Saturday, November 30, 2013

ထူးထူးခြားခြားတည်ရှိနေသော ပင်လယ်သေ


ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ကုန်းတွင်းပိုင်းတွင် ရှိကြသည့် အလွန်ကြီးမား

သော အင်းကြီးများ ၊ ကန်ကြီးများ ရှိကြပါတယ်။ တစ်ချို့မှာ အလွန်ကြီး

ကြသဖြင့် ကုန်းတွင်းပင်လယ်ဟု ခေါ်ကြပါတယ်။ ထိုအထဲမှ ပင်လယ်သေ

အကြောင်းကို နေခရမ်း မှ တင်ပြချင်ပါတယ်။

ပင်လယ်သေ ဟာ အရှေ့အလယ်ပိုင်းဒေသ တွင်တည်ရှိပြီး ၊ ပါလက်စတိုင်း၊

အစ္စရေး ၊ ဆီးရီးယား ၊ လက်ဘလွန်၊ အီဂျစ်နှင့်ဂျော်ဒန်နိုင်ငံတို့နှင့် ဆက်စပ်နေပါတယ်။

 ပင်လယ်သေ ၏ ထူးခြားချက်များမှာ ထို ရေထဲတွင် ရေနေသတ္တ၀ါများ မနေနိုင်ကြပါ။

 ရေထဲတွင် အငန်ဓာတ် အလွန်များ နေသောကြောင့် ဖြစ်ပါတယ်။ 

ပင်လယ်သေ ၏ ရေမျက်နှာပြင်သည် ကမ္ဘာ့ကုန်းပိုင်းတွင် အနိမ့်ဆုံးဖြစ်ပါတယ်။

ပျမ်းမျှခြင်းအရ ကမ္ဘာ့ပင်လယ်ရေပြင်အောက် မီတာ 427  (1,401 ပေ) နိမ့်နေပါတယ်။

ပင်လယ်သေသည် 306 m (1,004 ပေ)  နက်ပြီး ကမ္ဘာ့ဆားငန်အများဆုံး ကန်ကြီးများတွင်
အနက်ဆုံးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
ပင်လယ်သေသည် 50 kilometres (31 မိုင်) ရှည်ပြီး 15 kilometres (9 မိုင်) ကျယ်ပါတယ်။

ပင်လယ်သေ အတွင်းရှိရေသည် ဖော့အားကြီးလွန်းသဖြင့် ရေကူးလျှင် နစ်၍ 

မသွားနိုင်ပါ။ ထို့ကြောင့် ရေမကူးတက်သည့် သူများပင်လျှင် ပင်လယ်သေ

အတွင်း၌ လွတ်လပ်စွာရေကူးနိုင်ပါတယ်။
  

 
ထို့ပြင် ထိုပင်လယ်ရေ နှင့် ရွှံ့ညွှန်များသည် ရောဂါကုသနိုင်သည် ဟုလည်း

ယုံကြည်ကြပါတယ်။လူများသည် ပင်လယ်သေမှရွှံ့ညွှန်များကို ကိုယ်ပေါ်တွင်

သုတ်လိမ်းထားလျှင် ပင်ပန်းနွမ်းနယ်မှု လျှော့ပါးစေ၍ သွေးလေလည်ပတ်မှု

မှန်ကန်စေသည် ။ရုပ်ပျိုကိုယ်နု၍ ကျန်းမာစေသည်ဟု ယုံကြည်သတ်မှတ်ကြပါတယ်။

အများအားဖြင့် အရေပြားရောဂါ နှင့် အကြောအဆစ်ရောဂါ သမားများ လာရောက်

တတ်ကြပါတယ်။
ပင်လယ်သေသည် အငန်ဓာတ်များ လွန်းသဖြင့် ကမ်းခြေများတွင် ဆားတုံး ၊ 

ဆားခဲများကို အများအပြား တွေ့မြင်ရပါတယ်။ ထိုပင်လယ်ဆားများကို အသုံးပြု

ပြီး ဆေးဝါးထုတ်လုပ်ပြီး ရောင်းချကြပါသေးတယ်။
 

 

