမ်းမှားလို့ တောထဲမှာ
ညအိပ်ခဲ့ရတဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ခွေးအိုကြီးတစ်ကောင်က စောင့်ရှောက်ပေးခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ ၃ နှစ်အရွယ် မိန်းကလေးငယ်ကို အရေးပေါ်အဖွဲ့ဝင်နဲ့ လုပ်အားပေး
၁၀၀ ကျော်က အင်တိုက်အားတိုက်ရှာဖွေခဲ့ကြပါတယ်။
သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်မှာ  ဖြစ်ခဲ့တာပါ။

မိန်းကလေးငယ် အူရိုရာ(Aurora)အိမ်က ထွက်သွားချိန်မှာ
သူနဲ့အတူ အိမ်မှာမွေးထားတဲ့ ခွေးကြီး မက်စ်(Max)ပါ
လိုက်ပါသွားခဲ့ပါတယ်။ တောထဲမှာ ညဘက် အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အောက် ရောက်ခဲ့လို့ မိန်းကလေးငယ်နဲ့ ခွေးအိုကြီးက ကျောက်ဆောင်တစ်ခုအောက်မှာ ခိုလှုံခဲ့ကြပါတယ်။

တောထဲမှာရောက်နေတဲ့ ၁၆ နာရီ အတွင်း ခွေးအိုကြီးက သူ့သခင်မလေးဘေးမှာ စောင့်ရှောက်ပေးခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ သူ့အဘွားဖြစ်သူက သူ့မြေးအသံကြားတယ်ဆိုပြီး တောင်ပေါ်တက်ကြည့်ခဲ့ပါတယ်။ အဘွားဖြစ်သူ တောင်ပေါ် တက်လာချိန်မှာ ခွေးအိုကြီးက သွားကြိုခဲ့ပြီး မိန်းကလေးငယ်ရှိတဲ့နေရာကို လိုက်ပြခဲ့ပါတယ်။

အဲဒီခွေးအိုကြီးဟာ အသက် ၁၆ နှစ်ရှိတဲ့ သိုးထိန်းခွေးကြီးဖြစ်ပြီး
မျက်စိနည်းနည်းမှုန်သလို နားလည်း နည်းနည်းလေးနေပြီလို့ ဆိုပါတယ်။
Credit:yoyarlay facebook page

မျိုးဗီဇမြင့်ခြင် ဖန်တီးဖို့ ဒေါ်လာ ၄ သန်းလှူခဲ့တဲ့ ဘီလ်ဂိတ်


မိုက်ခရိုဆော့ဖ်ကုမ္ပဏီ တည်ထောင်သူ ဘီလ်ဂိတ်ဟာ ခြင်တွေ မျိုးသုဉ်းပျောက်ကွယ်သွားစေမယ့် မျိုးဗီဇမြင့်ခြင်တွေ ဖန်တီးဖို့ အမေရိကန်ဒေါ်လာ ၄ သန်းလှူဒါန်းခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် Oxitec ကုမ္ပဏီက မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အထီးတွေ ဖန်တီးမှာဖြစ်ပြီး ပြင်ပလောကထဲက ခြင်အမတွေနဲ့ မိတ်လိုက်စေမှာ ဖြစ်ပါတယ်။

ခြင်အမတွေကပဲ လူတွေကို ကိုက်တတ်တဲ့အတွက် မျိုးဗီဇမြင့် ခြင်အထီးတွေက လူသားတွေကို အန္တရာယ်ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ မျိုးဗီဇမြင့် ခြင်အထီးနဲ့ မိတ်လိုက်ရင်း ဖြစ်ပေါ်လာတဲ့ မျိုးဥတွေကနေ ခြင်တွေ ပေါက်ဖွားလာမှာဖြစ်ပေမယ့် အရွယ်မရောက်ခင်မှာပဲ သေဆုံးသွားမှာဖြစ်ပါတယ်။ ခြင်တွေဟာ အရွယ်ရောက်မှ လူတွေကို ကိုက်တတ်ကြတာပါ။ မျိုးဗီဇမြင့်ခြင်တွေကြောင့် အချိန်ကာလတစ်ခုရောက်ရင် ခြင်တွေ မျိုးသုဉ်းသွားမယ်လို့ ဆိုပါတယ်။ ဘီလ်ဂိတ်ဟာ Oxitec ကုမ္ပဏီရဲ့ ဖန်တီးမှုတွေကို ပံ့ပိုးပေးနေသူဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကလည်း ခြင်မျိုးသုဉ်းစေမယ့် မျိုးဗီဇမြင့် ခြင်ဖန်တီးရေး စီမံကိန်း အစောပိုင်းအဆင့်အတွက် အမေရိကန်ဒေါ်လာ ၅ သန်းနီးပါး မတည်ခဲ့ပါသေးတယ်။
Credit:yoyarlay

