Wednesday, July 26, 2017
ကမ္ဘာ့အကြီးဆုံး ဝင်္ကပါဥယျာဉ်ကြီး
ခြံစည်းရိုးများတွင် စိုက်လေ့ရှိသော အပင်များဖြင့် ယခုနောက်ဆုံး ဂင်းနစ်မှတ်တမ်းတင်ထားသော ဝင်္ကပါဥယျာဉ်ကြီးပါ။ လိပ်ပြာဝင်္ကပါ ဟုအမည်ပေးထားသော ထိုဥယျာဉ်ကြီး၏ အကျယ်အဝန်းမှာ ၃၃၅၆၄.၆၇ စတုရန်းမီတာ (၈.၂၉၄ ဧက) အထိရှိပါသည်။ ဝင်္ကပါလမ်းကြောင်းများ၏ ကွေ့ဝိုက်ထားသော စုစုပေါင်း လမ်းကြောင်း အရှည်မှာ ၅.၂ မိုင် အထိရှိပါသည်။ ထိုဝင်္ကပါဥယျာဉ်ကြီးသည် တရုတ်နိုင်ငံ တွင်တည်ရှိပြီး Ningbo Maze Tourism Development မှ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ Adrian Fisher ဆိုသည့် ပညာရှင်မှ ဒီဇိုင်းထုတ်ပြီး စီမံတည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ဝင်္ကပါလမ်းနှင့် အရက်ဆိုင်
ဆိုင်အဝင်လမ်းကို အဖြောင့်မဖောက်ဘဲ ဝင်္ကပါလမ်းကဲ့သို့ ကွေ့ကောက်ဖောက်ထားသော အိန္ဒိယနိုင်ငံမှ အရက်ဆိုင်တစ်ဆိုင်ပါ။
တမင်ဒီဇိုင်ထွင်ပြီး ထိုကဲ့သို့ ကွေ့ကောက်လမ်းဖောက်ထားခြင်း မဟုတ်ပါ။ အိန္ဒိယနိုင်ငံတွင် အရက်ဆိုင်သည် လမ်းမမှ မီတာ ၅၀၀ အနည်းဆုံး ဝေးရမည့် ဥပဒေထုတ်ပြန်လိုက်သဖြင့် ထိုကဲ့သို့ လမ်းမရှည် ရှည်အောင် ကွေ့ကောက်ဖောက်ထားခြင်းပါ။
ယခုဖောက်ထားသည့်အတိုင်း လမ်းမ မှ ဆိုင်ကိုတိုင်းလျှင် မီတာ ၅၂၀ အထိဝေးပါသည်။
လက်တစ်လုံးခြားလုပ်တာ ဆိုပေမယ့် လာသောက်သူများအနေဖြင့် အပြန်မူးနေချိန်တွင် ရွာလည်နေနိုင်ပါတယ်ဗျာ။
ခွေးလေးများ၏ ကြောက်လန့်နေပုံများ
ခွေးလေးများ၏ ချစ်စဖွယ် ကြောက်လန့်နေကြပုံများပါ။ ကြည့်လိုက်ကြပါအုံးနော်...
