Saturday, December 29, 2012
ကမ္ဘာ့အနုပညာ လက်ရာအမြောက်ဆုံး အလှပဆုံး ငွေစက္ကူ ဆယ်ရွက်
ဒေးဗစ်စတန်းဒစ် ဆိုတဲ့ ပညာရှင်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေရဲ့ ငွေကြေးတွေရဲ့ ဒီဇိုင်းတွေကို လိုက်လံ စုစည်း လေ့လာပြီး "The Art of Money" (ငွေစက္ကူများ၏ အနုပညာ) ဆိုတဲ့ စာအုပ်ကို ရေးခဲ့ပါတယ်။
သူ့စာအုပ်ထဲမှာ ပါတဲ့ ကမ္ဘာ့အနုပညာ လက်ရာအမြောက်ဆုံး အလှပဆုံး ငွေစက္ကူ ဆယ်ရွက်ကို စုစည်းတင်ပြလိုက်ပါတယ်။ အဆင်ပြေသလို စီစဉ်ထားတာ ဖြစ်ပြီး အလှပဆုံး အစဉ်လိုက်တော့ မဟုတ်ပါဘူး။ နိုင်ငံအမည်နဲ့ ငွေအမျိုးအစားကို ယှဉ်တွဲ ဖော်ပြထားပါတယ်။ (အသံထွက်များ လွဲခဲ့သော် ခွင့်လွှတ်ပါ)
ပြင်သစ်-ပစိဖိတ် ကျွန်းစုများ (ဖရန့်)
မြူဆိုင်းတဲ့  ဒူဘိုင်းမှာ
အလွန်တစ်ရာပူပြင်းခြောက်သွေ့ လှသည့် ဒူဘိုင်းရဲ့ ကမ္ဘာကျော်နွေရာသီကာလကြီးကုန်ဆုံး
လွန်မြောက်ခဲ့ လေပြီ...
နှစ်စဉ်နှစ်တိုင်း ဤအချိန်သို့ ရောက်လျှင် နွေနှောင်းလွန်မြောက် ဆောင်းမပီ၊မိုးမကျ ထိုစပ်ကူး
မတ်ကူးကာလ၏ သဘောသရုပ်အဖြစ် မြူတို့ ဝေတတ်သည်မို့ ယခုနှစ်လည်း အစဉ်အလာမ
ပျက် မြူဆိုင်းတဲ့ ဒူဘိုင်းမှာ မြင်ကွင်းလေးဖြစ်တည်လာခဲ့ ပုံကို ဂျာမန်ဓါတ်ပုံဆရာက အမိအရ
အလှအပအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့ ပါတယ်...
ထို့ ကြောင့် ဤအရာကို...အချစ်ဟုခေါ်ပါသည်
ကျော်သက်မိန်းကလေး၊ ဘရာဇီးလ်နိုင်ငံသူကလေး ယ်လစ်နီ ဒါကုစ်ဆေးလ်ဗာ ဟာ သူမ
ဒို ဒါဆေးလ်ဗား ကာဗယ်လ်ဟို နှင့် လက်ချင်းချိတ်ကာ လျှောက်လှမ်း လျှက် ချစ်သူကိုအနမ်းပန်း
ချွေဖို့ ခါးကိုင်းကာ ခေါင်းငုံ့ မွှေးကြူခဲ့ ပါတယ်....
ဘရာဇီးလ်နိုင်ငံ၊ဆာလီနိုပိုလစ် အရပ်မှဆယ်ကျော်သက်မိန်းကလေး အနေဖြင့် သူမ၏ဦးနှောက်
အတွင်း အကြိတ်ကြောင့် မရပ်မနားထွားကြိုင်းလာနေသည့် အတွက် ခန္ဓာကိုယ်မတန်တစ်ဆကြီး
မားကာအရပ်လည်းအလွန်ရှည်လျားနေရပါတယ်...
The height of passion: Brazil's tallest teen, Elisany da Cruz 
Silva with her boyfriend, Francinaldo da Silva Carvalho in Salinopolis, 
Brazil
ကိုယ်ကတော့ မြင့် မြင့် ကိုပဲကြိုက်တယ်... အမြင့် ကိုပဲမှန်းတယ်...
ချစ်ခြင်းနဲ့ သက်သေတည်.... အချစ်သာလျှင်ပဓာန...
