
ဗြိတိသျှနိုင်ငံသား ကျောင်းဆရာနှစ်ဦးဖြစ်တဲ့ ရစ်ချတ်ဒ် နဲ့ နစ်ခ် တို့ ဟာ တုတ်တုတ်ယာဉ်နဲ့  မိုင်ပေါင်း ၂၃,၃၀၀ ကျော် ခရီးထွက်ခဲ့ပြီး အရှည်ကြာဆုံး တုတ်တုတ်ယာဉ်စီးပြီးသွားတဲ့ ခရီးစဉ်တစ်ခုဖြစ်လာပါတယ်။ သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့နှစ် သြဂတ်စ်လထဲက ဗြိတိန်ကနေ စထွက်ခွာလာခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံကို ဖြတ်ကျော်ခဲ့ပြီးပါပြီ။ သူတို့ နှစ်ဦး ချီလီနိုင်ငံကို တုတ်တုတ်နဲ့ ဖြတ်ကျော်ပြီးတာနဲ့ တစ်ပြိုင်နက် '' တုတ်တုတ်ယာဉ်စီးပြီး ကမ္ဘာ့အရှည်ကြာဆုံးခရီးသွားခဲ့သူတွေ " အဖြစ် ဂင်းနစ်မှတ်တမ်းမှာ တရားဝင်မှတ်တမ်းတင်ခံရမှာဖြစ်ပါတယ်။ သူတို့ ရဲ့ ခရီးစဉ်ဟာ ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနေရိုးမြို့ မှာ ပြီးဆုံးမှာ ဖြစ်တယ်လို့ Sky ရုပ်သံဌာနကို ပြောကြားလိုက်ပြီး သူတို့  ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က ဖွံ့ ဖြိုးဆဲနိုင်ငံတွေအတွက် ပညာရေးအစီအစဉ်တွေ ရန်ပုံငွေကို မြှင့်တင်ပေးချင်တာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။