Friday, October 20, 2017

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၂)

Denny Kurien ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေးများနဲ့ စွမ်းအားရှင် စူပါဟီးရိုးကာတွန်းပုံလေးများကို ပေါင်းစပ်ဖန်တီးထားခြင်းပါ။

ဝက်အူရစ်လေးများဖြင့် ဖန်တီးထားသော ရုပ်ကြွပုံကြီးများ (၂)

အမေရိကန် အနုပညာရှင် Bruce Mackley ၏ အံ့မခန်းလက်ရာမြောက် ဖန်တီးထားပုံများပါ။ ပုံတစ်ပုံအတွက် နှစ်သောင်းကျော်သော ၀က်အူရစ်များကို အသုံးပြုကာ ရုပ်ပုံများကို စိတ်ကူးဆန်းဆန်းဖြင့် ပြုလုပ်ထားခဲ့ပါသည်။ ၀က်အူရစ်များကို အတိုအရှည် လိုသလို အရောင်သွင်း ဖန်တီးလိုက်သည့်အခါ အသက်ဝင်လှသော ရုပ်ကြွ 3D ပုံများ ဖြစ်သွားပါသည်။ သူ၏ ဖန်တီးမှုများကို ကြည့်လိုက်ရအောင်ဗျာ…

အမှတ်တမဲ့ အလွဲများ ( ၉၀ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ 
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
နေရာချတတ်ရင် အစဉ်ပြေပါတယ်...

ရားးးး နင်းထားကွ

ပိတ်ချင်းမြောင် မဟာနန္ဒာမူလှိုဏ်ဂူတော်

“ချောင်း ၊ ချောက် ၊ ဂူ ၊ မြောင်
သုံးတွင်းတောင် သုံးအောင်ရေတံခွန်
ကံထူးထွဋ်ခေါင် ပိတ်ချင်းမြောင်
အောင်မြေနတ်လမ်းညွန်”
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့ရောက်ဖူးသူတိုင်း သွားရောက်လည်ပတ်၍ ဘုရားများဖူးမျှော်နိုင်သော အထင်ကရနေရာ တစ်ခုမှာ ပိတ်ချင်းမြောင် မဟာနန္ဒမူလှိုဏ်ဂူတော် ဖြစ်ပါသည်။

ပိတ်ချင်းမြောင် မဟာနန္ဒမူလှိုဏ်ဂူတော်ကြီးသည် ပြင်ဦးလွင်မြို့၏အရှေ့ဘက် (၁၂)မိုင် ပြင်ဦးလွင် လားရှိုးလမ်းမပေါ် ရှိ ၀က်ဝံကျေးရွာမှ တောင်ဘက် ၂ မိုင်ခန့်တွင် တည်ရှိပါသည်။

နယ်သာလန်နိုင်ငံ မှ ကမ္ဘာ့အကြီးဆုံး ပန်းဥယျာဉ်ကြီး

ကမ္ဘာအကြီးဆုံး ပန်းဥယျာဉ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သလို ၊ လှပကြီးကျယ်လွန်းသဖြင့် ဥရောပ၏ ဥယျာဉ်ကြီးလို့ တင်စားခေါ်ကြသည့် နယ်သာလန်နိုင်ငံမှ Keukenhof ပန်းဥယျာဉ်ကြီး အကြောင်းကို တင်ပြပေးပါမည်။ Keukenhof ပန်းဥယျာဉ်ကြီးသည် နယ်သာလန်နိုင်ငံ ၊ Lisse မြို့တွင် တည်ရှိပြီး ပန်းပင် သစ်ပင်ပေါင်း ၇ သန်းကျော် စိုက်ပျိုးထားပါသည်။ အကျယ်အ၀န်းအားဖြင့် ၇၉ ဧက အထိကျယ်ဝန်းပြီး လှပသော Tulips ပန်းရောင်စုံများကြောင့် ကျော်ကြားလူသိများပါသည်။

