Monday, August 6, 2012

ကန္တာရအလယ်ရှိ ဧရာမအပေါက်ကြီးအတွင်း မီးလောင်ကျွမ်းနေခဲ့သည်မှာ နှစ်ပေါင်း၄၀ကျော်ခဲ့ပြီ






ရုတ်တရက်ကြည့်လိုက်ပါက စိတ် ကူးယဉ်သိပ္ပံရုပ်ရှင်ကားထဲမှ မြင်ကွင်းတစ်ခုအလား ထင်ရသည်။ ကာရာကမ် ကန္တာရအလယ်ရှိ ဧရာမအပေါက်ကြီးအတွင်း ဖြစ်ပေါ်နေသော မီးတောက်ကြီးမှာ တခြားဂြိုဟ်ကမ္ဘာမှနေ၍ ကမ္ဘာမြေအား စစ်ခင်းပြီးနောက်မြင်တွေ့ရသည့်မြင်ကွင်း မဟုတ်ပါ။ လွန်ခဲ့သည့် နှစ်ပေါင်း၄၀ကျော်က ဘူမိဗေဒပညာရှင်များသည် အဆိုပါတွင်းကြီးကို တူးခဲ့ကြပြီး မီးရှို့ခဲ့ရာမှ ထိုမီးသည် ယနေ့တိုင် လောင်ကျွမ်းနေခြင်းဖြစ်သည်။ တာ့ခ်မင်နစ္စတန်နိုင်ငံ ဒါဝီဇီဒေသ၌ အဆိုပါတွင်းကြီး တည်ရှိခြင်းဖြစ်သည်။ အချင်း၇၀မီတာ(ပေ၂၃၀ခန့်)ရှိသော အဆိုပါတွင်းကြီးအတွင်း တောက်လောင်နေသော မီးတောက်ကြီးက ကောင်းကင်တစ်ခွင်ကို ထိန်ထိန်ညီးစေသည်။ ၁၉၇၁ခုနှစ်က ဆိုဗီယက်ယူနီယံမှ ဘူမိဗေဒပပညာရှင်များသည် လေ့လာရေးအတွက် အဆိုပါတွင်းကြီးကိုတူးခဲ့ရာ သဘာဝဓာတ်ငွေ့များ ထွက်ရှိလာသည်။ သို့သော် ယင်းမြေပြင်အောက်မှ တွင်းတူးကိရိယာသည် ပျက်စီးသွားပြီး အချင်း၇၀ မီတာရှိသော တွင်းကြီးသာ ကျန်ရစ်သည်။ သူတို့သည်အဆိပ်ငွေ့များကို မီးရှို့ခဲ့ပြီး ဓာတ်ငွေ့ကုန်ခန်းကာ ရက်ပိုင်းအတွင်း မီးငြိမ်းသွားမည်ဟု ထင်ခဲ့ကြသော်လည်း ထိုမီးသည်ယနေ့တိုင် တောက်လောင်နေခြင်းဖြစ်သည်။
အဆိုပါနေရာသည် တာ့ခ်မင်နစ္စတန် မြို့တော်အက်ရှ် ဂါဘက်မြောက်ဘက်၂၆၀ကီလိုမီတာအကွာ၌ တည်ရှိသည်။ ၂၀၁၀ပြည့်နှစ် ဧပြီလက တာ့ခ်မင်နစ္စတန်သမ္မတ ဂါဘန်းဂူလီဘာ ဒီမူဟန်မီဒိုးသည် ယင်းဒေသသို့ ရောက်ရှိလာပြီး အဆိုပါတွင်းကြီးကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သော်လည်း တွင်းကြီးသည်မီးလောင်လျက် ယနေ့တိုင်တည်ရှိနေသည်။
Ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...