Thursday, January 14, 2016

ကရင်ပြည်နယ်မှ သမိုင်းဝင်ထင်ရှားသော လှိုဏ်ဂူကြီးများ

ကရင်ပြည်နယ်သည် သဘာဝတောတောင်များ၊ လှိုဏ်ဂူများနှင့် ရေတံခွန်စိမ့်စမ်းများ
ပေါများတည်ရှိရာ ဒေသဖြစ်ပါသည်။ လှပသည့်တောင်ကုန်းတောင်တန်းများနှင့်အတူ
သဘာဝအတိုင်းဖြစ်တည်နေသော ကျောက်လှိုဏ်ဂူကြီးများလည်း တည်ရှိနေပါသည်။
ဒီကျောက်လှိုဏ်ဂူကြီးများသည် သဘာဝ ရှုခင်းအလှအပနှင့် စိတ်ကြည်နူးစေယုံသာမက
သမိုင်းအဆက်ဆက် လက်မှုပညာများ၊ ကိုးကွယ်ယုံကြည်မှုများနှင့် ယဉ်ကျေးမှုများကိုပါ
ပေါင်းစု တည်ရှိနေကြပါသည်။ ထိုသမိုင်းဝင် သဘာဝကျောက်လှိုဏ်ဂူများထဲမှ
ကရင်ပြည်နယ် ဘားအံမြို့ အနီးအနားရှိ ထင်ရှားကျော်ကြားပြီးလှပသည့် လှိုဏ်ဂူများအကြောင်းကို
တင်ပြပေးချင်ပါသည်။ထိုနေရာများကတော့
(၁) ဆန္ဒန်ဂူ ၊
(၂) ကော့ဂွန်းဂူ ၊
(၃) ဘုရင့်ညီဂူ ၊
(၄) ရသေ့ပျံဂူ တို့အကြောင်းကို ဦးစွာ တင်ပြပါမည်။

(၁) ဆန္ဒန်လှိုဏ်ဂူ
309187 371536659607529 471033320 n
ဆန္ဒန်လှိုဏ်ဂူသည် ကရင်ပြည်နယ်တွင် အရှည်ဆုံးလှိုဏ်ဂူဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင်
ပဉ္စမမြောက်အရှည်ဆုံးလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ဇွဲကပင်တောင်ကြီး၏ အစွန်ဆုံးနေရာတွင်
တည်ရှိပြီး ဘားအံမြို့မှ တောင်ဘက် ၁၅ မိုင်လောက်အကွာတွင် ရှိပါသည်။
252216 371539699607225 931811578 n
ဆန္ဒန်ဂူသည် တစ်ဖတ်ပိတ်ဂူအမျိုးအစား မဟုတ်ပဲ တိုးလျိုပေါက် အခြားတစ်ဖတ်ကိုပေါက်နေသော
လှိုဏ်ဂူဖြစ်ပါသည်။

270019 371540259607169 1134806554 n
လှိုဏ်ဂူကြီးအတွင်း သဘာဝ ကျောက်စက်ပန်းဆွဲများနှင့် လှပစွာ
တွေ့မြင်ကြရမည်ဖြစ်ပြီး အခြားတစ်ဖတ် ထွက်ပေါက်နားတွင်လည်းရေကန်တစ်ကန်ရှိပါသည်။