ဘူတာရုံမှာ ကြွက်ဖမ်းတာဝန်ထမ်းဆောင်တဲ့ ကြောင်မလေး ရာထူးတိုးပေးခံရ


ဟက်ဒါစ်ဖီးလ် (Huddersfield) ဘူတာရုံမှာ ကြွက်ဖမ်းတာဝန်ထမ်းဆောင်နေတဲ့ ဖီးလစ် (Felix) အမည်ရ ကြောင်မလေးဟာ နှစ်များစွာ တာဝန်ထမ်းဆောင်လာတဲ့အတွက် အသိအမှတ်ပြုကာ ရာထူးတိုးမြှင့်ပေးခြင်း ခံလိုက်ရပါတယ်။

အဖြူနဲ့အနက် နှစ်ရောင်စပ်ထားတဲ့ ဖီးလစ်ကို ဘူတာရုံဝန်ထမ်းတွေကရော နေ့စဉ်ရထားနဲ့ခရီးသွားသူတွေကပါ ချစ်ခင်ကြပါတယ်။ ကြောင်မလေးဟာ ငါးနှစ်ကြာ ဘူတာရုံပလက်ဖောင်းတွေမှာ ဝီရိယရှိရှိနဲ့ ကြွက်တွေကို လှည့်ပတ်ရှာဖွေပေးခဲ့ပြီး အခုအခါမှာတော့ အမှုထမ်းလုံခြုံရေးအင်္ကျီအသစ်တစ်ထည်နဲ့ ထရန်ပဲနီ အမြန်ရထားကွန်ရက် (Transpennine Express Rail Network) ကိုယ်စား အမှတ်တံဆိပ်တစ်ခုကို ချီးမြှင့်ခံခဲ့ရပါတယ်။

ကြောင်မလေး အသက်(၉) ပတ်အရွယ်မှာ ဟက်ဒါစ်ဖီးလ်ဘူတာရုံမှာ စတင် တာဝန်ထမ်းခဲ့ပြီး အခုဆိုရင် အခုလို အဆင့်နဲ့အဖွဲ့ဝင် ဖြစ်လို့လာခဲ့ပါပြီ။ ဖီးလစ်ဟာ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ Like ပြုလုပ်သူ ၁၇ဝဝဝ ကျော်နေပြီဖြစ်ပြီး သူ့ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေကို အချိန်နဲ့တပြေးညီ တင်ပေးလျက်ရှိပါတယ်။

ဖီးလစ်ဟာ ဒီလိုချီးမြှင့်ခံရတဲ့အတွက် အလွန်ပျော်ရွှင်နေပြီး လူအများရဲ့အာရုံစူးစိုက်မှုကို ရနေရကြောင်းကို ဘူတာရုံဝန်ထမ်းတစ်ဦးက ပြောပြခဲ့ပါတယ်။
Ref: Independent “Felix the Huddersfield station cat has given promotion in recognition of her mouse-catching skills”
Credit:yoyarlay

ဖခင်ကို ဂုဏ်ပြုဖို့ အာဖရိကရဲ့ အမြင့်ဆုံးတောင်ကို တက်ခဲ့တဲ့ ၇ နှစ်သမီး


ကွယ်လွန်သွားတဲ့ ဖခင်ကို ဂုဏ်ပြုဖို့အတွက် ၇ နှစ်အရွယ် မိန်းကလေး တစ်ယောက်က အမြင့်ပေ ၁၉၃၄၁ မြင့်တဲ့ အာဖရိကရဲ့ အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

ကီလီမန်ဂျာရိုတောင် (Mt. Kilimanjaro) ဟာ အရမ်းမြင့်သလို မိုးနဲ့ ဆီးနှင်းတွေ အဆက်မပြတ် ရွာသွန်းလေ့ရှိပါတယ်။ ဒါပေမဲ့ တက္ကဆက်ပြည်နယ်က ၇ နှစ်သမီး မွန်တားနားကင်နေး (Montannah Kenney) ကတော့ မိခင်ဖြစ်သူ ဟိုလီကင်နေး (Hollie Kenney) နဲ့အတူ အချိန်တစ်ပတ်အတွင်း ကီလီမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တာပါ။

