Wednesday, March 29, 2017

လူဦးရေ ၆၀ သာရှိတဲ့မြို့တစ်မြို့လုံးကို ရောင်းချမည်


ဒေါ်လာ ၁.၅ သန်း အပိုရှိပါသလား။ ဒါဆိုရင် တချိန်က အမှိုက်သန့်စင် ကုမ္ပဏီ က လုပ်သားတွေအတွက် တည်ဆောက်ပေးတဲ့ မြို့လေးတစ်မြို့ဖြစ်တဲ့ ရီဒက်ရှင်းဟာ သင်ပိုင်ဆိုင်တဲ့မြို့ဖြစ်လာတော့မှာပါ။
မြို့မှာ လူဦးရေ ၆၀ သာရှိပြီး လူဦးရေများပြားစဉ်က ၄၀၀ ခန့်ရှိခဲ့ပါတယ်။ သူတို့ဟာ သပ်ရပ်တဲ့အုတ်စီအိမ် ၁၉ လုံးမှာ နေထိုင်ပြီး ပြီးခဲ့တဲ့ နှစ် ၇၀ စလုံး စတောဝိုဗီမိသားစုကို အိမ်ငှားခ ပေးခဲ့ကြပါတယ်။
အမေရိကန်ရီဒက်ရှင်းကုမ္ပဏီက တည်ဆောက်တဲ့ ဒီစက်ရုံဟာ ၂၀ ရာစုအစောပိုင်းက ပစ်စဘတ်မြို့က အမှိုက်တွေကို သန့်စင်ရှင်းလင်းခဲ့ပြီးနောက် ၁၉၃၆ ခုနှစ်မှာ ပိတ်သိမ်းခဲ့ပါတယ်။
အလုပ်သမားတွေဟာ တိရစ္ဆာန်အသေကောင်တွေကို အဆင့်ဆင့်ပြန်လည်သန့်စင်အသုံးချသလို အိမ်သုံးပစ္စည်းအဟောင်း တွေထဲက သတ္ထုတွေကို ဖယ်ထုတ်ပြီး ပြန်ရောင်းချခဲ့ကြပါတယ်။
“ဒါက မူလဘူတ ရီဆိုက်ကယ်စက်ရုံကြီးပါ” လို့ ရီဒက်ရှင်းမြို့ကို သူ့မွေးချင်း ၃ ယောက်နဲ့အတူ ပိုင်ဆိုင်တဲ့ ဒေးဗစ် စတောဝိုဗီက ပြောပါတယ်။
၁၉၄၈ မှာ ဒေးဗစ်ရဲ့အဖေ ဂျွန်ဟာ အနီးပတ်ဝန်းကျင်က မြေတစ်ကွက်ကို ပိုင်ဆိုင်ပြီးနောက် သူ့တိုးပွားလာတဲ့ မိသားစုအတွက် ရီဒက်ရှင်းထဲက ပိုကြီးတဲ့အိမ်တစ်အိမ်ကို ၀ယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ မြို့မှာ ရွေးချယ်စရာ အိမ် ၂၈ လုံးအထိ ရှိခဲ့ပါတယ်။
“အဖေနဲ့ အမေက သူတို့ကိုယ်ပိုင်နေရာကို လိုချင်တယ်” လို့ ဒေးဗစ်စတောဝိုဗီက ပြောပါတယ်။
သူ့အဖေဟာ အိမ်အားလုံးကို ၀ယ်ယူခဲ့ပြီး ဒေါ်လာ ၁၀၀၀၀ အထိ ပေးချေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို သူ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးလို့ သူ့သားက ပြောပါတယ်။
အခုတော့ ဒေးဗစ်ဟာ သူအသက်အရွယ်အိုမင်းလာပြီး မိဘတွေကလည်း မကြာသေးခင်ကမှ ဆုံးပါးသွားတာကြောင့် ရီဒက်ရှင်းမြို့ကို ရောင်းတော့မယ်လို့ ဆိုပါတယ်။ သူရောင်းချမှသာ သူ့မွေးချင်းတွေလည်း အမွေရလိမ့်မယ်လို့ ပြောပါတယ်။
Ref: Reuters, Mar 28th
Credit: Kumudra 