(၂) ကော့ဂွန်းလှိုဏ်ဂူ
P7080386
ကော့ဂွန်းဂူသည် မြန်မာ့ရှေးဟောင်းခေတ်သမိုင်းတစ်ခု၏ အနုပညာနှင့် ဗိသုကာအတတ်များကို
အံ့သြစရာကောင်းလှစွာ တွေ့မြင်ရသည့်ရှေးဟောင်းလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ကော့ဂွန်းဂူသည်
တစ်ဖတ်ပိတ် လှိုဏ်ဂူဖြစ်ပြီး အတွင်းဘက်ကို အနည်းငယ်သာ ၀င်ရောက်နိုင်ပါသည်။
IMG 128135946415144
ကောဂွန်းဂူသည် ဘားအံမြို့မှ ၈ မိုင်ခန့်၊သံလွင်အနောက်ဘက်ရှိ ကော့ဂွန်းကျေးရွာမှ ၂ ဖာလုံခန့်
အကွာတွင် တည်ရှိပြီး အမြင့်ပေ ၁၀၀၀ ၊ အလျားပေ ၆၀၀၀ ခန့်ရှိသော ထုံးကျောက်တောင်အမျိုးအစား
ကော့ဂွန်းတောင်တွင် တည်ရှိပါသည်။
Untitled 1
လှိုဏ်ဂူသည်  အလျား ပေ-၁၃၀၊ အနံ ပေ-၇၀၊ အမြင့် ၂၅-ပေ ခန့်ရှိ
ပြီးတစ်ဖတ်ပိတ်ဂူ အမျိုးအစားဖြစ်ကာ ကျောက်စက်ပန်းဆွဲ ၊ ကျောက်စက်မိုးမျှော်များလည်းရှိပါသည်။
ဂူအ၀သည် ကျောက်ကမ်းပါးအမိုး၏ အနောက်တွင် အရှေ့ဘက်ကိုမျက်နှာမူပြီး တည်ရှိပါသည်။
2013 06 15 11 07 03
ဒီဂူကြီးမှာ ရှိကြသော အနုပညာလက်ရာများသည် မည်သည့်အချိန်က စတင်ခဲ့ကြသည်ကို
တိကျသော သမိုင်းဆိုင်ရာ အထောက်အထားတွေတော့ မသိရသေးပါဘူး။ ဒါကလည်း
ရာစုနှစ် အဆက်ဆက် အနုပညာလက်ရာများကို တွေ့ရှိကြရသောကြောင့် ဖြစ်ပါသည်။
3
ပုဂံခေတ် ၁၁ ရာစုခေတ်လက်ရာများထက်စောပြီး ရှေးကြသော လက်ရာများနှင့် ကဗျည်းကျောက်စာ
များကိုလည်းတွေ့ရပါသည်။ သမိုင်းပညာရှင်များကတော့ အေဒီ ၇ ရာစု ခေတ်လောက်ကဟု
သတ်မှတ်ကြပါသည်။ဒါကလည်း ဒီဂူထဲမှာ ရှိတဲ့လက်ရာများတွင် ထေရ၀ါဒ ဗုဒ္ဓရုပ်ပွားတော်များ
သာမက ဟိန္ဒူ၊သျှီဝ စသည့် နတ်ကိုးကွယ်မှု့နှင့်သတ်ဆိုင်သည့် ကျောက်စာတွေ၊ရုပ်လုံးရုပ်ကြွတွေ
ကိုပါ တွေ့မြင်ရသောကြောင့်ဖြစ်ပါသည်။
P7080442
လက်ရှိပြောကြသည့် သမိုင်းဆိုင်ရာတို့ကတော့
၁၁ ရာစုအလယ်လောက်တွင် ပုဂံဘုရင် အနော်ရထာမင်းသည် သထုံပြည်ဘုရင် မနူဟာမင်းကို
စစ်မက်ပြုပြီး အနိုင်ယူခဲ့ပါသည်။ထို့ကြောင့် စစ်ဘေးရှောင် မုတ္တမမိဖုရားသည် ထိုကော့ဂွန်းဂူသို့
ရောက်ရှိပုန်းအောင်းနေပါသည်။ ထို့နောက်တွင် ထိုဂူအတွင်း၌စေတီတွေ ၊ ဗုဒ္ဓဆင်းတုတော်များကို
ထုလုပ်ကိုးကွယ်ခဲ့ကြကြောင်းဆိုပါသည်။
P7080450
သို့ပေမယ့် ထိုကာလမတိုင်ခင်အချိန်ကတည်းက နံရံကပ်ရုပ်ပွားတော်များထုလုပ်ကိုးကွယ်ခဲ့ကြသည့်
အထောက်အထားများရှိကြသည်ဟုဆိုပါသည်။အရင်တုံးက ထိုဂူထဲတွင် နံရံကပ် အုတ်ခွက်ရုပ်ပွားတော်များ
များစွာတည်ရှိခဲ့သည်ဟုဆိုပါသည်။ နှစ်ကာလကြာမြင့်လာသဖြင့် အတော်များများမှာ ပျက်စီးပျောက်ကွယ်
မှုများဖြစ်ပေါ်ခဲ့ရပါသည်။
P7080458

P7080475
ကရင်ပြည်နယ်မှ ထုံးကျောက်လှိုဏ်ဂူတော်တော်များများတွင် ထိုကဲ့သို့
အုပ်ခွက်ဘုရားများရှိသော ဂူများတော်တော်များပါသည်။သို့ရာတွင် ကော့ဂွန်းဂူသည်
နံရံကပ် အုတ်ခွက်ဘုရားအများဆုံးနှင့် ရှေးကျသော ခေတ်သမိုင်းလက်ရာများကြောင့်
ပိုမို ကျော်ကြားလူသိများပြီး သမိုင်းတန်ဖိုး ပိုမိုကြီးမားပါသည်။

