Friday, October 20, 2017

နယ်သာလန်နိုင်ငံ မှ ကမ္ဘာ့အကြီးဆုံး ပန်းဥယျာဉ်ကြီး

ကမ္ဘာအကြီးဆုံး ပန်းဥယျာဉ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သလို ၊ လှပကြီးကျယ်လွန်းသဖြင့် ဥရောပ၏ ဥယျာဉ်ကြီးလို့ တင်စားခေါ်ကြသည့် နယ်သာလန်နိုင်ငံမှ Keukenhof ပန်းဥယျာဉ်ကြီး အကြောင်းကို တင်ပြပေးပါမည်။ Keukenhof ပန်းဥယျာဉ်ကြီးသည် နယ်သာလန်နိုင်ငံ ၊ Lisse မြို့တွင် တည်ရှိပြီး ပန်းပင် သစ်ပင်ပေါင်း ၇ သန်းကျော် စိုက်ပျိုးထားပါသည်။ အကျယ်အ၀န်းအားဖြင့် ၇၉ ဧက အထိကျယ်ဝန်းပြီး လှပသော Tulips ပန်းရောင်စုံများကြောင့် ကျော်ကြားလူသိများပါသည်။

ထိုနေရာသည် ၁၅ ရာစုလောက်ကတည်းက အမဲလိုက်ရာ တောအုပ်ကြီး အဖြစ်တည်ရှိနေပြီး Jacqueline ရဲတိုက်ကြီး၏ အမဲသားငါး ရှာဖွေရရှိရာ နန်းတွင်းစာဖိုဆောင် နေရာတစ်ခု ဖြစ်ပါသည်။ ထို့နောက်ပိုင်း ခေတ်အဆက်ဆက်ပြောင်းလဲလာပြီးနောက် ၁၉၇၉ ခုနှစ်တွင် Lisse မြို့တော်ဝန်မှ အများပြည်သူ အပန်းဖြေရာ Keukenhof ပန်းဥယျာဉ်ကြီးအဖြစ် တည်ထောင် ဖွင့်လှစ်ပေးခဲ့ပါသည်။

Keukenhof ပန်းဥယျာဉ်ကြီးတွင်  သာယာလှပသော သဘာဝအလှအပများနှင့်အတူ ရှုမဆုံးသော အရောင်စုံလှပနေသည့် Tulips ပန်းများ တည်ရှိနေပါသည်။ နှစ်စဉ် ခရီးသွားဧည့်သည်များ များစွာလာရောက် အပန်းဖြေကြပြီး ၂၀၁၇ ခုနှစ် စာရင်းအရ လာရောက်သူ ၁.၄ သန်း အထိရှိပါသည်။ ပန်းခြံအတွင်း အနားယူ အပန်းဖြေ လည်ပတ်စရာ နေရာများ များစွာရှိပါသည်။


Keukenhof ပန်းဥယျာဉ်ကြီးကို မတ်လနှောင်းပိုင်း မှ မေလလောက်အထိသာ ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ သွားရောက်လည်ပတ်ရန် အကောင်းဆုံး အချိန်မှာ Tulips ပန်းရောင်စုံများ ဝေေ၀ဆာပွင့်ဖူးကြသည့် ဧပြီလလယ်လောက် ဖြစ်ပါသည်။ ထိုအချိန်တွင် ဥယျာဉ်ကြီး တစ်ခုလုံးသည် ပန်းရောင်စုံများနှင့် ဝေဆာလှပနေပြီး ပန်းပင်လယ်ထဲသို့ ရောက်ရှိနေသလို ခံစားရမည် ဖြစ်ပါသည်။ နယ်သာလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပန်း တင်ပို့ရောင်းချမှု အများဆုံး နိုင်ငံဖြစ်ပါသည်။




















သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...