Sunday, August 5, 2018

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၅၀ မှ ကမ္ဘာ့သက်တမ်းအရင့်ဆုံး တိရိစ္ဆာန်ခြေရာ ရှာဖွေတွေ့ရှိ

ကမ္ဘာ့သက်တမ်းအရင်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်း တိရိစ္ဆာန်ခြေရာတွေကို တရုတ်နိုင်ငံတောင်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ခြေရာတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၅၀ ဝန်းကျင်မှာ ရှင်သန်နေထိုင်ခဲ့တဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ခြေရာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဇွန်လ ၇ ရက်မှာ ပြောခဲ့ပါတယ်။

ရှာဖွေတွေ့ရှိရတဲ့ ခြေရာအနေအထားအရ ကမ္ဘာပေါ်မှာ အစောဆုံး ရှင်သန်နေထိုင်ခဲ့တဲ့ ခြေချောင်းများနဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ ခြေရာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်သိပ္ပံပညာရှင်အဖွဲ့ရဲ့ ယခုတွေ့ရှိမှုကို Science Advances ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ခြေရာပိုင်ရှင် တိရိစ္ဆာန်မှာ ခြေနှစ်ချောင်း သို့မဟုတ် ခြေချောင်းအချို့ ရှိနိုင်မှုကိုတော့ သိပ္ပံပညာရှင်တွေက အသေအချာ မသိနိုင်သေးပါဘူး။ သို့သော် ခြေရာတွေဟာ တွားသွားသတ္တဝါတစ်ကောင်ရဲ့ ခြေရာဖြစ်နိုင်ဖွယ်ရှိတယ်လို့ ၎င်းတို့က ပြောပါတယ်။


ခြေရာတွေကို တရုတ်တောင်ပိုင်းရှိ Yangtze Gorges ဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅၁ သန်းနဲ့ ၅၄၁ သန်းကြား သက်တမ်းရှိနိုင်တယ်လို့ဆိုပါတယ်။ ယခင်က ကမ္ဘာ့သက်တမ်းအရင့်ဆုံး ခြေရာများမှာ နှစ်သန်းပေါင်း ၅၄၀ နဲ့ ၅၃၀ ကြားအဖြစ် သတ်မှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ယခု အသစ်တွေ့ရှိရတဲ့ ခြေရာတွေက နှစ်ပေါင်း ၁၀ သန်းအထိ ပိုမိုသက်တမ်းရင့်နိုင်ကြောင်း ရှာဖွေတွေ့ရှိမှု အစီရင်ခံစာကို ပူးပေါင်းရေးသားခဲ့သူ Chinese Academy of Sciences မှ Zhe Chen က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
Credit:duwun

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...