၂၀၁၃ ခုနှစ်က မွန်တားနားရဲ့ (၃)နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြီး မကြာခင်အချိန်အတွင်းမှာပဲ သူ့ဖခင် ကွယ်လွန်သွားခဲ့ပါတယ်။ ကီလီမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်တာ ကမ္ဘာ့စံချိန်တင်ဖို့ဆိုတာထက် ဖခင်ကို အမှတ်တရ ဂုဏ်ပြုချင်တဲ့စိတ်က ပိုပြီး အဓိကကျတယ်လို့ မွန်တားနားက ပြောပါတယ်။

စကြဝဠာထဲမှာ ဖော့စ်ဖောရပ် (phosphorus) ရှားပါးမှုကြောင့် ဂြိုလ်သားတွေကို တွေ့ရနည်းခြင်းဖြစ်


သိပ္ပံပညာရှင်တွေကတော့ စကြဝဠာအတွင်း ဘာကြောင့် ဂြိုလ်သားတွေနည်းပါးနေရတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီးပုံ ရပါတယ်။ လေ့လာတွေ့ရှိချက်အသစ်အရ ကမ္ဘာပေါ်မှာနေထိုင်တဲ့ သက်ရှိမျိုးစိတ်တွေဟာ တွေးထင်ထားတာထက်ပိုပြီး ဆန်းပြားနေတယ်ဆိုတာပါပဲ။

သုတေသနတစ်ခုကလည်း စကြဝဠာအတွင်းမှာ ဖော့စ်ဖောရပ် (phosphorus) တွေ တော်တော်လေး ကုန်ဆုံးနေပြီဖြစ်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ သတ္တဝါတွေ အသက်ရှင်နေထိုင် ရပ်တည်ရေးအတွက် လိုအပ်တဲ့  မြေ၊ လေ၊ရေ၊ မီး တို့ဟာ ၎င်းတို့ ပုံမှန်လည်ပတ်နိုင်ဖို့ အချို့ အခြေခံကျတဲ့လုပ်ဆောင်ချက်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။ သဘာဝတရားကြီးဟာ  သက်ရှိ DNA ရဲ့ အခြေခံအကျဆုံးအပိုင်းဖြစ်တဲ့ ကိုယ်တွင်း စွမ်းအင်သိုလှောင်ခြင်းနဲ့ ကူးပြောင်းခြင်းတွေကို လုပ်ဆောင်နိုင်အောင်လည်း အထောက်အပံ့ပေးနေပါသေးတယ်။

ဒါပေမဲ့ လေ့လာတွေ့ရှိချက်အသစ်အရ ကျွန်တော်တို့လူသားတွေ နေထိုင်ရာကမ္ဘာကြီးဟာ စူပါနိုဗေး (supernovae) နဲ့ အလွန်နီးကပ်စွာ ရှိနေခဲ့တဲ့အတွက် အဆိုပါစွမ်းအင်တွေကို ကမ္ဘာကနေ လုံလုံလောက်လောက် ရရှိနေတာလည်း ဖြစ်ပါတယ်။

ဂျပန်ဘုရားကျောင်းတွင် နှစ်ပေါင်း ၇၀၀ ကျော်ပြသအပူဇော်ခံထားခဲ့သည့် ဗုဒ္ဓဆင်းတုတော်အတွင်း ရှေးဟောင်းအမွေအနှစ်များစွာကို တွေ့ရှိ


ဂျပန်နိုင်ငံက ရှေးဟောင်းဘုရား ကျောင်းတွေအများအပြားတည်ရှိရာ နာ ရာမြို့ရဲ့ ဟော့ကီဂျီဘုရားကျောင်းမှာ နှစ်ပေါင်း ၇၀၀ကျော်လောက် ပြသအပူ ဇော်ခံထားတဲ့ ဗုဒ္ဓဆင်းတုတော်ဟောင်း တစ်ဆူအတွင်းမှာ ရှေးဟောင်းအမွေအ နှစ် ၁၈၀ကျော်ခန့် သိမ်းဆည်းထားခဲ့တာ ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

