Saturday, November 30, 2013

ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၈)


ခန္ဓာကိုယ်မှ အလိုအလျောက် မီးထတောက်လောင်ကျွမ်းခြင်း အကြောင်းများကို

တင်ပြလာတာ များပါပြီ။ ဒီတစ်ခါတော့ ဒီလိုအဖြစ်များဖြစ်ပျက်တတ်တဲ့ အကြောင်း

မှတ်ချက်များကို တင်ပြရင်း နိဂုံးချုပ်ပါတော့မယ်။

ဒီအကြောင်းများဟာ ယုံကြည်ရန်ခက်ပါတယ်။ ကမ္ဘာ့ပညာရှင်အများသည်လည်း

ယုံကြည်သူ ရှိသလို မယုံကြည်သူများလည်းရှိကြပါတယ်။ဒါပေမယ့် ဘက်နှစ်ဘက်

လုံးက ပညာရှင်များကတော့ ပြည့်စုံမှန်ကန်တဲ့ သက်သေပြချက်များကို ယနေ့

အထိ မပြနိုင်ကြပါဘူး။ အကြောင်းအရာ တစ်ခုတွင် မှန်ကန်သည်ဟုထင်ရသော

သက်သေပြချက်များသည် နောက်ထပ်အဖြစ်အပျက်များတွင် မမှန်နိုင်တော့ပါ။

ထို့ကြောင့်ပင် ဒီအဖြစ်အပျက်များကို Sloontaneous Human Combution

(SHC) ဟုခေါ်ကြပြီး အဖြေမသိနိုင်သော Unknow Cases များအဖြစ် မှတ်တမ်း

တင်ထားကြပါတယ်။

ထူးထူးခြားခြားတည်ရှိနေသော ပင်လယ်သေ


ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ကုန်းတွင်းပိုင်းတွင် ရှိကြသည့် အလွန်ကြီးမား

သော အင်းကြီးများ ၊ ကန်ကြီးများ ရှိကြပါတယ်။ တစ်ချို့မှာ အလွန်ကြီး

ကြသဖြင့် ကုန်းတွင်းပင်လယ်ဟု ခေါ်ကြပါတယ်။ ထိုအထဲမှ ပင်လယ်သေ

အကြောင်းကို နေခရမ်း မှ တင်ပြချင်ပါတယ်။

ပင်လယ်သေ ဟာ အရှေ့အလယ်ပိုင်းဒေသ တွင်တည်ရှိပြီး ၊ ပါလက်စတိုင်း၊

အစ္စရေး ၊ ဆီးရီးယား ၊ လက်ဘလွန်၊ အီဂျစ်နှင့်ဂျော်ဒန်နိုင်ငံတို့နှင့် ဆက်စပ်နေပါတယ်။

 ပင်လယ်သေ ၏ ထူးခြားချက်များမှာ ထို ရေထဲတွင် ရေနေသတ္တ၀ါများ မနေနိုင်ကြပါ။

 ရေထဲတွင် အငန်ဓာတ် အလွန်များ နေသောကြောင့် ဖြစ်ပါတယ်။ 

ပင်လယ်သေ ၏ ရေမျက်နှာပြင်သည် ကမ္ဘာ့ကုန်းပိုင်းတွင် အနိမ့်ဆုံးဖြစ်ပါတယ်။

ပျမ်းမျှခြင်းအရ ကမ္ဘာ့ပင်လယ်ရေပြင်အောက် မီတာ 427  (1,401 ပေ) နိမ့်နေပါတယ်။
Related Posts Plugin for WordPress, Blogger...