Saturday, December 29, 2012

ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံး ခွေးကလေး


ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အမျိုးသမီးတစ်ဦး မွေးမြူထားသော ချီဟွားဟွားအနွှယ်ဝင် ခွေးကလေးမှာ ယခုအခါ ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံး ခွေးငယ်ကလေးအဖြစ် စံချိန်တင်ခဲ့ပြီဖြစ်သည်။
အဆိုပါလေစီခေါ် ခွေးငယ်ကလေးမှာ ကိုးပတ်သားအရွယ်ရှိပြီး ခေါင်းမှ အမြီးဖျားအထိ ခြောက်လက်မသာရှိ၍ အလေးချိန်မှာ ၄၂၀သာရှိ၍ (ကော်ဖီမစ်အထုပ်သေး ၂၀ထုပ်စာအလေးချိန်နှင့် ညီမျှသည်)သာရှိကာ ထို့ထက်ပို၍ ကြီးထွားရန် မရှိတော့ကြောင်း တိရစ္ဆာန်ကျွမ်းကျင်သူ ပညာရှင်များက ပြောကြားသည်။ အဆိုပါ ခွေးငယ်ကလေး၏ ပိုင်ရှင်ဖြစ်သူ အသက်၄၁နှစ်အရွယ် အမျိုးသမီး ရှယ်ရွန်ဂျွန်စတုန်းဆိုသူသည် ခွေးမလေးလေစီအား အ၀တ်ဝတ်ပေးရန်အတွက် ကလေးခြေအိတ်တစ်ဖက်ကို အသုံးပြုခဲ့ရကြောင်း ကာယကံရှင်ကပြောဆိုခဲ့ပြီး အဆိုပါခွေးမလေးမှာ ဗြိတိန်နိုင်ငံတွင် အသေးငယ်ဆုံး ခွေးကလေးအဖြစ် သတင်းဌာနများက ရေးသား ဖော်ပြကြသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...