Saturday, December 29, 2012

မက္ကဆီကိုမြောက်ပိုင်း၌ ဂြိုဟ်သားဦးခေါင်းခွံသဏ္ဌာန် တူးဖော်တွေ့ရှိ


မက္ကဆီကိုနိုင်ငံ အိုနေးဗတ်စ် ကျေးရွာအနီးတွင် လွန်ခဲ့သောနှစ် ၁၀၀၀ခန့်ကဟု ယူဆရသော အရိုးစုတစ်စုံနှင့် ဦးခေါင်းခွံတစ်ခုကို ဘူမိဗေဒနှင့် ရှေးဟောင်း သုတေသီများက တူးဖော်တွေ့ရှိခဲ့ပြီး အဆိုပါဦးခေါင်းခွံမှာ လူဦးခေါင်းခွံနှင့် ကွဲပြားခြားနားသည့် ပုံသဏ္ဌာန်ရှိကာ ဟောလိဝုဒ်ဒါရိုက်တာ ရစ်ဒလေစကော့ဒ်၏ ရုပ်ရှင်ဇာတ်ကားထဲမှ ဂြိုဟ်သား၏ဦးခေါင်း ခွံကဲ့သို့ဖြစ်နေသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် အခိျု့ကအဆိုပါ အရိုးစုနှင့်ဦးခေါင်းခွံမှာ ဂြိုဟ်သားတစ်ယောက်၏ အလောင်းမှြွကင်းကျန်ရစ်ခြင်းဟု ယူဆကြသော်လည်း မက္ကဆီကိုအစိုးရ ရှေးဟောင်းသုတေသီများက ၎င်းဒေသတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက မာယာလူမျိုးတို့ နေထိုင်ခဲ့ကြပြီး ၎င်းတို့ယဉ်ကျေးမှုအရ ကလေးသူငယ်များ၏ ဦးခေါင်းကို ရိုးရာနည်းများဖြင့် ပုံပြောင်းမွမ်းမံတတ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းမှာ မက္ကဆီကိုမြောက်ပိုင်းမှာ အစဦးနေထိုင်သူများမှာ ရိုးရာယဉ်ကျေးမှု ရောနှောနေကြပြီး လူမျိုးစုံအခြေချ နေထိုင်ခဲ့ရာဒေသကြီးဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်ဟု သုတေသီများက ပြောဆိုခဲ့သည်။
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...