Wednesday, March 29, 2017

ဂျပန်လူမျိုးများ၏ ထူးထူးခြားခြား တီထွင်မှုများ (၂)

ဂျပန်နိုင်ငံသည် စက်မှုပညာ ထိပ်ဆုံးရောက်နေသော နိုင်ငံတစ်ခုဖြစ်သည်ကို
အားလုံးအသိပါ။ ယခုတင်ပြမှာကတော့ ဂျပန်လူမျိုးများ ထူးထူးခြားခြား
တီထွင်ထားသော လူ့အသုံးအဆောင်ပစ္စည်းတစ်ချို့အကြောင်း
ဖြစ်ပါသည်။တစ်ချို့ပစ္စည်းများမှာ အနည်းငယ် ကပ်သီးကပ်သပ်နိုင်
သည်ဟု ထင်ရသော်လည်း တကယ်လက်တွေ့အသုံးဝင်သည်ကို
တွေ့ရပါသည်။ တစ်ချို့ပစ္စည်းများကတော့ တကယ်ကို အသုံးတည့်သည်
မှာသေချာပါသည်။ယခင်က အပိုင်း (၁)ရဲ့အဆက်ပေါ့ဗျာ။ ကြည့်လိုက်ကြပါအုံးနော်……

ကဲ ရောက်တဲ့နေရာ အလွယ်တကူထိုးအိပ်လို့ ရပါတယ်...

ချစ်သူမရှိသူ မမ များအတွက် စိတ်ကြိုက်ဖက်အိပ်နိုင်ပါပြီ...

ပေါင်ဖြူဖြူလေးမှ ခေါင်းအုံးအိပ်ချင်သူများ အတွက်...

စတိုင်ကျပြီး ခေါင်းအေးမှာကြောက်ရင်လည်း အဆင်ပြေပါတယ်...

သွားရင်းလာရင်း ပင်ပန်းလို့ ခေတ္တအိပ်ငိုက်ချင်သူများအတွက် ဒေါက်တိုင်ပါ။
ဒေါက်တိုင်လဲရင်တော့ ဒုက္ခပါပဲဗျာ...

အိပ်ငိုက်သူများအတွက် ဒီဦးထုပ်လေးက ပိုအဆင်ပြေမှာပါ။ ရှေ့လဲကျမှာ မပူရတော့ဘူးပေါ့...

ဟော... ဒါလည်း အဆင်ပြေတာပါပဲ။ကားစီးရင် ဆောင်သွားသင့်ပါတယ်။

အလှကြိုက်သူ မမ များအတွက်...

ဖိနပ်ဖွေးဖွေးလေး ရေစိုမှာ စိုးသလားဗျာ... :P

ဘေးလူကြည့်ရင် အလှမပျက်ဘဲ အားရပါးရ ကြိတ်လို့ရပါပြီ...

ရထားတွေ သဘောင်္တွေပေးက ဈေးသည်လားလို့ ထင်မှတ်ရပါတယ်။
ကိုယ့်အတွက် အသုံးဝင်တာအားလုံး ထည့်သွားလို့ရပါတယ်...

ပေါင်မုန့် ထောပတ်သုပ်ဖို့ပါ...

ရေခဲမှုန့်ခွက်ကလေးက ချစ်စရာပါ။ အလိုလိုလှည့်ပေးနေတော့ လျှာထုတ်ထားလိုက်ယုံပဲလေ...

နွေရာသီ ပူအိုက်မှာမစိုးရိမ်ပါနဲ့၊
အေးနေအောင် ဒီအင်္ကျီ ကစွမ်းဆောင်ပေးမှာပါ။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...