ပြတိုက်မှာ ပြသထားတဲ့ အလေးချိန် ပေါင် ၂၀၀ ကျော်ရှိ ရွှေဒင်္ဂါးကြီး အခိုးခံရ


ဘာလင်မြို့ရှိ ဘိုဒီပြတိုက် (Bode Museum) မှာ ပြသထားတဲ့ အလေးချိန် ပေါင် ၂၂၀ ရှိ အမေရိကန် ဒေါ်လာတစ်သန်းတန် ရွှေဒင်္ဂါးကြီးကို သူခိုးများက ခိုးယူသွားခဲ့ကြောင်း သိရပါတယ်။ ဂျာမန်သတင်းတွေရဲ့ ဖော်ပြမှုအရ ပြတိုက်မှ ယနေ့ (မတ်လ ၂၇ ရက်) ခိုးယူခံခဲ့ရတဲ့ ရွှေဒင်္ဂါးကြီးဟာ အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားတဲ့ 'Big Maple Leaf' ရွှေဒင်္ဂါးဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ တော်ဝင်ကနေဒါ ဒင်္ဂါးစက်ရုံမှ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရွှေဒင်္ဂါးပြားကြီးရဲ့ ကန့်လန့်ဖြတ်အကျယ်ဟာ ၁.၇ ပေရှိပြီး အထူ ၃ စင်တီမီတာရှိကြောင်း သိရပါတယ်။
ရွှေဒင်္ဂါးကြီးပေါ်မှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ် ၂ ရဲ့ မျက်နှာပုံကို ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ ဖောက်ထွင်းခိုးယူသူတွေဟာ ပြတိုက်အနီးရှိ ရထားလမ်းမှတစ်ဆင့် လှေကားဖြင့် တက်ရောက်ကာ ပြတိုက်အတွင်း ဖောက်ထွင်းဝင်ရောက်ပြီး ရွှေဒင်္ဂါးကို ခိုးယူသွားခဲ့ဖွယ်ရှိကြောင်း သိရပါတယ်။ ဖောက်ထွင်းခိုးယူသူတွေဟာ ယနေ မနက် ဒေသစံတော်ချိန် ၃း၃၀ ဝန်းကျင်မှာ ပြတိုက်အတွင်း ဖောက်ထွင်းဝင်ရောက်ကာ ရွှေဒင်္ဂါးကြီးကို ခိုးယူသွားခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ 
ပြတိုက်အနီး ရထားလမ်းကို ခေတ္တပိတ်ထားလိုက်ပြီး ရဲတပ်ဖွဲ့က သဲလွန်စများ ရှာဖွေခဲ့ပါတယ်။ ဘာလင်မြို့လယ်မှာရှိတဲ့ ဘိုဒီပြတိုက်ဟာ ကုလမသဂ္ဂရဲ့ UNESCO စာရင်းဝင် ပြတိုက်ဖြစ်ပြီး ဒင်္ဂါးများစုဆောင်းပြသထားတဲ့ ကမ္ဘာ့အကြီးဆုံး ပြတိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ဘိုဒီပြတိုက်မှာ ရှေးဟောင်းဂရိ ဒင်္ဂါးပြား ၁၀၂,၀၀၀ နဲ့ ရောမခေတ်ဒင်္ဂါး ၅၀,၀၀၀ အပါအဝင် ဒင်္ဂါးပြားများကို စုဆောင်းပြသထားကြောင်း သိရပါတယ်။
Source & Photo: AFP
Credit: duwun.com.mm

ကမ္ဘာ့အန္တရာယ် အများဆုံးကြိုးတံတားများ

အန္တရာယ်အများဆုံးဟု သတ်မှတ်ထားကြသည့် ကမ္ဘာတစ်လွှားမှ ကြိုးတံတားများကို တင်ပြပေးလိုက်ပါတယ်။ အဓိကအားဖြင့် တံတားကြီးအမျိုးအစားများ မဟုတ်ဘဲ မြင့်မားသော ကြိုးတံတားများကို ဒီစာရင်းမှာ ထည့်သွင်းထားတာပါ။
(၁) Hussaini – Borit Lake, Pakistan


(၂) Carrick-a-Rede Rope Bridge, Northern Ireland



ကမ္ဘာ့အမြင့်ဆုံး ရေကူးကန်ကြီး

ကမ္ဘာ့အမြင့်ဆုံးရေကူးကန် တည်ရှိရာ နေရာသည် စင်ကာပူနိုင်ငံ ရှိ နာမည်ကျော် Marina Bay Sands ဟိုတယ် ၏ အပေါ်ထပ်တွင် တည်ရှိပါသည်။

ထိုရေကူးကန်ကြီးသည် မီတာ ၁၅၀ အမြင့်တွင် တည်ရှိနေပါသဖြင့် ကမ္ဘာ့အမြင့်ဆုံး ရေကူးကန်ကြီး အဖြစ်မှတ်တမ်းဝင်ခဲ့ပါသည်။

ထိုရေကူးကန်သည် အိုလံပစ်ရေကူးကန်များအရှည်ထက် ၃ ဆ ပိုမိုရှည်လျားပါသည် ။ စုစုပေါင်း အရှည် ၆၅၀ ပေ ရှိပါသည်။ ထို့ကြောင့် အထပ်မြင့်များတွင် တည်ရှိသော ရေကူးကန်များတွင် အကြီးဆုံး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသည်။

