ကမ္ဘာပေါ်တွင် အလှပဆုံးရေတံခွန်များ စာရင်းပြုစုရာတွင် မပါမဖြစ် ပါဝင်နေသော ရေတံခွန်တစ်ခုမှာ နိုင်အာဂရာရေတံခွန်ကြီး ဖြစ်ပါသည်။ ထိုရေတံခွန်ကြီးသည် ရေစီးသန်ခြင်း ၊ ကျယ်ပျံ့ကြီးမားစွာ တည်ရှိနေခြင်းတို့ကြောင့် ကမ္ဘာကျော်နေရခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ နှင့် ကနေဒါနိုင်ငံတို့ ကြားတွင် တည်ရှိနေပြီး ရေတံခွန် သုံးခုစုပေါင်း ဖြစ်တည်နေခြင်း ဖြစ်ပါသည်။

နိုင်အာဂရာရေတံခွန်ကြီးသည် Niagara မြစ် စီးဆင်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၁၆၇ ပေအထိ အမြင့် ရှိပါသည်။ Horseshoe ရေတံခွန်၊ American ရေတံခွန် နှင့် Bridal Veil ရေတံခွန်ဟူသည့် ရေတံခွန်သုံးခု ပေါင်းစုပြီး နိုင်အာဂရာ ရေတံခွန်ကြီးအဖြစ် တည်ရှိနေခြင်း ဖြစ်ပါသည်။

အကြီးဆုံး Horseshoe ရေတံခွန်သည် ကနေဒါဘက်အခြမ်းတွငတည်ရှိပြီး American ရေတံခွန်သည် အမေရိကန်နိုင်ငံဘက်အခြမ်းတွင် တည်ရှိပါသည်။ ထိုရေတံခွန် နှစ်ခုကြားတွင် Goat ကျွန်း ရှိနေပါသည်။

Horseshoe ရေတံခွန်သည် ၂,၆၀၀ ပေ အကျယ်ရှိကာ American ရေတံခွန်သည် ၁,၀၆၀ ပေ ကျယ်ပါသည်။ နိုင်အာဂရာ ရေတံခွန်ကြီးသည် ကမ္ဘာပေါ်တွင် ရေစီးအသန်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါသည်။ ရေကျဆင်းမှု ပမာဏမှာ တစ်စက္ကန့်လျှင် ၃၂ ပေအထိ အရှိန်ပြင်းပြင်းဖြင့် ကျဆင်းနေပါသည်။
ထိုနိုင်အာဂရာရေတံခွန်ကြီးမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရာ ရေတံခွန်တခုလည်း ဖြစ်ပါသည်။ တွက်ချက်မှုများအရ ထိုရေတံခွန်ကြီးသည် ကီလိုဝပ် ၄ သန်း ပမာဏနှင့် ညီသော လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနိုင်သည်ဟု သိရပါသည်။

ယခုအခါ ကမ္ဘာလှည့်ခရီးသွား အများအပြား သွားရောက်လည်ပတ်ရာ အဓိကနေရာ တစ်နေရာ ဖြစ်နေပြီး ခရီးသွားများအတွက် အပန်းဖြေနေရာများ ၊ ရေတံခွန်ရှု့ခင်းကြည့်ရန် နေရာများအပြင် ညပိုင်း ရေတံခွန်ကြီးကို မီးရောင်စုံဖြင့် လှပအောင် ဖန်တီးပေးထားမှုများလည်း ပြုလုပ်ပေးထားပါသည်။ နိုင်အာဂရာ ရေတံခွန်ကြီးသို့ နှစ်စဉ် ခရီးသွား သန်းနှင့်ချီလာရောက်ကြပါသည်။

အလွန်းအေးသော လများတွင် ထိုရေတံခွန်ကြီး ရေခဲသွားသည့် ပုံစံများကိုလည်း တွေ့မြင်ရပါသည်။ ရေခဲနေသော နိုင်အာဂရာ ရေတံခွန်ကြီးမှာလည်း တစ်မျိုးလှပနေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။