နာရာအမျိုး သားတက္ကသိုလ်ရဲ့ ရှေးဟောင်းသုတေသီ အဖွဲ့က ဒီဗုဒ္ဓဆင်းတုတော်ကို စကင်ဖတ် စစ်ဆေးလေ့လာခဲ့ကြရာမှာ ရှေးဟောင်း စာလိပ်ပေါင်း ၁၅၀ ကျော်ခန့်နဲ့ အခြား ရှေးဟောင်းပစ္စည်းတွေ ဆင်းတုတော် တွင်းမှာ ဌာပနာထားတာကို တွေ့ရှိခဲ့ကြ တာဖြစ် ပါတယ်။ ဆင်းတုတော်တစ်ခု တည်းမှာ ခုလို ရှေးဟောင်းစာလိပ်ပေါင်း မြောက်မြားစွာပါရှိနေတာက ရှားပါးတဲ့ဖြစ် ရပ်ဖြစ်ပြီး ကျောင်းထိုင်ဆရာတော်က တောင် ဒီဆင်းတုတော်ထဲက စာလိပ်တွေ အကြောင်း စိုးစဉ်းမျှမသိရှိတာကြောင့် ဒီ စာလိပ်တွေက ထူးခြားပြီး အဖိုးတန်မယ့် စာလိပ်တွေဖြစ်နိုင်တယ်လို့ နာရာအမျိုး သားပြတိုက်ရဲ့အထူး သုတေသီ ရှီဂီကီအီ ဝါတာက ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးအတွက် စမတ်ဖုန်း မထားသင့်တဲ့ နေရာများ


နေ့စဉ်ဘဝမှာ စမတ်ဖုန်းတွေဟာ မရှိမဖြစ် အရာတခုဖြစ်လာတာနဲ့အညီ ဖုန်းတွေဟာ နေ့စဉ်အထိတွေ့ရဆုံး အသုံးအဆောင် ပစ္စည်းတမျိုးလည်း ဖြစ်ပါတယ်။ ဖုန်းတွေကို နေရာထားသိုမှု မမှန်ကန်တဲ့အခါ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဖုန်းတွေကို ဘယ်နေရာတွေမှာ မထားသင့်ဘူးလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အမျိုးသားတွေအနေနဲ့ ဖုန်းကို ရှေ့ဘောင်းဘီအိတ်ထဲထည့်တဲ့ အကျင့်ဟာ မကောင်းပါဘူး။ ဖုန်းရဲ့ လှိုင်းတချို့ကြောင့် မျိုးမအောင်ခြင်း အပါအဝင် Sperm ထုတ်လွှတ်မှု လျော့ကျစေခြင်းနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားတဲ့အထိ  ဖြစ်စေနိုင်တာ  ကြောင့် ဖုန်းကို ဘောင်းဘီအိတ်ထဲ မထားသင့်ပါဘူး။

(၂) စမတ်ဖုန်းတွေကို အိပ်စက်တဲ့အခါ အိပ်ရာနဲ့ ခပ်ဝေးဝေးမှာသာ ထားသင့်ပါတယ်။ ဖုန်းရဲ့လှိုင်းတွေဟာ ဦးနှောက် အတွင်းက သွေးကြောငယ်လေးတွေကို ရောင်ရမ်းစေနိုင်တာကြောင့် ရေရှည်မှာ ဦးနှောက်အကျိတ်ဖြစ်ခြင်း၊ ဦးနှောက်ကို လေးလံထိုင်းမှိုင်းတတ်စေခြင်းနဲ့ ဦးနှောက်မှတ်ဉာဏ်စွမ်းရည်တွေကို ထိခိုက်စေနိုင်ပါတယ်။

ကမ္ဘာကျော် ဂတုံးမင်းသားများ ဆံပင်ပေါက်ခဲ့ရင်

ကမ္ဘာကျော် ကတုံးမင်းသားများ ၊ သရုပ်ဆောင်ကြီးများဟာ သူတို့ရဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေကို ဖမ်းစားနိုက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း ပြေညင်ရှင်းရှင်း ခေါင်းပုံစံနဲ့ အမြဲသရုပ်ဆောင်ကြတာ များပါတယ်။ ဒီလို ကတုံးပုံစံနဲ့ သရုပ်ဆောင်ကြီးတွေ ဆံပင်နဲ့ဆိုရင် ဘယ်လိုပုံစံရှိမလဲ ? လိုက်ဖက်မှုရှိပါ့မလားဆိုတာ ကြည့်လိုက်ရအောင်နော်...