ဆွစ်ဇာလန်နိုင်ငံမှ အရောင်မတူမြစ်ဆုံ

ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာမြို့ရှိ မြစ်တစ်ခုတွင် အရောင်သိသိသာသာ ကွဲပြားနေသော မြစ်တစ်ခု ရှိပါသည်။ ထိုမြစ်ကို အရောင်မတူမြစ်ဆုံ အဖြစ် ခေါ်ဝေါ်ကြပါသည်။

အမှန်မှာလည်း ထိုမြစ်သည် မြစ်နှစ်ခု ပေါင်းစုံရာမှ ဖြစ်ပေါ်လာသော အရောင်ကွဲပြားမှု တစ်ခုဖြစ်ပါသည်။ တစ်ဖက်သည် စိမ်းပြာရောင် ဖြစ်နေပြီး ၊ အခြားတစ်ဖက်ကတော့ ရွံ့နှစ်ရောင် ထနေပါသည်။ စိမ်းပြာရောင် ကြည်လင်နေသော မြစ်သည် Rhone မြစ်ဟု အမည်ရပြီး ၊ ရွံ့နှစ်ရောင် ဖြစ်နေသော မြစ်သည် Arve မြစ် ဖြစ်ပါသည်။

Arve မြစ်သည် နှုန်းများ နှင့် ပြည့်နေပြီး ကီလိုမီတာ ၁၀၀ ခန့် ဝေးတဲ့ နေရာမှ စီးဆင်လာတဲ့ အတွက် ရွံ့ ရောင်ဖြစ်နေပါသည်။ Rhone မြစ်သည် Leman ဆိုသည့် ရေကန်ကြီးမှ စီးဆင်းလာတာဖြစ်ပြီး
ကန်ရေဖြစ်တဲ့ အတွက် စိမ်းစိုကြည်လင်ပါသည်။

အမေရိကန်နိုင်ငံ မှ မီးရေတံခွန်

အမေရိကန်နိုင်ငံ ၊ Yosmite ရှိ ရေတံခွန်တစ်ခုကို မီးရေတံခွန် အဖြစ် လူသိများ ကျော်ကြားပါသည်။ တကယ်လည်း ဆောင်းလများ၏ အချိန်တစ်ခုတွင် မီးတောက်မီးလျှံများ တောင်ပေါ်မှ ထိုးဆင်းနေသကဲ့သို့ မြင်တွေ့ကြရပါသည်။

ထိုရေတံခွန်ကို မီးရေတံခွန် (သို့) မြင်းမြီးရေတံခွန် ဟုခေါ်ကြပါသည်။ ဆောင်းလများ အထူးသဖြင့် ဖေဖော်ဝါရီလတို့တွင် နေရောင်ခြည် ကျရောက်လာမှုကြောင့် ရောင်ပြန်ဟပ်ကာ ထိုကဲ့သို့ မီးရေတံခွန် အဖြစ် တွေ့မြင်ကြရခြင်း ဖြစ်ပါသည်။

ဂျပန်လူမျိုးများ၏ ထူးထူးခြားခြား တီထွင်မှုများ (၂)

ဂျပန်နိုင်ငံသည် စက်မှုပညာ ထိပ်ဆုံးရောက်နေသော နိုင်ငံတစ်ခုဖြစ်သည်ကို
အားလုံးအသိပါ။ ယခုတင်ပြမှာကတော့ ဂျပန်လူမျိုးများ ထူးထူးခြားခြား
တီထွင်ထားသော လူ့အသုံးအဆောင်ပစ္စည်းတစ်ချို့အကြောင်း
ဖြစ်ပါသည်။တစ်ချို့ပစ္စည်းများမှာ အနည်းငယ် ကပ်သီးကပ်သပ်နိုင်
သည်ဟု ထင်ရသော်လည်း တကယ်လက်တွေ့အသုံးဝင်သည်ကို
တွေ့ရပါသည်။ တစ်ချို့ပစ္စည်းများကတော့ တကယ်ကို အသုံးတည့်သည်
မှာသေချာပါသည်။ယခင်က အပိုင်း (၁)ရဲ့အဆက်ပေါ့ဗျာ။ ကြည့်လိုက်ကြပါအုံးနော်……

ကဲ ရောက်တဲ့နေရာ အလွယ်တကူထိုးအိပ်လို့ ရပါတယ်...

ချစ်သူမရှိသူ မမ များအတွက် စိတ်ကြိုက်ဖက်အိပ်နိုင်ပါပြီ...

