Tuesday, December 20, 2016

နှစ်သစ်မှာ သင့်၏အနီးအနားရှိသင့်သော မိတ်ဆွေ (၅) မျိုး

သူတို့နဲ့တွေ့တဲ့အခါ သင့်ကိုသင်မြင်တဲ့အမြင်တွေ တိုးတက်လာတယ်။

၁ - အလုပ်လုပ်ချင်စိတ်ကို လှုံ့ဆော်တယ်
သင်လုပ်ဖို့ ရည်မှန်းထားတာတွေ၊ သင်လုပ်ဖို့ စိတ်ကူးထားတာတွေကို သူတို့နဲ့တွေ့ဆုံစကားပြောတဲ့အခါ တကယ်အကောင်အထည် ဖော်ချင်လာတာမျိုးပါ။ ဒီလိုလူမျိုးတွေဟာ သင်နဲ့စရိုက်တူ၊ ဝါသနာတူသူတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလူမျိုးတွေနဲ့ သင့်ဘေးပတ်ပတ်လည်ကို ဝန်းရံထားသင့်ပါတယ်။


၂ - အားတက်လာတယ်
သူတို့နဲ့တွေ့တဲ့အခါ သင့်ကိုသင်မြင်တဲ့အမြင်တွေ တိုးတက်လာတယ်။ သင့်ကိုယ်သင် ပိုအားတက်လာတာမျိုးပါ။ ဒီလိုလူမျိုးတွေက နယ်ပယ်တစ်ခုမှာ သင့်ထက် စီနီယာကျသူတွေ၊ သင်လေးစားရတဲ့သူတွေ ဖြစ်တတ်ပါတယ်။

စက္ကူစာရွက်များကို ဖြတ်ညှပ်ကာ ဖန်တီးထားသော ပုံလေးများ

ယခုတင်ပြမှာကတော့ Paper Cutting Art ဟုခေါ်သည့် စက္ကူစာရွက်
များကို ပုံပေါ်အောင် လှီးဖြတ်ညှပ်ပြီး အနုစိတ်လက်ရာဝင်အောင်
ဖန်တီးထားသော ပုံများကိုပါ။ ယခုပုံများကို Parth Kothekar ဆိုသည့်
ပညာရှင်တစ်ယောက်က ဖန်တီးထားတာပါ။

Tourist နှင့် Traveller တို့ကွာခြားပုံ

Tourist နှင့် Traveller နှစ်ခုလုံးကတော့ ခရီးထွက်ပြီးလည်ပတ်
ကြတာကြီးပါပဲ။ ဒါပေမယ့် သူတို့နှစ်မျိုး၏ လည်ပတ်ကြပုံနှင့်
နေထိုင်သွားလာတတ်ကြပုံတွေကတော့ မတူကြွဲပားကြပါသည်။
Tourist သဘောက အလည်အပတ်စိတ်အပန်းဖြေရုံသက်သက်ဘဲ
ဖြစ်နေတတ်ကြပြီး Traveller သဘောကတော့ လည်ပတ်ယုံတင်
မက ရောက်ရှိသည့် နေရာဒေသအပေါ်လေ့လာရေးနှင့် သဘာဝ
နှင့် အနီးစပ်ဆုံး တစ်သားတည်းကျအောင် နေထိုင်ပြုမူတတ်ကြပါသည်။
မိမိကိုယ်တိုင်ရော ခရီးသွားလည်ပတ်ကြသည့်အခါ Tourist သဘော
ထဲဝင်သလား ။ Traveller သဘောပဲဖြစ်နေသလားဆိုတာ ဆန်းစစ်
ကြည့်လိုက်ရအောင်နော်။

လက်ရာမြောက်လှသော မျက်နှာပြင်ပေါ်မှ ပန်းချီများ

Mimi Choi ဆိုသူမိတ်ကပ်ပညာရှင်တစ်ယောက်၏ လက်ရာမြောက်
လှသည့် ဖန်တီးမှုများပါ။ Body Paint ပညာတစ်မျိုးဖြစ်ပြီး ကြည့်ရှု့သူ
၏ အမြင်အာရုံကို ပြောင်းလဲကွပြားသွားလောက်အောင် ဖန်တီးနိုင်သည့်
သူ၏ ကြိုးပမ်းအားထုတ်မှုပုံများကို ကြည့်လိုက်ကြရအောင်နော်…
တစ်ချို့ပုံတွေ သေသေချာချာကြည့်ရင် မသောက်ရပဲ မူးပါတယ်။

Related Posts Plugin for WordPress, Blogger...