(၃) ဘုရင့်ညီဂူ
IMG 4769
ဘုရင့်ညီဂူသည် သံလွင်မြစ်နှင့် ဒုံသမိမြစ်တို့အကြား မြေပြန့်ပေါ်တွင် ထီးထီးကြီး
ထိုးထွက်နေသော ကျောက်တောင်ကြီး၏ အတွင်းပိုင်းတွင် ရှိနေပါသည်။
IMG 4752
ဘုရင့်ညီဂူသည် သထုံ၊မြိုင်ကလေးသွားရာလမ်းတွင် တည်ရှိပြီး မွန်ဘုရင်တစ်ပါး၏ ညီတော်၊နောင်တော်များ
စစ်ရှုံး၍ ထွက်ပြေးကြရာမှ ပုန်းအောင်းနေသောဂူဖြစ်သောကြောင့် ဘုရင့်ညီဂူဟုခေါ်သည်ဟု
မှတ်သားရပါသည်။
IMG 4747
 ဘုရင်ညီဂူတွင်လည်း ရှေးခေတ်လက်ရာ ဘုရားဆင်းတုတော်များကို တွေ့နိုင်သည်။
ထူးခြားချက်မှာ ထိုဂှူရှိသော တောင်အောက်ခြေ တွင် ရေအိုင်ကြီးရှိပြီး ရေပူဖက်နှင့် ရေအေးဖက်ဆိုပြီး
နှစ်မျိုးဖြစ်နေပါသည်။ အတူတူစီးဆင်းလျက်ရှိသော်လည်း ရောယှက်သွားခြင်းမရှိဘဲ တစ်ဖက်က ပူနေပြီး
အခြားတစ်ဖက်မှာ အေးမြလျက်ရှိနေသည်မှာလည်း ထူးခြားမှုတစ်ခုဖြစ်ပါသည်။
IMG 4754
အခြားဂူများကဲ့သို့ပင် ဗုဒ္ဓဘာသာယဉ်ကျေးမှုအများအပြားတွေ့ရပြီး ဂူပေါက်အများအပြားခွဲထွက်နေ
ကြပါသည်။

(၄) ရသေ့ပျံဂူ
968976 276084152529423 1296992262 n
ကော့ဂွန်းဂူလမ်းအတိုင်းသွားလျှင် ရောက်ရှိနိုင်သည့် ရသေ့ပျံဂူမှာလည်း သမိုင်းဆိုင်ရာ
အချက်အလက်များနှင့် ခေတ်အဆဆက်ဆက် ယဉ်ကျေးမှုများကိုပါ လေ့လာနိုင်သည့်
သမိုင်းဝင်ဂူတစ်ခုဖြစ်ပါသည်။
1045237 275035469300958 1299214056 n
ဂူအ၀က၇၅-ပေသာ ကျယ်ပေမယ့် ဂူတွင်းမှာ
ပေ ၁၅၀-ခန့်ကျယ်ဝန်းပါတယ်။
1044496 275113665959805 266717267 n
သဘာဝကျောက်လိုဏ်ဂူတွင်
ရှေးဟောင်းနံရံအုတ်ခွက်ဘုရားများရှိခြင်းနှင့် တရားထူးရသော ရသေ့ တစ်ပါးသည် တောင်ကိုဖေါက်၍
ကောင်းကင်သို့ ဈာန်ဖြင့် ပျံတက်သွားခြင်း အကြောင်း များကြောင့် ရသေ့ပျံတောင်၊ရသေ့ပျံဂူဟု
ခေါ်ကြကြောင်းဆိုပါသည်။
1044077 275114675959704 867300020 n
 ရှည်လျားသော သမိုင်းမှတ်တမ်းများရှိပြီး ဗုဒ္ဓဘာသာ ဘုရားရုပ်ပွားတော်
များတည်ရှိရာ လှိုဏ်ဂူတစ်ခုဖြစ်ပါသည်။
992906 275115839292921 829315728 n




ကရင်ပြည်နယ်တွင် အခြားသော လှိုဏ်ဂူများ ကျန်ပါသေးသည်။ နောင်အခါသင့်လျှင် တင်ပေးပါအုံးမည်။
အထက်ပါအကြောင်းအရာများကို မဇ္ဇျိမသတင်းဌာန သတင်းဆောင်းပါးများ ၊
မြန်မာ့ယဉ်ကျေးမှုပုံရိပ်များ ဘလော့နှင့် မြန်မာဝီကီမှ အချက်အလက်များကိုပေါင်းစုပြီး
နေခရမ်းမှ တင်ပြပေးခြင်းဖြစ်ပါသည်။ ပုံများကိုလည်း အင်တာနက်တွင်ရှာလို့ရသမျှကို
ပြန်လည်တင်ပေးခြင်းဖြစ်ပါသည်။ မူရင်းပုံပိုင်ရှင်များကို ကျေးဇူးတင်ပါကြောင်း
ပြောကြားလိုပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း


No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...