သဲသောင်ပြင်ပေါ်ကပန်းပုလက်ရာများ (၂)

သဲသောင်ပြင်မှ လက်ရာမြောက်လှပသည့် ပန်းပုပုံလေးတွေကို
တင်ပေးလိုက်ပါတယ်။ Sand Art လို့ခေါ်သည့် အနုပညာ တစ်မျိုးပါ။

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၁၂)

ဒီတစ်ခါတော့ ပြုံးရွှင်ဖွယ် ပေါင်းစပ်ကာတွန်းပုံလေးတွေကို တင်ပေးလိုက်ပါတယ်။
ဖန်တီးခဲ့သူကတော့ Manik Ratan ဆိုသည့် အနုပညာရှင်တစ်ဦးပါ။

နှစ်တစ်ရာအတွင်း အာတိတ်ရေခဲပြင်ဒေသ ပြောင်းလဲသွားပုံများ

နှစ် ၁၀၀ အတွင်းမှာ ရေခဲပြင်ဒေသတစ်ခုဖြစ်သည့် အာတိတ်ဒေသတွင် ပြောင်းလဲသွားပုံ အနေအထားများကို ထင်သာမြင်သာစေသည့် နှိုင်းယှဉ်တင်ပြချက် တစ်ခုပါ။ ထိုကဲ့သို့ တင်ပြပေးသူကတော့ ဆွီဒင် ဓာတ်ပုံပညာရှင် Christian Aslund ဖြစ်ပါတယ်။ သူဟာ ၁၉၀၀ ပြည့်နှစ် ၀န်းကျင်မှ အာတိတ်ဒေသတွင် ရိုက်ကူးထားသော ဓာတ်ပုံများကို စုဆောင်းခဲ့ပါတယ်။ ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ထိုဓာတ်ပုံများ ရိုက်ကူးခဲ့သည့် နေရာများကို အရောက်သွားကာ ထိုပုံစံ မြင်ကွင်းရှုဒေါင့်မျိုးမှ ထပ်မံကြိုးစား ရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်။

တစ်ချို့နေရာများမှာ တော်တော်ပြောင်းလဲ နေပြီဖြစ်သဖြင့် သူ့အနေဖြင့် အထူးကြိုးစားရှာဖွေ ရိုက်ကူးခဲ့ခြင်းပါ။ သူတင်ပြလိုသည့် ရည်ရွယ်ချက်မှာ နှစ် ၁၀၀ အတွင်း ကျွန်တော်တို့လူသားများ၏ ပယောဂကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရေခဲပြင်များ သိသိသာသာ အရည်ပျော် ပျောက်ဆုံးခဲ့ရခြင်းကို ထိမိစွာ တင်ပြလိုခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ နေထိုင်စားသောက်ပုံ အယူအဆ အမှားများ

ကျွန်တော်တို့ နေ့စဉ် နေထိုင်စားသောက်ပုံများတွင် ထင်မြင်ယူဆထားသော အယူအဆအမှားများ နှင့် အမှန်များကို ယဉ်တွဲကာ ဘာသာပြန်တင်ပြပေးထားခြင်း ဖြစ်ပါသည်။ တစ်ခုပြောလိုသည်မှာ မည်သည့်အရာတွင်မဆို တန်ဆေးလွန်ဘေး ဟူသောစကားရှိပါသည်။ ထို့ကြောင့် ဆင်ခြင်အသိဖြင့် နှိုင်းယှဉ်ကာ ကျင်းသုံးကြပါလို့ တိုက်တွန်းအပ်ပါသည်။

Friday, March 24, 2017

ထိုင်းနိုင်ငံမှ နိုင်ငံတကာစွန်ပွဲတော်


မွေးနေ့တွင် ဒေါ်လာငါးသန်း ထီဆုကြီးပေါက်ကာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်ခဲ့သူ


အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ က ပက်ထရစ်ကလက်ဆိုတဲ့ အမျိုးသား က သူရဲ့ ၂၀နှစ်ပြည့် မွေးနေ့မှာပဲ ဒေါ်လာ ငါးသန်းထီဆုကြီးပေါက်သွားခဲ့ပြီး နေ့ချင်း ညချင်းပဲ သန်းကြွယ်သူဌေးကြီးဖြစ်သွား ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်က ဝယ် ယူခဲ့တဲ့ ဒေါ်လာ ၁၀တန်ထီကနေ ဒေါ်လာ ငါးသန်းဆုကြီး ပေါက်သွားခဲ့တာဖြစ်ပါ တယ်။ မွေးနေ့မှာ အမေက ဖုန်းဆက်ပြီး မွေးနေ့အတွက် အမှတ်တရအနေနဲ့ ပိုက် ဆံထုတ်ပေးပြီး ထီလက်မှတ်သွားဝယ်ခိုင် ခဲ့တာကနေ ထီဆုကြီးပေါက်သွားခဲ့တာ လို့ ပက်ထရစ်က ဆိုပါတယ်။ ထီလက်မှတ်ရဲ့ ခဲခြစ်နေရာကို ချက် ချင်းခြစ်မကြည့်ခဲ့ဘဲ ချစ်သူမိန်းကလေး ရဲ့အိမ်ရောက်မှာ ခြစ်ကြည့်ခဲ့ပြီး နံပါတ် ခြောက်လုံးအောက်မှာ ငါးသန်းပေါက် တယ်ဆိုတဲ့ Life အမှတ်အသားကို တွေ့ ရှိခဲ့တာဖြစ်ပြီး ကိုယ့်ကံကို ကိုယ်မယုံနိုင် လောက်အောင် အံ့ဩဝမ်းသာဖြစ်ခဲ့ရ တယ်လို့ ပက်ထရစ်က ပြောကြားခဲ့ပါ တယ်။ မွေးနေ့မှာ ထီဆုကြီးပေါက်ပြီး သန်းကြွယ်သူဌေးကြီးဖြစ်သွားတဲ့ ဖိုး ကံကောင်းပက်ထရစ်က သူပေါက်သွားတဲ့ ငွေရဲ့တချို့ကို အမေ့ကိုကျေးဇူးဆပ်သွား မှာဖြစ်ပြီး ကျန်တာဘာဆက်လုပ် မယ်ဆို တာ စဉ်းစားရဦးမယ်လို့ ပြောကြားသွား ခဲ့ပါတယ်။
Ref : UPI, 27.1.2017
Credit : pyimyanmar.com

သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၄)

Bridget Collins ဆိုသည့် အနုပညာရှင်တစ်ဦး၏ ဖန်တီးပြချက်များပါ။ သေသပ်လှပပြီး ချစ်စဖွယ်ကောင်းပါတယ်။

သစ်သားပြင်ပေါ်မှ အသက်ဝင်လှသော 3D ပန်းချီများ

ကမ္ဘာကျော်ပန်းချီပညာရှင် တစ်ဦးဖြစ်သည့် Ivan Hoo ၏ သစ်သားပြင်ပေါ်တွင် ရောင်စုံခဲတံများကို အသုံပြုဆွသြားထားသည့် လက်ရာများပါ။ အစစ်ကဲ့သို့ မှတ်ထင်ရအောင် ရေးဆွဲထားနိုင်သည့် 3D ပန်းချီပုံများပါ။

Data သိမ်းဆည်းနိုင်မှုပမာဏ ကွာခြားသွားပုံများ


တရုတ်နိုင်ငံ မှ လှပသော ရေခဲလှိုဏ်ဂူကြီး

တရုတ်နိုင်ငံ ၊ Shanxi ပြည်နယ် ရှိ Wanniandong ရေခဲလှိုဏ်ဂူကြီးသည် မီတာ ၁၀၀ ကျော် ရှည်လျားကာ တရုတ်နိုင်ငံရှိ ရေခဲလှိုဏ်ဂူများတွင် အကြီးဆုံး ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၂ ၃၀၀ မီတာတွင် တည်ရှိပြီး လှပသော ရေခဲပန်းဆွဲ အမျိုးမျိုး နှင့် အထပ်လိုက် အလွှာလိုက် တည်ရှိနေပုံများမှာ အလွန်လှပ နေပါသည်။

ထိုရေခဲလှိုဏ်ဂူကြီးသည် လွန်ခဲ့သော နှစ် ၃ သန်းလောက်ကတည်းက စတင်ဖြစ်တည်လာသည်ဟု ခန့်မှန်းထားကြပြီး Wanniandong ဟုအမည်ပေးထားခြင်းမှာ တရုတ်ဘာသာစကားဖြင့် နှစ်တစ်သောင်းလှိုဏ်ဂူကြီးဟု အဓိပ္ပါယ်ရပါသည်။

ကော်ဖီမှုန့်များဖြင့် ဖန်တီးထားသည့် ပန်းချီ

Gelila Reda ဆိုသည့် အနုပညာရှင်တစ်ဦး ဖန်တီးထားသည့် ကော်ဖီမှုန့် ပန်းချီပုံများပါ။
သူမ၏ စိတ်ကူးကလည်း တစ်မျိုးဆန်းတာပါပဲဗျာ…

ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဟော်တယ် (လွန်ခဲ့သည့်နှစ်ပေါင်း ၁၃၀၀ ကျော်မှ)

ကမ္ဘာတစ်လွှားတွင် တည်ရှိကြသော ဟော်တယ်အများအပြားတွင် ဖွင့်နှစ်ခဲ့သည့် သက်တမ်းအရင့်ဆုံး ဟော်တယ်သည် သက်တမ်းဘယ်လောက်ကြာပြီ ထင်ပါသလဲ။ ဂျပန်နိုင်ငံမှ Nishiyama Onsen Keiunkan ဟော်တယ်ကတော့ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကျော်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်အထိ ဖွင့်လှစ်စဲဖြစ်ပါသည်။

