
၂၀၁၁ ခုနှစ်တွင် အသက် ၇၁ နှစ်အရွယ်ရှိ ဘရာဇီးလူမျိုး ငါးဖမ်းသမားအဖိုးအိုကြီးသည် ကမ်းခြေတစ်ခု၌ သေအံဆဲဆဲ ပင်ဂွင်းငှက်လေးတစ်ကောင်ကို တွေ့ရှိခဲ့ပါသည်။
အဖိုးအိုမှ ထိုပင်ဂွင်းငှက်လေးကို အိမ်သို့သယ်ယူလာပြီး ပြုစုပေးခဲ့ကာ Jinjim ဟုအမည် ပေးခဲ့ပါသည်။
Jinjim လေး နေကောင်းပြီးနောက် သူ့နေရပ်ဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
ဒါပေမယ့် ပင်ဂွင်းလေး Jinjim သည် နှစ်စဉ်နှစ်တိုင်း သူ၏အသက်သခင်ကျေးဇူးရှင် အဖိုးအိုရှိရာသို့ ပြန်လည်လာရောက် လည်ပတ်ကာ တွေ့ဆုံလေ့ရှိပါသည်။ Jinjim တစ်ယောက် သူ့နေထိုင်ရာအရပ်မှ အဖိုးအိုရှိရာသို့ 8000 km ဝေးသော ခရီးကို ကူးဖြတ်ကာ နှစ်စဉ်လာရောက်နေခြင်း ဖြစ်ပါသည်။
တိရိစ္ဆာန်လေးပေမယ့် အသက်သခင်ကျေးဇူးရှင်ကို မမေ့မပျောက် သိတတ်ပုံလေးက ချီးကျူးစရာပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ………… နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။