Wednesday, August 1, 2012

မျက်နှာမှ အကျိတ်ပေါင်း ၇၀ကို ဖယ်ရှားပြီးနောက် တရုတ်အမျိုးသမီး ပြန်လည်ကျန်းမာလာ







မျက်နှာတွင် အကျိတ်ပေါင်း၇၀  ကြီးထွားနေသောကြောင့် ထူးဆန်းသော သတ္တ၀ါကြီးကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော တရုတ်အမျိုးသမီးတစ်ဦးကို တရုတ်ဆေးရုံတစ်ရုံက အခမဲ့ ကုသပေးခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း DMသတင်းဌာနက ဇူလိုင်လ ၁၈ရက်နေ့တွင် ဖော်ပြခဲ့သည်။ လီဟောင်ဖန် (၄၀နှစ်)သည် အရေပြားအောက်ရှိ တစ်သျှူးများကို ကြီးထွားစေ သော ရှားရှားပါးပါး အရိုးကင်ဆာရောဂါ တစ်မျိုးကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ သူသည် ခွဲစိတ်ကုသရန် မတတ်နိုင်သောကြောင့် Chordomaဟုခေါ်သော ရောဂါကို ဆယ်စုနှစ်တစ်ခု ကျော်အောင် ခံစားခဲ့ရသည်။ ယင်းနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်စီပြည်နယ်၊ မြို့တော်စီယန်းမြို့မှ ဆေးရုံကသူ့အား အခမဲ့ကုသပေးကာ အကျိတ်များကို ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။ ကုသစရိတ်မှာ အမေရိကန် ဒေါ်လာ၉၀,၀၀၀ ကုန်ကျမည်ဖြစ်သော် လည်း ခွဲစိတ်ကုသမှုကို ဆေးရုံက အခမဲ့ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ရှန်စီပြည်နယ်ရှိ ရှန်ချောင်းရွာမှ လီဟောင်ဖန်သည် ယခုအခါ ပုံမှန်ဘ၀အတိုင်း နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
 

သစ်တော်သီးအရွယ် ကဏန်းများ သန်းနှင့်ချီလျက် ဟာဝိုင်အီကမ်းခြေ၌ လာရာက်သောင်တင်



ဇူလိုင်လ ၁၉ရက်က သစ်တော်သီးအရွယ် ကဏန်းများသည် သန်းနှင့်ချီလျက် ဟာဝိုင်အီအပန်းဖြေကမ်းခြေတွင် လာရောက်သောင်တင်ခဲ့ကြောင်း သိရသည်။ ထူးခြားသည့် သစ်တော်သီးအရွယ် ကဏန်းများသည် ခရမ်းရောင်ရောင်ရှိပြီး ဟိုနိုလူလူမြို့ အွာဟူ ကမ်းခြေတစ်လျှောက် သောင်တင်နေခြင်းဖြစ်သည်။သောင်တင်နေသည့် ကဏန်းအများစုမှာ သေဆုံးနေပြီးသား သို့မဟုတ် သေခါနီးဆဲဆဲဖြစ်သည် ဟုဆိုသည်။ ယင်းကဏန်းများကို ပညာရှင်များက စစ်ဆေးပြီးနောက် ယင်းထူးခြားသည့် ကဏန်းများမှာ ၇-၁၁ကဏန်းမျိုး ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ref: ပြည်မြန်မာ

ကမ္ဘာ့ထိတ်လန့်ဖွယ် အကောင်းဆုံး ဟိုတယ်



အဲလ်ပ်တောင်တန်း အစွန်းပေပေါင်းး ၁၀၀၀အမြင့်၌့် တည်ဆောက်ထားသော ဟိုတယ်တစ်ခုကို ဇူလိုင်လ၁၇ရက်နေ့တွင် တရားဝင်ဖွင့်လှစ်လိုက် ကြောင်းသိရသည်။ ယင်းကိုအီတလီနိုင်ငံ မောင့်ဘလန့်တောင်ကြား၌ တည်ဆောက်ထားခြင်းဖြစ်ပြီး အဖြူနှင့်အနီစပ်ကျား သတ္တုများဖြင့် ပြုလုပ်ထားကာ မောပန်းးလာသော တောင်တက်သမား ၁၂ ဦးတပြိုင်နက် တည်းခိုနိုင်သည် ဟုဆိုသည်။ အဆိုပါ ဟိုတယ်တွင် သစ်သားခုတင်များ၊ မီးဖိုခန်းတစ်ခု၊ ညစာစားခန်း၊ သိုလှောင်ခန်းတို့အပြင် ဧည့်ခန်းတစ်ခန်းလည်း ပါဝင်သည်ဟုဆိုသည်။ ၎င်းအပြင် ဖရိုင်ဘူဇီ ရေခဲပြင်ရှုခင်းကို ကြည့်မြင်နိုင်သည် ဟုဆိုသည်။ ယခုဟိုတယ်၌ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုမည်ဖြစ်ပြီး ယင်းက၁၉၈၄ခုနှစ်တွင် တည်ဆောက်ထားခဲ့သည့် စုတ်ချာချာသစ်သား တဲကလေးနေရာကို အစားယူလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းကို အီတလီအဲလ်ပိုင်းကလပ်က တည်ဆောက်စေခဲ့ပြီး ယူရိုငွေ ၂၅၀,၀၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။
ref: ပြည်မြန်မာ
 
Related Posts Plugin for WordPress, Blogger...