တိမ်မရှိသော...ဂြိုဟ်ကမ္ဘာ

မိုးတိမ်မရှိသော ဂြိုဟ်ဟာ ဘယ်လိုများ ဖြစ်နေလိမ့်မလဲ..?

အာကာသပညာရှင် ပရော်ဖက်ဆာ နီကိုလေး နီကိုလောဗ် (Prof. Nikolay Niklov) ဦးဆောင်တဲ့ အာကာသ ပညာရှင်များဟာ ချီလီနိုင်ငံက တောင်တန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ ကြီးမားသော တယ်လီစကုတ်ကြီးကို အသုံးပြုပြီး.. ရှာဖွေတွေ့ရှိမှုအသစ်တစ်ခုကို ဖော်ထုတ်လိုက်ပါတယ်..။ အဲဒါကတော့... မိုးသားတိမ်တိုက်တွေ လုံးဝ မရှိတဲ့ နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်ကြီးတစ်ခုပါပဲ...

WASP-96b လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်ကြီးဟာ ကမ္ဘာမှ အလင်းနှစ် ၉၈၀ ခန့် ကွာဝေးတဲ့ WASP-96 ကြယ်ကို လှည့်ပါတ်နေတဲ့ ဂြိုဟ်ကြီး တစ်လုံးဖြစ်ပါတယ်။ ဂျူပီတာဂြိုဟ်ထက် ၂၀ ရာခိုင်နှုန်းလောက် ပိုမိုကြီးမားပြီး မျက်နှာပြင် အပူချိန်ကတော့ ၁၀၀၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် လောက်ရှိပါတယ်။ ပူပြင်းလှတဲ့ ဂြိုဟ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ကြယ်ရောင်စဉ်များ


ညဘက်ကောင်းကင်က ကြယ်တွေကို ကြည့်တဲ့အခါ ရုတ်တရက်ကြည့်လိုက်လျှင် အားလုံးက ဖြူနေသလို သင်တွေ့ရှိမှာပါ။ တကယ်တမ်း သေချာစွာလေ့လာကြည့်တဲ့အခါ ကြယ်အရောင်များ တခုနှင့် တခု မတူညီတာကို သတိထားမိလာပါလိမ့်မယ်။ ဥပမာ။ ။ မောင်ရင်ဆိုင်းထမ်းကြယ်ရဲ့ တဘက်ခြမ်းက Betelgeuse (ဘီတယ်ဂျူ့စ်) လို့ခေါ်တဲ့ နန်းဦးပြင်းကြယ်ဟာ အနီရောင်ဖြစ်နေပြီး အခြားတစ်ဘက်က Regal (ရီဂယ်) လို့ခေါ်တဲ့ ခွန်ဆန်လော ကြယ်ကတော့ အပြာရောင်ဖြစ်နေတာကို တွေ့ရှိရပါလိမ့်မယ်။

ကြယ်ရဲ့ အရောင်ဟာ သူ့ရဲ့အပူချိန်ကိုဖော်ပြပါတယ်။ မျက်နှာပြင် အပူချိန်နည်းတဲ့ ကြယ်များဟာ အနီရောင်ဘက် သန်းပြီး.. အပူချိန်များလျှင်တော့ အဖြူရောင်မှ အပြာဘက်အထိ ရှိတတ်ပါတယ်။ အခြေခံရောင်စဉ်ကိုတော့ အပူချိန် များရာမှ နည်းရာသို့ O B A F G K M ဆိုပြီး အဆင့်ခွဲခြားသတ်မှတ်ထားတာရှိပါတယ်။ (ပုံ ၂)

