Thursday, August 10, 2017

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၁၉)

Kari Herer ဆိုတဲ့ အနုပညာရှင်တစ်ဦးရဲ့ ဖန်တီးထားတဲ့ ပုံများ ဖြစ်ပါတယ်။ သူက အခြားသော ပေါင်းစပ်ဖန်တီးထားသော ပုံလေးများနဲ့ မတူဘဲ ပန်းပွင့်လေးများကိုသာ အသုံးပြုပြီး ကိုယ်လိုချင်တဲ့ ပုံလေးများ ရရန် ဖန်တီးထားတာပါ။ ဒါကြောင့် သူ့ရဲ့ပုံလေးများက တစ်မျိုးချစ်စရာကောင်းနေပြီး အမြင်ဆန်းသစ် စေပါတယ်။

အမှတ်တမဲ့ အလွဲများ ( ၈၆ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ 
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
ကြံကြံဖန်ဖန် မမရယ်။ မမ ဒုက္ခလည်း မသေးပါလားနော်...

အံမယ်... သူတို့ရှေ့ စတန့်ပြနေတယ်မထင်နေလား မသိဘူး

ကမ္ဘာအကြီးဆုံး လှိုဏ်ဂူကြီး (သို့) ကမ္ဘာမြေအောက်မှ သီးခြားကမ္ဘာ

ကမ္ဘာပေါ်တွင် လှိုဏ်ဂူကြီးများ များစွာရှိကြပါသည်။ ယခုတင်ပြမည့် ဗီယက်နမ်နိုင်ငံမှ Hang Son Doong လှိုဏ်ဂူကြီးကတော့ အတွင်ပိုင်းတွင် သစ်တောများ ၊ တိမ်တိုက်မြူခိုးများ ၊ မြစ်များ ၊ စမ်းချောင်းများ ၊ သဲသောင်ပြင်များ နှင့် နေထိုင်အသက်ရှင်နေကြသော တိရိစ္ဆာန်လေးများကြောင့် ကမ္ဘာမြေအောက်မှ သီးခြားကမ္ဘာ တစ်ခုကဲ့သို့ ဖြစ်တည်နေခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ကိုယ်ပိုင်ရာသီဥတု နှင့် ကိုယ်ပိုင် သဘာဝပတ်ဝန်းကျင် ရှိလောက်အောင် ကျယ်ဝန်းကြီးမားလှသဖြင့် Hang Son Doong လှိုဏ်ဂူကြီးကို ကမ္ဘာ့အကြီးဆုံးလှိုဏ်ဂူကြီးအဖြစ် သတ်မှတ်ကြပါသည်။

ဒါပေမယ့် ထိုလှိုဏ်ဂူကြီးကို တွေ့ရှိခဲ့သည်မှာ မကြာသေးပါ။ ၁၉၉၁ ခုနှစ်ထဲတွင် ဒေသခံတစ်ဦးဖြစ်သည့် Hồ-Khanh သည် ထိုလှိုဏ်ဂူကြီး၏ ၀င်ပေါက်ကို စတင်တွေ့ရှိခဲံခြင်း ဖြစ်ပါသည်။ ကြီးမားသော လှိုဏ်ဂူကြီး အောက်ခြေမှ မြေအောက်မြစ်များ၏ ရေစီးသံများ ကြားနေရသောကြောင့် ထိုဒေသခံမှာ ကြောက်လန့်ပြီး အထဲအထိ မ၀င်ဘဲ ပြန်ထွက်လာခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ဗြိတိသျှ လှိုဏ်ဂူ သုတေသန အသင်းမှ သိပ္ပံပညာရှင်များဖြစ်သော Howard နှင့် Deb Limbert တို့ ဦးဆောင်သော အဖွဲ့သည် ဗီယက်နမ်၏ အမျိုးသားဥယျာဉ် Phong Nha-Ke Bang ကို လေ့လာရင်း Hang Son Doong လှိုဏ်ဂူကြီးကို တွေ့ရှိခဲ့ပြီး ၀င်ရောက်ကြည့်ရှု့ခဲ့ကြပါသည်။ ထိုအဖွဲ့ဝင်ရောက်ကြည့်မိတော့မှ အတွင်း၌ မြေအောက်သီးခြားကမ္ဘာတစ်ခုကဲ့သို့ ဖြစ်တည်နေသော Hang Son Doong လှိုဏ်ဂူကြီး အကြောင်းကို ကမ္ဘာမှ သိရှိခဲ့ကြပါသည်။ နောက်ထပ်ဝင်ရောက် လေ့လာတိုင်းတာမှုများကြောင့် Hang Son Doong လှိုဏ်ဂူကြီးသည် ကမ္ဘာ့အကြီးဆုံးလှိုဏ်ဂူကြီး အဖြစ် သတ်မှတ်ခဲ့ကြပါသည်။

ကမ္ဘာကျော် နိုင်အာဂရာရေတံခွန်ကြီး

ကမ္ဘာပေါ်တွင် အလှပဆုံးရေတံခွန်များ စာရင်းပြုစုရာတွင် မပါမဖြစ် ပါဝင်နေသော ရေတံခွန်တစ်ခုမှာ နိုင်အာဂရာရေတံခွန်ကြီး ဖြစ်ပါသည်။ ထိုရေတံခွန်ကြီးသည် ရေစီးသန်ခြင်း ၊ ကျယ်ပျံ့ကြီးမားစွာ တည်ရှိနေခြင်းတို့ကြောင့် ကမ္ဘာကျော်နေရခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ နှင့် ကနေဒါနိုင်ငံတို့ ကြားတွင် တည်ရှိနေပြီး ရေတံခွန် သုံးခုစုပေါင်း ဖြစ်တည်နေခြင်း ဖြစ်ပါသည်။

နိုင်အာဂရာရေတံခွန်ကြီးသည် Niagara မြစ် စီးဆင်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၁၆၇ ပေအထိ အမြင့် ရှိပါသည်။ Horseshoe ရေတံခွန်၊ American ရေတံခွန် နှင့် Bridal Veil ရေတံခွန်ဟူသည့် ရေတံခွန်သုံးခု ပေါင်းစုပြီး နိုင်အာဂရာ ရေတံခွန်ကြီးအဖြစ် တည်ရှိနေခြင်း ဖြစ်ပါသည်။

အကြီးဆုံး Horseshoe ရေတံခွန်သည် ကနေဒါဘက်အခြမ်းတွငတည်ရှိပြီး American ရေတံခွန်သည် အမေရိကန်နိုင်ငံဘက်အခြမ်းတွင် တည်ရှိပါသည်။ ထိုရေတံခွန် နှစ်ခုကြားတွင် Goat ကျွန်း ရှိနေပါသည်။

ကက်ဆက်တိတ်ခွေကြိုးပြားများဖြင့် ဖန်တီးထားသောပုံများ

CD/VCD တို့မပေါ်ခင်က အသုံးပြုခဲ့ကြတဲ့ ကက်ဆက်တိတ်ခွေများကို အမှတ်ရကြအုံးမှာပါ။ ယခုအခါ အသုံးပြုမှု မရှိသလောက် ဖြစ်နေပေမယ့် Erika Iris Simmons ဆိုတဲ့ အနုပညာရှင် တစ်ယောက်ကတော့ ပီပြင်သေသပ်သည့် ပုံများဖြစ်ရန် အသုံးချပြခဲ့ပါတယ်။ သူရဲ့ စိတ်ကူးဆန်းဆန်း ဖန်တီးမှုလေးများကို ကြည့်လိုက်ရအောင်နော်…

Related Posts Plugin for WordPress, Blogger...