ဂျပန်နိုင်ငံ ၊ Yamanashi စီရင်စု ၊ Hayakawa မှ Nishiyama Onsen Keiunkan ဟော်တယ်သည် 705 AD ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး မိသားစု တစ်စုတည်းမှ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းအမွေအဖြစ် စဉ်ဆက်မပျက်ဖွင့်လှစ်လာခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်ပါသည်။

မျိုးဆက်ပေါင်း ၅၂ ဆက်အထိ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့် မိသားစုပိုင် ဟော်တယ်တစ်ခု ဖြစ်ပါသည်။ Akaishi တောင်ခြေတွင် လှပသော တောတောင်ရှုခင်းများဖြင့် ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ပါသည်။

Wednesday, March 22, 2017

ကမ္ဘာကြီး ဘာတွေ ၀ယ်ချင်နေလဲ


ပလတ်စတစ် ဆာဂျရီမှသည် ဂျပန် ဖရဲသီး အထိ ဂူဂဲမှာ ကမ္ဘာတစ်ဝန်းက လူသားများ ဈေးနှုန်း ရိုက်ရှာနေတာတွေ စုစည်း လေ့လာလိုက်တော့ စိတ်ဝင်စားစရာ ပြုံးချင်စရာလေးတွေ တွေ့ရသည်။
             ဘယ်ဟာက ဘယ်ဈေးနှုန်း ရှိကြောင်း သိချင်၍ ဂူဂဲမှာ ရိုက်ရှာထားကြသည့် စာရင်းများကို ဈေးနှုန်းခန့်မှန်း ၀ဘ်ဆိုက် Fixr.com က စာရင်းပြုစု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ရလဒ်များ အရ လူတွေဟာ ပြင်သစ် ရောက်ရင် ပြင်သစ်မှာ နာမည်ကျော် လခြမ်းပုံ ပေါင်မုန့်ဈေး သိချင်ကြသည်။ အီဂျစ်ရောက်ရင် ကုလားအုတ်စီးဖို့ ဈေးဘယ်လောက် ပေးရလဲ သိချင်ကြသည်။ မေးစရာ လူမရှိပါက ဂူဂဲမှာ ရိုက်ရှာတတ်ကြသည်။
           သမားရိုးကျ ရှာဖွေမှုများ အပြင် ပြုံးချင်စရာ ထူးထူးဆန်းဆန်း ဈေးနှုန်း ရှာဖွေမှုများလည်း ရှိသည်။ ဂျပန်က ဖရဲသီးဈေး၊ အီကွေဒေါက ပနားမား ဦးထုပ်ဈေး၊ ပနားမားမှာ ပင်လယ်ပြင် လေဟုန်စီးခ၊ ရုရှားမှာ MiG   တိုက်လေယာဉ်စီးရင် ဘယ်လောက် ကျမလဲ စသဖြင့် ခပ်ဆန်းဆန်းများလည်း ပါသည်။

အိမ်တစ်လုံး တစ်ယူရိုဖြင့် ရောင်းမည်


အီတလီနိုင်ငံရှိ မြို့သုံးမြို့မှ ကျေးရွာများတွင် အိမ်တစ်လုံးကို (၁) ယူရိုဖြင့် ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။
            (၁) ယူရိုမှာ အက်စပရက်ဆို ကော်ဖီ တစ်ခွက်၏ တန်ဖိုးအောက်ပင် နည်းနေသေးသည်။ ကျေးရွာများတွင် တောအုပ်ငယ်များလည်း ရှိနေသည်။ သို့သော် ကျေးရွာတွင် နေထိုင်သူ ဦးရေ နည်းပါးလာသောကြောင့် ကျေးရွားများမှာ တစ္ဆေ ကျေးရွာများဟု ခေါ်လို့ရသည့် အခြေအနေသို့ ဆိုက်ရောက် လာနေသဖြင့် လူဦးရေ တိုးပွားလာစေရေး လုပ်ဆောင်သည့် အနေနှင့် အိမ်ဟောင်း တစ်လုံးကို (၁) ယူရိုဖြင့် ရောင်းချ နေရခြင်း ဖြစ်သည်။
           သို့သော် ဈေးချိုမှု၏ နောက်ဆက်တွဲ များလည်း ရှိနေပြန်သည်။ ကျောက်တုံး အိမ်ဟောင်းများကို (၁) ယူရိုဖြင့် ၀ယ်ယူ ပြီးပါက ပြန်လည် ပြုပြင်စရိတ်မှာ ယူရို (၂၅၀၀၀) ရှိနေခြင်း ဖြစ်သည်။ ကျေးရွာများမှာ စစ္စလီကျွန်းရှိ ဂန်ဂီမြို့၊ ပီဒမွန်ရှိ ကာရီဂါ လီဂူရီမြို့နှင့် အဘူရက်ဇီရှိ လက်စီ နေမာရ်စီမြို့တို့တွင် တည်ရှိနေသည်။
            ဂန်ဂီမြို့တော်ဝန်သည် လှပသော မြို့လေးကို ကယ်တင်ရန် အတွက် အိမ်တချို့ကို (၁) ယူရိုဖြင့် ရောင်းချ နေရုံသာမက ကျန်အိမ်တချို့ကိုလည်း အခမဲ့ပင် ပေးပစ် နေခဲ့သည်။