နှင်းဇီးကွက်တို့ လျှောစီးကျင့်ချိန် အလှပဆုံးမြင်ကွင်း၏ အထိမိဆုံးရိုက်ချက်
ကနေဒါနိုင်ငံ၏ ဒုတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်သည့် မောင့်ရီးရဲလ်မြို့သည် ရေခဲအမှတ်အောက် ဒီဂရီများစွာ ကျဆင်းသည့် အလွန်အေးသော ရာသီဥတုကို ပိုင်ဆိုင်ထားသည်။ အဆိုပါဒေသတွင် ကမ္ဘာ့ရှားပါး မျိုးစိတ်တစ်ခုဖြစ်သည့် နှင်းဇီးကွက်များ နေထိုင်ကြသည် ဟုသိရသည်။
ကမ္ဘာ့အ၀ဆုံး မော်ဒယ်များကိုသာ ဓာတ်ပုံရိုက်လိုသူ
အမေရိကန်ပြည်ထောင်စု အီတလီလူမျိုး ဓာတ်ပုံဆရာ အသက်၃၆နှစ်အရွယ်ရှိ ယိုဆီလိုလှိုင်းသည် အများနှင့်မတူ တမူထူးခြားစွာ အ၀လွန်နေသော အမျိုးသမီးများအား ကိုယ်ဟန်ပြမယ်အဖြစ် အသုံးပြုကာ သူ၏၀ါသနာအတိုင်း ဓာတ်ပုံများရိုက်ယူ၍ ပြခန်းတစ်ခု ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ဓာတ်ပုံဆရာက ၀နေသော အမျိုးသမီးများ၏ အလှကိုပေါ်လွင်ရန်နှင့် အများပြည်သူတို့မှ အသစ်အဆန်း တစ်ရပ်အနေဖြင့် ကြည့်ရှုရန် ထိုကဲ့သို့ဓာတ်ပုံများ စုဆောင်းရိုက်ကူးခြင်း ဖြစ်သည်ဟုဆိုသည်။
ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံး ခွေးကလေး
ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အမျိုးသမီးတစ်ဦး မွေးမြူထားသော ချီဟွားဟွားအနွှယ်ဝင် ခွေးကလေးမှာ ယခုအခါ ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံး ခွေးငယ်ကလေးအဖြစ် စံချိန်တင်ခဲ့ပြီဖြစ်သည်။
မက္ကဆီကိုမြောက်ပိုင်း၌ ဂြိုဟ်သားဦးခေါင်းခွံသဏ္ဌာန် တူးဖော်တွေ့ရှိ
မက္ကဆီကိုနိုင်ငံ အိုနေးဗတ်စ် ကျေးရွာအနီးတွင် လွန်ခဲ့သောနှစ် ၁၀၀၀ခန့်ကဟု ယူဆရသော အရိုးစုတစ်စုံနှင့် ဦးခေါင်းခွံတစ်ခုကို ဘူမိဗေဒနှင့် ရှေးဟောင်း သုတေသီများက တူးဖော်တွေ့ရှိခဲ့ပြီး အဆိုပါဦးခေါင်းခွံမှာ လူဦးခေါင်းခွံနှင့် ကွဲပြားခြားနားသည့် ပုံသဏ္ဌာန်ရှိကာ ဟောလိဝုဒ်ဒါရိုက်တာ ရစ်ဒလေစကော့ဒ်၏ ရုပ်ရှင်ဇာတ်ကားထဲမှ ဂြိုဟ်သား၏ဦးခေါင်း ခွံကဲ့သို့ဖြစ်နေသည်ကို တွေ့ရှိရသည်။
ကမ္ဘာ့အဆိပ်ပြင်းဆုံးြွေမ၏ဥများကို ကြက်ဥနှင့် မှားယွင်းစုဆောင်းသည့် ကလေး
သြစတြေးလျနိုင်ငံမှ အသက်သုံးနှစ်အရွယ်ရှိ ကလေးတစ်ဦးသည် ကမ္ဘာ့အဆိပ်ပြင်းဆုံးြွေမစာရင်းဝင် အီစတန်ဘရောင်ြးွေမဥများကို ၄င်း၏ အိပ်ခန်းတွင်း ယူဆောင် သိမ်းဆည်းထားခဲ့ရာ ကံကောင်းထောက်မ၍ြွေမအန္တရာယ်မှ ကင်းလွတ်ခဲ့ကြောင်း APသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံရှိ စစ်အေးကာလက တည်ဆောက်ခဲ့သော ကတုတ်ကျင်းကြီးကို ဇိမ်ခံနိုက်ကလပ်အဖြစ် အသုံးပြု
ရုရှားနိုင်ငံမော်စကို မြို့လယ်ရှိ ကရင်မလင် ရင်ပြင်အနီး မြေအောက်၁၈၄ပေ အနက်၌ တည်ဆောက်ထားသော ကတုတ်ကျင်းအမှတ် ၄၂ကိုယခုအခါ ၂၄နာရီဖွင့်လှစ်သည့် ဇိမ်ခံနိုက်ကလပ် အဖြစ်ပြောင်းလဲ အသုံးပြုမည်ဟု သိရသည်။ အဆိုပါကတုတ်ကျင်းကို ၁၉၅၆ခုနှစ်က တည်ဆောက်ခဲ့ပြီး ထိုစဉ်က ရုရှားစစ်ခေါင်းဆောင်များ၊ နျူကလီးယားဗုံး တိုက်ခိုက်မှုအန္တရာယ်မှ ရှောင်တိမ်းခိုအောင်းနိုင်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။ အဆိုပါကတုတ်ကျင်းထဲ၌ လူပေါင်း၃၀၀ခန့် သက်သောင့် သက်သာနေနိုင်ပြီး ထိုနေရာသို့ ရောက်ရှိဖို့ရန်အတွက် မြေအောက်သို့ ဓာတ်လှေကားဖြင့် ၁၈ထပ်ဆင်းရမည် ဟုသိရသည်။
ကမ္ဘာမြေဆွဲအားဖြင့် အလင်းရောင်ပေးသွားမည့်မီးအိမ်
ကမ္ဘာမြေဆွဲအားကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူထားသည့် မီးအိမ်တစ်မျိုးကို ဗြိတိန်ကုမ္ပဏီတစ်ခုက စတင်တီထွင်လိုက်ပါပြီ။ အဆိုပါမီးအိမ်ပေါင်း ၁၀၀၀ခန့်ကို အိန္ဒိယနှင့် အာဖရိကတို့ကဲ့သို့ လျှပ်စစ်ဓာတ်အား အရေးပေါ် လိုအပ်နေသည့် ဒေသများသို့ အခမဲ့ဝေငှ ပေးသွားမည်သို့ ဟုသိရသည်။
Related Posts Plugin for WordPress, Blogger...