အင်္ဂါဂြိုဟ်ပေါ်မှ ရှာဖွေတွေ့ရှိမှု အသစ်


၂၀၁၈ ဇွန်လ ၈ ရက်
အင်္ဂါဂြိုဟ်ပေါ်မှာ ရောက်ရှိနေတဲ့ နာဆာရဲ့ ကျူရီရော့စတီ အာကာသယာဉ်မှ အင်္ဂါဂြိုဟ်တွင် သက်ရှိများ နေထိုင်ခဲ့တဲ့ (သို့မဟုတ်) သက်ရှိများ နေထိုင်လို့ရမယ့် (တနည်း) ရှိနေနိုင်မယ့်... တွေ့ရှိချက် အသစ်တစ်ခုကို ဖော်ထုတ်လိုက်ပါပြီ..။ အဲ့ဒါကတော့.... ကာဗွန်၊ ဟိုက်ဒရိုဂျင် ပါဝင်တဲ့.. အော်ဂဲနစ် မော်လီကျူးတစ်ခုပဲ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်နားက နှစ်ပေါင်း ၃ ဘီလီယံ သက်တမ်းရှိတဲ့ အနည်ကျကျောက် (ရွှံ့ကျောက်) ကနေ တူးဖော် ရှာဖွေတွေ့ရှိခဲ့တာပါ..။

ဒီကျောက်သားထဲမှာ.. ကာဗွန်၊ ဟိုက်ဒရိုဂျင် အဓိကပါဝင်ပြီး.. အောက်ဆီဂျင် (နှင့်) နိုက်ထရိုဂျင် ပါဝင်နိုင်တဲ့  အတွက်..သက်ရှိဖြစ်တည်မှ ထုတ်လို့ရတယ် ဆိုပေမဲ့လည်း အခြားသော အကြောင်းရင်းများမှလည်း ဒီဒြပ်စင်များကို ရရှိနိုင်သေးသမို့.. ရာနှုန်းပြည့် သက်ရှိရှိဖူးတယ် (သို့) ရှိနေတယ်လို့တော့ ကောက်ချက်မဆွဲနိုင်သေးပါဘူး။ ဒါပေမယ့်လည်း... ဆက်လက်လေ့လာလျှင် သက်ရှိတွေကို တွေ့နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတော့ သန်းလာပါပြီ။

ဗန်ဂိုးရဲ့ နောက်ဆုံးပန်းချီ


30May2018
ထိုင်းနိုင်ငံက နာမည်ကျော် အဆိုတော် Uru Bhattacharya Boonsri အူရူ ဘတ်တချရာ ဘွန်စီရီ ဟာ အဟောင်းဈေးတန်းကနေ ဘတ် ၁၀၀၀ နဲ့ ဝယ်ယူလာတဲ့ သစ်ပင်တပင်ရဲ့ ပုံ ဆီဆေးပန်ချီဟာ၁၈ရာစုနှစ်က ကမ္ဘာကျော် နယ်သာလန် ပန်းချီပညာရှင် ဗင်းဆင့် ဗန်ဂိုး(၁၈၈၇-၁၈၉ ၀) သူကိုယ်သူအဆုံးစီရင်မသွားခင် နောက်ဆုံးရေး
ဆွဲသွားခဲ့တဲ့ ဆီဆေးပန်းချီလက်ရာဖြစ်နေတာကို ထိုင်းနိုင်ငံ သိပနည်းပညာ ဌာနက Ministry of Science and Technology.  အတည်ပြုလိုက်တဲ့ သတင်း ဖတ်ရတော့ ပန်းချီကား ပိုင်ရှင်မပြောနဲ့ ဖတ်ရတဲ့သူတွေတောင် ရင်ခုန်မိရတယ်။

ဗင့်ဆင့်ရေးဆွဲသွားတဲ့  ပန်းချီ ၂၀၀၀ ကျော်ရှိပါတယ်။ သူ့ ရဲ့  ပန်ချီကားတချပ်ရဲ့  အမြင့်ဆုံးဈေးဟာ ဒေါ်လာ သန်းပေါင်း ၈၈၅  ($885 million.) သန်းတောင်တန်ပါသတဲ့ ။
သေပြီးမှနာမည်ကျော်ကြားတဲ့သူတွေမှာ ဗင်ဆင့်လည်းပါလိမ့်မယ်၊
ဗင်ဆင့်ဟာနယ် သာလန်ကထွက်လာပြီး  ပြင်သစ်မှာအခြေချတယ်၊ ဘာသာရေး တရားဟောဆရာဘ၀ကနေ ဆင်းရဲသားတွေကယ်တင်ရင်း ရှင်သန်ကြပါဆိုတဲ့ သူ့ စကားတွေဟာ ဘာသာရေး အစွန်းရောက်တယ်ဆိုပြီး တရားဟောဆရာအဖြစ်ကနေ ထုတ်ပါယ်ခြင်းခံလိုက်ရတယ်.။

ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်လာသော ဥက္ကာခဲများ

၂၀၁၈ ဇွန်လ (၁) ရက် (သောကြာနေ့) ညက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဘက်မှာ ဥက္ကာခဲတစ်လုံး ပြုတ်ကျခဲ့ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အချို့သူများလည်း မြင်တွေ့ခဲ့ကြပါတယ်။ ဥက္ကာခဲ ရှာဖွေတဲ့ အဖွဲ့ကတော့ ယူနန်ပြည်နယ်က ရွာတစ်ချို့မှာ ဥက္ကာခဲ အပိုင်းအစတွေကို ဇွန်လ (၂) ရက်နေ့မှာ ရှာဖွေနိုင်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ဥပဒေအရ အဆိုပါ ကောင်းကင်မှ ကျလာတဲ့ အရာဝထ္ထုဟာ နိုင်ငံပိုင်ဖြစ်ပြီး ကောက်ယူရရှိသူများကိုလည်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်လေ့ရှိပါတယ်။

ဥက္ကာခဲတွေဟာ အာကာသအတွင်းမှာ ရွေ့လျားတည်ရှိနေကြတဲ့ ဂြိုဟ်ပဲ့ များဖြစ်ပါတယ်။ နေအဖွဲ့အစည်းအတွင်းက အင်္ဂါဂြိုဟ် (မားစ်) နဲ့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) အကြားမှာ အရွယ်အစားစုံတဲ့ ဂြိုဟ်ပဲ့များဟာ ခါးပတ်ကွင်းတစ်ခုလို ပိုင်းခြားထားပြီး နေ ကို လှည့်ပတ်နေတာဖြစ်ပါတယ်။ ဂျုပီတာဂြိုဟ်ရဲ့ ကြီးမားတဲ့ ဆွဲအားနှောင့်ယှက်မှုကြောင့် ဂြိုဟ်တစ်ခုအသွင် မရောက်ရှိပဲ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များ အဖြစ်သာ တည်ရှိနေကြပြီး.. ဂျူပီတာက ပြန်ဆွဲထားလို့သာ နေ ဘက်ကို လွတ်ထွက်မသွားတာ ဖြစ်ပါတယ်။ (ပုံ)

ဒါပေမယ့်လည်း.. ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များဟာ များပြားလွန်းတဲ့အတွက်.. အချို့သော ဂြိုဟ်ပဲ့များဟာ လွတ်ထွက်လာကြပြီး ဆွဲအားကြီးမားတဲ့ နေ ရှိရာဘက်ကို ရောက်ရှိလာကြပါတယ်။ အဲ့ဒီ့ လမ်းကြောင်းမှာတော့.. ကမ္ဘာ အပါအဝင် အတွင်းဂြိုဟ်များဖြစ်ကြတဲ့ မာကျူရီ၊ ဗီးနပ်စ် နဲ့ မားစ် ဂြိုဟ်တို့ ရှိနေတဲ့အတွက် လွတ်ထွက်လာတဲ့ အဆိုပါ ဥက္ကာခဲများနဲ့ မကြာခဏဆိုသလို ဝင်တိုက်မိတတ်ကြပါတယ်။

Google Earth မှာ ကမ္ဘာ့နေရာတိုင်းရဲ့ အကွာအဝေးနဲ့ ဧရိယာတိုင်းနိုင်ပြီ


Google ဟာ ကမ္ဘာပေါ်က နေရာတိုင်းရဲ့ အကွာအဝေးနဲ့ ဧရိယာကို လွယ်ကူတိကျစွာ တွက်ပေးနိုင်မယ့် Feature သစ်တမျိုးကို Googl Earth အတွက် စတင်ထုတ်ပေးလိုက်ပါပြီ။

တနင်္လာနေ့က စတင်ထုတ်ပေးခဲ့တဲ့ ယခု Feature ကနေ Google Earth အသုံးပြုသူတဦးအနေနဲ့ ကမ္ဘာပေါ်က ကြိုက်တဲ့နေရာတခုနဲ့ တခုအကွာအဝေးကို အလွယ်တကူ Point ချ တိုင်းတာနိုင်မှာဖြစ်ပါတယ်။ Point နှစ်ခုတည်းမဟုတ်ဘဲ ကြိုက်သလောက် Point ချ၊ တိုင်းတာနိုင်တာဖြစ်တာကြောင့် သင့်အိမ်နားက ပန်းခြံ ဒါမှမဟုတ် ရှော့ပင်းမောလ်ရဲ့ ဧရိယာအကျယ်အဝန်းကိုလည်း အလွယ်တကူတွက်နိုင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၅၀ မှ ကမ္ဘာ့သက်တမ်းအရင့်ဆုံး တိရိစ္ဆာန်ခြေရာ ရှာဖွေတွေ့ရှိ