မျက်လုံးထဲကနေ သွေးတွေ စီးကျနေတဲ့ အမျိုးသမီး


အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီရှိ ၀ိုင်ကီလီ အရပ်ဒေသမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့ ရောဂါဝေဒနာ တစ်မျိုး ရရှိနေပြီး မျက်လုံးထဲကနေ သွေးတွေ စီးကျနေတာကြောင့် ဆရာဝန် အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရောဂါဝေဒနာကို အဖြေရှာဖို့ စဉ်းစားလို့ မရအောင် ဖြစ်ခဲ့ပါတယ်။အသက် (၂၄)နှစ်အရွယ်ရှိ အိုင်ကီဒါဟာ မျက်လုံးနဲ့ လျှာတို့ကနေ သွေးတွေအလို အလျောက် ထွက်နေတာဖြစ်ပြီး ဆရာဝန်တွေဟာ ကုသဖို့ နည်းလမ်း မရှိသေးဘူးလို့ သိရပါတယ်။ ၂၀၀၈ မှာ အိုင်ကီဒီဟာ  Garder-Diamond Syndrome အမည်ရ ရောဂါဝေဒနာ ရရှိခဲ့ပါတယ်။ ဒီရောဂါ ရရှိပြီး နှစ်နှစ်လောက် အကြာမှာ မျက်လုံးထဲကနေ သွေးတွေ စီးကျခဲ့ခြင်း ဖြစ်ပါတယ်။

ပျောက်ဆုံး ဂေါက်သီးများကို ရှာသည့် လုပ်ငန်းဖြင့် ချမ်းသာလာသူ


အမေရိကန် ပြည်ထောင်ရှိ၊ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သည့်  အမျိုးသား တစ်ဦးသည် ပျောက်ဆုံးနေသော ဂေါက်သီးများကို ရှာဖွေသည့် လုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝသူအဖြစ် ရပ်တည်နိုင်ခဲ့သည်။ အဆိုပါ အမျိုးသား၏ ချမ်းသာကြွယ်မှုက ဒေါ်လာ (၁၅) သန်း ရှိခဲ့သည်။ အစောပိုင်းက ဂေါက်ကွင်းများတွင်ရှိသည့်  ဂေါက်သီးများကို ခိုးယူပြီး ပြန်လည် ရောင်းချသူ ဖြစ်ခဲ့သည်။ ယင်းနောက် ဂေါက်ကွင်းရှိ ဂေါက်သီးများကို တရားဝင် ရှာဖွေမူပြုလုပ်ပြီး ရောင်းချခဲ့ရာ ချမ်းသာသူ ဖြစ်လာခဲ့သည်။ ဂလင်းဘာဂါသည် ထူးခြားသော စိတ်ကူးရခဲ့ပြီး ဂေါက်ကွင်းအတွင်း ပျောက်ဆုံးသော ဂေါက်သီးများကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ ဖလော်ရီဒါ ပြည်နယ်သည် အကောင်းဆုံး ဂေါက်ကွင်းများ ရှိနေပြီး လာရောက်ကစားသူ အများအပြား ရှိခဲ့သည်။ ထို့ကြောင့် ဖလော်ရီဒါရှိ ဂေါက်ကွင်းများသည် ဘာဂါအတွက် ရွှေတွင်းများ ဖြစ်ခဲ့သည်။ ဘာဂါသည် တစ်နှစ်ကို ဂေါက်သီး (၁ ဒသမ ၇)သန်းခန့် ရှာဖွေရရှိတတ်ပြီး ပြန်လည်ရောင်းချရာမှ ၀င်ငွေအများအပြား ရရှိခဲ့ခြင်း ဖြစ်သည်။

မှတ်ဖွယ်စုံရာ သုတပဒေသာ (၁၇)


မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၁၆ )

FB ပေါ်မှာ တွေ့သမျှကို ထပ်မံစုစည်း တင်ပေးလိုက်ပါသည်။
ကြည့်ရှု့ခံစားကြပါအုံးဗျာ...