တန်ဝက် အလေးချိန်ကို မပြခဲ့သည့် ဗြိတိန်လူသန်ကြီး ကမ္ဘာ့စံချိန်တင်
 ဗြိတိန်နိုင်ငံမှ အလေးမ အားကစား သမား အက်ဒီဟောလ်ဟာ တန်ဝက် အလေးချိန် ရှိတဲ့ အလေးကို မပြ ခဲ့ပြီးနောက် သမိုင်းမှာ မယုံနိုင် လောက်စရာ အံ့ဖွယ် လူသားတဦး ဖြစ်လာ ခဲ့ပါတယ်။
ခုလို အလေးချိန်ကို မ ပြခဲ့တဲ့ အခိုက် အတန့်မှာ ခေါင်းထဲက သွေးကြောတွေ ပေါက်ထွက်တော့ မတတ်ဖြစ်ခဲ့ပြီး သိစိတ်ပျောက် သွားခဲ့ တယ်လို့ သူက ၀န်ခံ လိုက်ပါတယ်။
ခုချိန် မှာတော့ အရပ် အမြင့် ၆ ပေ ၃ လက်မ ရှိတဲ့ အသက် ၂၉ နှစ် အရွယ် အက်ဒီ ဟောလ်ဟာ အလေးချိန် ၅၀၀ ကီလိုဂရမ်လောက်ကို အသာလေး မပြနိုင်တဲ့ အလေးမ ဘုရင် ဖြစ်လာ ခဲ့ပါပြီ။
ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ အချိန် ၂၄ နာရီအတွင်း ၀င်ရောက်ကြည့်ရှုသူ ၃ သန်းနီးပါး ရှိခဲ့ပါတယ်။
ဒါပေမယ့် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူဟာ အဲဒီလို မ ပြခဲ့ပြီးနောက် ဒူးကွေးကျခဲ့ပြီး သိစိတ်ပျောက်သလို ဖြစ်သွားခဲ့တာကို တွေ့ရမှာပါ။
ဘေ့စ်ဘော အားကစား ကို ဘယ်သူ စတင်ခဲ့သလဲ
ဘေ့စ်ဘော အားကစားနဲ့ ပတ်သက် လာရင်တော့ ပြည်တွင်း စစ်မှာ ပါဝင်ခဲ့တဲ့ Abner Doubleday ဆိုတဲ့ ဗိုလ်ချုပ် ကို သိထားဖို့ လိုပါ လိမ့်မယ်။ ၁၈၃၉ ခုနှစ်က နယူးယော့ခ်မြို့ ကူးပါးစ်တောင်း ဆိုတဲ့ မြို့နယ်မှာ ထိုဗိုလ်ချုပ် က ဘေ့စ်ဘောလို့ အမည် တွင်တဲ့ အားကစားကို စတင် တီထွင် ခဲ့ပါတယ်။
အဲဒီနောက် မှာတော့ A.J.Spalding ဆိုတဲ့ မေဂျာလိဂ် ကစားသမား တစ်ဦးနဲ့ သတ္တုတွင်း အင်ဂျင်နီယာ တစ်ယောက် ဖြစ်တဲ့ Abner Graves တို့က ၁၉၃၀ ခုနှစ်မှာ အမျိုးသား ဘေ့စ်ဘော ပြတိုက်ကို စတင် တည်ဆောက် ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တစ်ကယ်တမ်းမှာတော့ ဘေ့စ်ဘော ရာဇ၀င်ဟာ Doubleday ရဲ့ ရာဇ၀င်ထက် များစွာ ရှုပ်ထွေးနေ ပါသေးတယ်။
ကမ္ဘာ့ တက်တူး အများဆုံး အမျိုးသမီး
ကမ္ဘာပေါ်မှာ တက်တူး အများဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ထားနိုင် သူကတော့ အမေရိကန် နိုင်ငံသူ ဂျူလီယာ ဂျီးနပ်စ် ဖြစ်ပြီး အခုအချိန်မှာ အသက် ၅၇ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ ဂျီးနပ်စ် ဟာ သူ့ခန္ဓာကိုယ်ရဲ့ ၉၅ ရာခိုင်နူန်းကို တက်တူးများနဲ့ ဖုံးအုပ် ထားသူပါ။
သူမဟာ တက်တူး အများဆုံးကို ပိုင်ဆိုင်တဲ့ အမျိုးသမီး အဖြစ် ဂင်းနစ် မှတ်တမ်းတင် ထားနိုင်သူ ဖြစ်ပြီး အခုအထိ သူ့စံချိန်ကို လိုက်မှီသူ မရှိသေး ပါဘူး။
