

မျက်နှာတွင် အကျိတ်ပေါင်း၇၀ ကြီးထွားနေသောကြောင့် ထူးဆန်းသော သတ္တ၀ါကြီးကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော တရုတ်အမျိုးသမီးတစ်ဦးကို တရုတ်ဆေးရုံတစ်ရုံက အခမဲ့ ကုသပေးခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း DMသတင်းဌာနက ဇူလိုင်လ ၁၈ရက်နေ့တွင် ဖော်ပြခဲ့သည်။ လီဟောင်ဖန် (၄၀နှစ်)သည် အရေပြားအောက်ရှိ တစ်သျှူးများကို ကြီးထွားစေ သော ရှားရှားပါးပါး အရိုးကင်ဆာရောဂါ တစ်မျိုးကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ သူသည် ခွဲစိတ်ကုသရန် မတတ်နိုင်သောကြောင့် Chordomaဟုခေါ်သော ရောဂါကို ဆယ်စုနှစ်တစ်ခု ကျော်အောင် ခံစားခဲ့ရသည်။ ယင်းနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်စီပြည်နယ်၊ မြို့တော်စီယန်းမြို့မှ ဆေးရုံကသူ့အား အခမဲ့ကုသပေးကာ အကျိတ်များကို ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။ ကုသစရိတ်မှာ အမေရိကန် ဒေါ်လာ၉၀,၀၀၀ ကုန်ကျမည်ဖြစ်သော် လည်း ခွဲစိတ်ကုသမှုကို ဆေးရုံက အခမဲ့ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ရှန်စီပြည်နယ်ရှိ ရှန်ချောင်းရွာမှ လီဟောင်ဖန်သည် ယခုအခါ ပုံမှန်ဘ၀အတိုင်း နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။