Thursday, January 14, 2016

ကရင်ပြည်နယ်မှ သမိုင်းဝင်ထင်ရှားသော လှိုဏ်ဂူကြီးများ

ကရင်ပြည်နယ်သည် သဘာဝတောတောင်များ၊ လှိုဏ်ဂူများနှင့် ရေတံခွန်စိမ့်စမ်းများ
ပေါများတည်ရှိရာ ဒေသဖြစ်ပါသည်။ လှပသည့်တောင်ကုန်းတောင်တန်းများနှင့်အတူ
သဘာဝအတိုင်းဖြစ်တည်နေသော ကျောက်လှိုဏ်ဂူကြီးများလည်း တည်ရှိနေပါသည်။
ဒီကျောက်လှိုဏ်ဂူကြီးများသည် သဘာဝ ရှုခင်းအလှအပနှင့် စိတ်ကြည်နူးစေယုံသာမက
သမိုင်းအဆက်ဆက် လက်မှုပညာများ၊ ကိုးကွယ်ယုံကြည်မှုများနှင့် ယဉ်ကျေးမှုများကိုပါ
ပေါင်းစု တည်ရှိနေကြပါသည်။ ထိုသမိုင်းဝင် သဘာဝကျောက်လှိုဏ်ဂူများထဲမှ
ကရင်ပြည်နယ် ဘားအံမြို့ အနီးအနားရှိ ထင်ရှားကျော်ကြားပြီးလှပသည့် လှိုဏ်ဂူများအကြောင်းကို
တင်ပြပေးချင်ပါသည်။ထိုနေရာများကတော့
(၁) ဆန္ဒန်ဂူ ၊
(၂) ကော့ဂွန်းဂူ ၊
(၃) ဘုရင့်ညီဂူ ၊
(၄) ရသေ့ပျံဂူ တို့အကြောင်းကို ဦးစွာ တင်ပြပါမည်။

(၁) ဆန္ဒန်လှိုဏ်ဂူ
309187 371536659607529 471033320 n
ဆန္ဒန်လှိုဏ်ဂူသည် ကရင်ပြည်နယ်တွင် အရှည်ဆုံးလှိုဏ်ဂူဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင်
ပဉ္စမမြောက်အရှည်ဆုံးလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ဇွဲကပင်တောင်ကြီး၏ အစွန်ဆုံးနေရာတွင်
တည်ရှိပြီး ဘားအံမြို့မှ တောင်ဘက် ၁၅ မိုင်လောက်အကွာတွင် ရှိပါသည်။
252216 371539699607225 931811578 n
ဆန္ဒန်ဂူသည် တစ်ဖတ်ပိတ်ဂူအမျိုးအစား မဟုတ်ပဲ တိုးလျိုပေါက် အခြားတစ်ဖတ်ကိုပေါက်နေသော
လှိုဏ်ဂူဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...