ဂျီးနပ်စ်ဟာ အရေပြား ရောဂါ တစ်မျိုးကို ခံစားနေ ရသူဖြစ်ပြီး ဒီရောဂါကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို ဖုံးကွယ်ဖို့ ခြေထောက်မှာ တက်တူး ထိုးတာကနေ ဒီအနုပညာကို စွဲလမ်း သွားခဲ့ ရတာ ဖြစ်ပါတယ်။
ခြေထောက်ကနေ စလို့ ဝမ်းဗိုက်၊ လက်မောင်းနဲ့ နောက်ကျော တို့မှာ တဖြည်းဖြည်း ရောင်စုံ ပုံတွေ ရေးထိုးခဲ့ပြီး အခု အချိန်မှာတော့ တက်တူး ပုံတွေကို သူ့မျက်နှာပေါ် မှာပါ မြင်တွေ့ ရမှာဖြစ် ပါတယ်။
ဂျီးနပ်စ်ရဲ့ တက် တူးတွေမှာ တောတောင်ရှုခင်းပုံတွေ၊ သူနှစ်သက်တဲ့ ကာတွန်းဇာတ်ကောင်ပုံတွေ၊ တိရစ္ဆာန်ပုံတွေပါဝင်ပြီး တစ်ခုထူးခြားတာက သူဟာ ဒီပုံတွေ အကုန်လုံးကို တက်တူးပညာရှင်တစ်ယောက်တည်းဆီမှာ ရေးထိုးခဲ့ တာဖြစ် ပါတယ်။
Ref: Wiki
Credit:Yangon Media Group
ကော်မိုရန် မြို့တော်ဝန်အဖြစ် Duke အမည်ရှိ ခွေးက တတိယ အကြိမ် ရွေးချယ်ခံရ
ဝါရှင်တန် ၊ ၂၆-၈-၂၀၁၆
Duke အမည်ရှိ Great Pyrenees အမျိုးအစား ခွေးသည် အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်ရှိ ကော်မိုရန် မြို့တော်ဝန် အဖြစ် တတိယ အကြိမ်မြောက် သက်တမ်း အတွက် ပြန်လည် ရွေးချယ် ခံခဲ့ ရကြောင်း သိရသည်။
Duke သည် မြို့အတွင်း ကျင်းပခဲ့သည့် မြို့တော်ဝန် ရွေးချယ်ပွဲ၌ ဒေသတွင်းရှိ အခြား မြို့တော်ဝန် ကိုယ်စားလှယ်လောင်း ဖြစ်သူ စတိုးဆိုင် ပိုင်ရှင် ရစ်ချက်ဘရုစ် ကိုကျော်ဖြတ်၍ အနိုင် ရရှိခဲ့ခြင်း ဖြစ်ပြီး လူဦးရေ ၁ဝဝဝ ခန့် နေထိုင်သည့် ကော်မိုရန် မြို့တော်ဝန် အဖြစ် ပြန်လည် ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် Duke သည် မြို့တော်ဝန် အဖြစ် တတိယ အကြိမ်မြောက် အနိုင်ရရှိ ခဲ့ပြီးနောက် ခြောက်ကြိမ်မြောက် နှစ်ပတ်လည် Cormorant Daze Festival ပွဲတော်အား ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်သို့ Doke သည် ကြယ်များဖြင့် စီခြယ်ထားသည့် ခွေးလည်ပတ်နှင့် ဦးထုပ်အနက် အသေးတစ်လုံးကို ဝတ်ဆင် တက်ရောက် ခဲ့ကြောင်း သိရသည်။
Credit:pyichitthar.com
အရပ်ဆက်လက်ရှည်နေဆဲ ကမ္ဘာ့စံချိန်တင် အရပ်အရှည်ဆုံး ဆယ်ကျော်သက်
အရပ် အမြင့် ၇ ပေ ၈ လက်မနဲ့ ကမ္ဘာ့ အရပ် အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် စံ ချိန်တင် ထားခဲ့တဲ့ ဘရော့ဂ်ဘရောင်းဒ်ဟာ အရပ် ဆက်လက်
မြင့်နေဆဲ ဖြစ်တယ်လို့ မေရာ သတင်း တပုဒ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖော်ပြ ပါတယ်။