ကမ္ဘာ့သက်တမ်းအရင်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်း တိရိစ္ဆာန်ခြေရာတွေကို တရုတ်နိုင်ငံတောင်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ခြေရာတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၅၀ ဝန်းကျင်မှာ ရှင်သန်နေထိုင်ခဲ့တဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ခြေရာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဇွန်လ ၇ ရက်မှာ ပြောခဲ့ပါတယ်။

ရှာဖွေတွေ့ရှိရတဲ့ ခြေရာအနေအထားအရ ကမ္ဘာပေါ်မှာ အစောဆုံး ရှင်သန်နေထိုင်ခဲ့တဲ့ ခြေချောင်းများနဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ ခြေရာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်သိပ္ပံပညာရှင်အဖွဲ့ရဲ့ ယခုတွေ့ရှိမှုကို Science Advances ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ခြေရာပိုင်ရှင် တိရိစ္ဆာန်မှာ ခြေနှစ်ချောင်း သို့မဟုတ် ခြေချောင်းအချို့ ရှိနိုင်မှုကိုတော့ သိပ္ပံပညာရှင်တွေက အသေအချာ မသိနိုင်သေးပါဘူး။ သို့သော် ခြေရာတွေဟာ တွားသွားသတ္တဝါတစ်ကောင်ရဲ့ ခြေရာဖြစ်နိုင်ဖွယ်ရှိတယ်လို့ ၎င်းတို့က ပြောပါတယ်။

တံတားကြီးများ တည်ဆောက်ကြပုံများ

အလွန်ကြီးမားလှတဲ့ တံတားကြီးများ တည်ဆောက်နေကြပုံ လုပ်ငန်းခွင်ပုံရိပ်များ ဖြစ်ပါတယ်။ ခေတ်မှီနည်းပညာများဖြင့် အဆင့်ဆင့်တည်ဆောက်ကြပုံများမှာ အံ့သြဖွယ်ကောင်းလှပါတယ်။

ကျည်ဆံခွံများဖြင့် ဖန်တီးထားသော ရုပ်တုများ

ကျည်ဆံဆိုသည်နှင့် သတ္တ၀ါအပေါင်းကို အသက်ချွေမယ့် အရာအဖြစ် မြင်ယောင်တတ်ကြပါတယ်။ ဒါပေမယ့် ထိုကျည်ဆံခွံများကို အနုပညာဖြင့် ပေါင်းစပ်လိုက်တဲ့အခါ တစ်မူထူးတဲ့ ရုပ်ပုံများအဖြစ် ပြောင်းလဲတွေ့မြင်ရစေမှာ ဖြစ်ပါတယ်။

လှည့်စားထားသော ဓာတ်ပုံများ (၅)

အမြင်အာရုံကို လှည့်စားထားသည့် ပုံလေးများကို တင်ပေးချင်ပါတယ်။
တစ်ချို့ပုံလေးတွေက သေခြာကြည့်ယူရအောင် ကောင်းပါတယ်။

အနုစိတ် လက်ရာမြောက်လှသော ခဲသားပန်းပုရုပ်ကလေးများ (၇)

သေးငယ်တဲ့ ခဲတံခဲသားများပေါ်မှာ အနုစိတ်လက်ရာမြောက် ပန်းပုရုပ်ကလေးများအကြောင်း ယခင်က တင်ပေးဖူးပါတယ်။ ယခုလည်း Jasenko Dordevic ရဲ့ အနုစိတ် လက်ရာမြောက် ပန်းပုလေးများကို စုစည်း တင်ပေးလိုက်ပါတယ်။ သူရဲ့ ပန်းပုရုပ်လေးများကို အပြင်မှာ ကောင်းကောင်းကြည့်လိုရင် မှန်ဘီလူးတစ်လက်တော့ လိုပါတယ်။

Related Posts Plugin for WordPress, Blogger...