တကယ်တော့ ပင်လယ်သေဟာ ကမ္ဘာတလွှားတွင် တည်နေပုံ အထူးခြားဆုံး၊ အမည်အထင်ရှားဆုံး 

ပင်လယ်တစ်ခုဖြစ်ပြီး ထူးဆန်းမှုများနှင့်ပြည့်နှက်နေပါတယ်။

ယခုအခါ ပင်လယ်သေ၏ အခြေအနေကို ထပ်မံ တင်ပြပါအုံးမည်။
 
နောင်တစ်ချိန်တွင် ကမ္ဘာပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားနိုင်သည့် စိုးရိမ်စရာ အခြေအနေမျိုး

ဖြစ်ပေါ်လာကြောင်း သိရသည်။ ကုန်းတွင်းပင်လယ်တစ်ခုအဖြစ် တည်ရှိသော 

ပင်လယ်သေသည် နှစ်စဉ်နှစ်တိုင်း

ရေမျက်နှာပြင် နိမ့်ကျလာပြီး ရေရှည်တွင် လုံးဝ ခန်းခြောက် ပျောက်ကွယ်သွားနိုင်ကြောင်း

သုတေသီများက မှတ်ချက်ပြုထားသည်။ ပင်လယ်သေ၏ တည်ရှိပုံသည် ထူးခြားပြီး တစ်ကမ္ဘာလုံးရှိ 

ပင်လယ်

သမုဒ္ဒရာများ၏ ရေမျက်နှာပြင် အမြင့်ထက် သိသာစွာ နိမ့်ပါးနေသည်။ (၁၉၆၀) ပြည့်လွန်နှစ်များက

ပင်လယ်သေ၏ မျက်နှာပြင် အမြင့်သည် ပင်လယ်ရေမျက်နှာပြင်ထက် (၃၉၄)မီတာ နိမ့်နေခဲ့သည်။ 

သို့သော်လည်း (၂၀၁၂)ခုနှစ် အကုန်တွင်မူ (၄၂၃)မီတာထိ နိမ့်ဆင်းနေပြီ ဖြစ်သည်။

အဓိက အကျဆုံး အချက်တစ်ခုမှာ ပင်လယ်သေ ကြမ်းပြင်တွင် ရေဆင်းပေါက်များ ဖြစ်ပေါ်လာခြင်းဟု 

သိရသည်။

ယင်းသို့ ဖွဲ့စည်းဖြစ်ပေါ်လာမှု အခြေခံ အကြောင်းရင်းကို ပညာရှင်များ မရှင်းလင်းနိုင်သေးချေ။

ပထမဆုံး ရေဆင်းပေါက်သည် (၁၉၈၀)ပြည့်လွန် နှစ်များက စတင်ပေါ်လာခဲ့ပြီးနောက် 

(၁၉၉၀)ပြည့်နှစ်တွင်

ရေဆင်းပေါက် (၄၀)မျှ ရှိနေခဲ့သည်။ (၂၀၁၂)ခုနှစ် အကုန်တွင်မူ စုစုပေါင်း (၃၀၀၀)ကျော်

ရှိလာပြီဖြစ်ရာ ရေမျက်နှာပြင် နိမ့်ကျမှုကို ပိုမိုလျင်မြန်လာစေကြောင်း သုတေသီများက

ပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် (၁၉၉၀)ပြည့်လွန် နှစ်များက ပင်လယ်သေ၏ ရေမျက်နှာပြင် 

အကျယ်သည်

စတုရန်းကီလိုမီတာ (၉၅၀)မျှ ရှိခဲ့သော်လည်း ယနေ့ခေတ်တွင် (၆၃၇)စတုရန်း ကီလိုမီတာသာ

ကျယ်ပြန့်တော့သည်။ တစ်နည်းအားဖြင့် ရေမျက်နှာပြင်အကျယ် (၃)ပုံ(၁)ပုံမျှ ယုတ်လျော့သွားသည့်

သဘောမျိုး သက်ရောက်နေသည်။
 
သူငယ်ချင်းများ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……………. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...