လက်ရှိမှာ အသက် ၁၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရော့ဂ် ဘရောင်းဒ်ဟာ အမေရိ ကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်မှဖြစ်ပြီး သူ့ရဲ့ အရပ်ရှည်ထွက်နှုန်းဟာ တနှစ်ကို ၆ လက်မ လောက်ရှိနေတာဖြစ်ပါတယ်။
ခုလိုသာ ဆက်ပြီး အရပ်ရှည်လာမယ်ဆိုရင်တော့ လက်ရှိစံချိန်တင် ကမ္ဘာ့အရပ် အမြင့်ဆုံးအမျိုးသား ဆူလ်တန် ကိုဆန်ရဲ့ စံချိန်တင် အရပ်အမြင့် ၈ ပေ ၂ လက်မကို ကျော်သွားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ မိခင်ဖြစ်သူ ဒါချီက “ဘရော့ဂ်ဟာ သူငယ်တန်းလောက်မှာကိုပဲ အရပ်အမြင့် ၅ ပေ ၂ လက်မလောက်ရှိနေပါပြီ”လို့ ပြောပါတယ်။
သင့်ရဲ့ ဆီးအရောင်မှသိရှိနိုင်သော ကျန်းမာရေး အကြောင်း
တစ်ခါတစ်ရံ ဆီးအရောင်ကို ဆရာဝန်တွေ ခန်းမှန်းပြီး ရောဂါကို ခန်းမှန်းကြပါတယ်။ သင့်ရဲ့ ဆီးအရောင် ၊ အနံ့ကနေမှ သင့်ကျန်းမာ
ရေးအခြေအနေကို ခန်းမှန်းနိုင်ပါတယ်။ ဒါကြောင့် ဆီးအရာင်အကြောင်းလေးကို မျှဝေပေးမယ်နော်။
အဖြူရောင်
---------
ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်သူများဖြစ်ပါတယ်။ ရေဓာတ်ရရှိပြီး ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန်ပါတယ်။
အဝါရောင်
----------
ကျန်းမာရေး ကောင်းမွန်ပါတယ်။ ဒီလိုဆီးအရောင်ဖြစ်ပါက ကျန်းမာရေးကောင်းမွန်ပြီး အနာရောဂါ ကင်းစင်စေပါတယ်။။
အဝါရောင် အရင့်
----------------
ဒါဆိုရင်တော့ စိုးရိမ်စရာပါပဲ။ ရေဓာတ်လျော့နည်းနေလို့ပါ။ ရေများများသောက်သုံးပေးသင့်ပါတယ်။
တစ်နှစ်တစ်ကြိမ် အသက်သခင်ကျေးဇူးရှင်ဆီ အလည်ပြန်လာသော ပင်ဂွင်းလေး
၂၀၁၁ ခုနှစ်တွင် အသက် ၇၁ နှစ်အရွယ်ရှိ ဘရာဇီးလူမျိုး ငါးဖမ်းသမားအဖိုးအိုကြီးသည် ကမ်းခြေတစ်ခု၌ သေအံဆဲဆဲ ပင်ဂွင်းငှက်လေးတစ်ကောင်ကို တွေ့ရှိခဲ့ပါသည်။
အဖိုးအိုမှ ထိုပင်ဂွင်းငှက်လေးကို အိမ်သို့သယ်ယူလာပြီး ပြုစုပေးခဲ့ကာ Jinjim ဟုအမည် ပေးခဲ့ပါသည်။
Jinjim လေး နေကောင်းပြီးနောက် သူ့နေရပ်ဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
ဒါပေမယ့် ပင်ဂွင်းလေး Jinjim သည် နှစ်စဉ်နှစ်တိုင်း သူ၏အသက်သခင်ကျေးဇူးရှင် အဖိုးအိုရှိရာသို့ ပြန်လည်လာရောက် လည်ပတ်ကာ တွေ့ဆုံလေ့ရှိပါသည်။ Jinjim တစ်ယောက် သူ့နေထိုင်ရာအရပ်မှ အဖိုးအိုရှိရာသို့ 8000 km ဝေးသော ခရီးကို ကူးဖြတ်ကာ နှစ်စဉ်လာရောက်နေခြင်း ဖြစ်ပါသည်။
တိရိစ္ဆာန်လေးပေမယ့် အသက်သခင်ကျေးဇူးရှင်ကို မမေ့မပျောက် သိတတ်ပုံလေးက ချီးကျူးစရာပါ။
Related Posts Plugin for WordPress, Blogger...