ထိုနေရာသည် ၁၅ ရာစုလောက်ကတည်းက အမဲလိုက်ရာ တောအုပ်ကြီး အဖြစ်တည်ရှိနေပြီး Jacqueline ရဲတိုက်ကြီး၏ အမဲသားငါး ရှာဖွေရရှိရာ နန်းတွင်းစာဖိုဆောင် နေရာတစ်ခု ဖြစ်ပါသည်။ ထို့နောက်ပိုင်း ခေတ်အဆက်ဆက်ပြောင်းလဲလာပြီးနောက် ၁၉၇၉ ခုနှစ်တွင် Lisse မြို့တော်ဝန်မှ အများပြည်သူ အပန်းဖြေရာ Keukenhof ပန်းဥယျာဉ်ကြီးအဖြစ် တည်ထောင် ဖွင့်လှစ်ပေးခဲ့ပါသည်။

Keukenhof ပန်းဥယျာဉ်ကြီးတွင်  သာယာလှပသော သဘာဝအလှအပများနှင့်အတူ ရှုမဆုံးသော အရောင်စုံလှပနေသည့် Tulips ပန်းများ တည်ရှိနေပါသည်။ နှစ်စဉ် ခရီးသွားဧည့်သည်များ များစွာလာရောက် အပန်းဖြေကြပြီး ၂၀၁၇ ခုနှစ် စာရင်းအရ လာရောက်သူ ၁.၄ သန်း အထိရှိပါသည်။ ပန်းခြံအတွင်း အနားယူ အပန်းဖြေ လည်ပတ်စရာ နေရာများ များစွာရှိပါသည်။

ရာစုနှစ်အတွင်း အကြီးဆုံး စိန်ရိုင်းတုံးကြီး

တင်းနစ်ဘောလုံး အရွယ်အစားခန့်ရှိကာ မဖြတ်တောက်မသွေးရသေးသော စိန်တုံးကြီးကို ဘောစဝါနာနိုင်ငံ (Botswana)၊ ကာရိုဝီ မိုင်းတွင်း(Karowe) မှ ၂၀၁၅ ခု ၊ နိုဝင်ဘာလထဲတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုစိန်တုံးကြီးသည် ၁၁၀၉ ကာရက် အလေးချိန်ရှိပြီး ယခုရာစုနှစ်အတွင်း တွေ့ရှိသမျှတွင် အကြီးဆုံး စိန်တုံးကြီး ဖြစ်ပါသည်။ စိန်တုံးကို Lesedi La Rona (သို့)  Our Light လို့ အမည်ပေးထားပါသည်။ စိန်တုံးကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၂.၅ ဘီလီယံ မှ ၃ ဘီလီယံရှိပြီ ဖြစ်ပါသည်။ သမိုင်းတစ်လျောက်တွင် ၁၉၀၅ ခုနှစ်တုန်းက တောင်ဖရိကမှ တူးဖော်ရရှိခဲ့သော ၃၁၀၆ ကာရက်ရှိ ကူလင်နန်(Cullinan) စိန်တုံးကြီးပြီးလျှင် ဒုတိယအကြီးဆုံး စိန်တုံးကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ထိုစိန်တုံးကြီးကို ကနေဒါနိုင်ငံ Lucara Diamond Corp ကုမ္ပဏီမှ ရှာဖွေတွေ့ရှိ ပိုင်ဆိုင်ခဲ့ပြီး ယခုအခါ ဗြိတိန်နိုင်ငံ Graff Diamonds ကုမ္ပဏီမှ ဒေါ်လာ  ၅၃ သန်း ဖြင့်ဝယ်ယူသွားခဲ့ပါသည်။ Graff Diamonds ကုမ္ပဏီမှ လိုအပ်သလို ဖြတ်တောက်သွေးခြင်း လုပ်ငန်းများ ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

ရေစက်လေးများဖြင့် ရေးဆွဲထားသည့် ပုံလေးများ

ကျွန်တော်တို့ ရေ ဒါမှမဟုတ် လက်ဖက်ရည် ၊ နို့ နှင့် အချိုရည်များသောက်လျှင် ခွက်အတွင်းမှ ဖိတ်စင်ကျဖူးကြပါတယ်။ ထိုရေစက်လေးများနှင့် စိတ်ကူးပေါက်သလို ပုံလေးများ ၊ စာလေးများလည်း ရေးကြည့်ဖူးကြပါတယ်။ အခုလည်း Aravis Dolmenna ဆိုတဲ့ အနုပညာရှင်တစ်ဦးက ထိုရေစက်လေးများဖြင့် ပုံလေးများကို လက်ရာမြောက်အောင် ဖန်တီးထားတာပါ။ ကြည့်လိုက်ကြရအောင်နော်…

Related Posts Plugin for WordPress, Blogger...