ခေါင်းကြီးပါ ၀င်သွားပါအုံးမယ်ဗျာ...

ဂေါ်ဇီလာတေးသွားအား တီထွင်တီးမှုတ်ခြင်း...

ဂျပန်နိုင်ငံမှ ရေခဲငါးပြတိုက်

ဂျပန်နိုင်ငံတွင် တည်ရှိသည့် ငါးပြတိုက်တစ်ခုမှာ အခြားငါးပြတိုက်များကဲ့သို့ မဟုတ်ဘဲ ရေခဲတုံးများဖြင့် ငါး နှင့် အခြားရေနေသတ္တ၀ါများကို အေးခဲပြသထားခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း ၊ Kesennuma တွင်တည်ရှိပြီး ကမ္ဘာ့ပေါ်တွင် ပထမဆုံး တည်ရှိသော ရေခဲငါးပြတိုက်ဟု ဆိုကြပါသည်။

အခြား အဏ္ဏ၀ါငါးပြတိုက်များကဲ့သို့ သက်ရှိအရှင်များကို တွေ့မြင်ရမည် မဟုတ်ဘဲ ရေခဲတုံးများအတွင်း ထည့်သွင်းပြသထားသည့် ငါး နှင့် အခြား ပင်လယ်နေရေသတ္တ၀ါများကို တစ်စုတစ်စည်းတည်း ကြည့်ရှု့လေ့လာနိုင်မည် ဖြစ်ပါသည်။

နိုက်ထရိုဂျင်အရည်များဖြင့် အေးခဲထားသော ရေခဲတုံးများ အတွင်းတွင် ရေနေသတ္တ၀ါမျိုးစိတ်ပေါင်း ၈၀ ကျော်၏ နမူနာပေါင်း ၄၅၀ ကို စုစည်းပြသထားပါသည်။

နေကြာစေ့များဖြင့် ဖန်တီးထားသော ပုံကြီး

Red Hong Yi ဆိုသည့် လူငယ်အမျိုးသမီး အနုပညာရှင် တစ်ဦး၏ စိတ်ကူးဆန်းသစ်မှုဖြင့် ဖန်တီးထားသော အနုပညာပြကွက် တစ်ခုပါ။ နေကြာစေ့များကို စုပုံကာ လိုသလို ဖန်တီးထားပုံက လက်ရာမြောက်လှပါတယ်။ တခြားအရာတွေနဲ့ မဖန်တီးဘဲ နေကြာစေ့ကို အသုံးပြုတယ်ဆိုတော့ နေကြာစေ့ တော်တော်ကြိုက်လို့ နေမယ်နော်…

ခေတ်အဆက်ဆက် Super Heros ဇာတ်ကောင်များ၏ ပြောင်းလဲသွားပုံများ

ကမ္ဘာပေါ်တွင် ပရိသတ်အခိုင်အမာဖြင့် ခေတ်အဆက်ဆက် အားပေးလာခဲ့ကြသော စူပါဟီးရိုးဇာတ်ကောင်များ၏ စတင်ရိုက်ကူးသည့် အချိန်နှင့် ယခုအချိန်တွင် ပြောင်းလဲသွားပုံများကို ယှဉ်တွဲဖော်ပြထားခြင်း ဖြစ်ပါသည်။ တစ်ချို့ဇာတ်ကောင်များသည် နှစ်များစွာ ကြာလာသဖြင့် သရုပ်ဆောင်များ ၄ ၊ ၅ ဦးအထိ ပြောင်းလဲလာသလို ခေတ်နှင့်အညီ ၀တ်စုံဒီဇိုင်းများ ဆန်းသစ်တည်ထွင် ၀တ်ဆင်လာမှုများကိုလည်း တွေ့ရှိရပါသည်။

ဝက်အူရစ်လေးများဖြင့် ဖန်တီးထားသော ရုပ်ကြွပုံကြီးများ

Andrew Myers ဆိုသူ အနုပညာရှင်တစ်ဦး၏ အံ့မခန်းလက်ရာမြောက် ဖန်တီးထားပုံများပါ။ ရာပေါင်းများစွာသော ၀က်အူရစ်များကို အသုံးပြုကာ ရုပ်ပုံများကို စိတ်ကူးဆန်းဆန်းဖြင့် ပြုလုပ်ထားခဲ့ပါသည်။ ၀က်အူရစ်များကို အတိုအရှည် လိုသလို အရောင်သွင်း ဖန်တီးလိုက်သည့်အခါ
အသက်ဝင်လှသော ရုပ်ကြွ 3D ပုံများ ဖြစ်သွားပါသည်။ သူ၏ ဖန်တီးမှုများကို ကြည့်လိုက်ရအောင်ဗျာ…

Related Posts Plugin for WordPress, Blogger...