Sunday, January 17, 2016

ပဟေဠိဆန်လှသော တရုတ်နိုင်ငံမှ လူပုလေးများရွာ

dwarf village

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ယောင်စီကျေးရွာကလေးတွင် နေထိုင်ကြသော
လူအားလုံး၏ ထက်ဝက်ခန့်သည် လူပုလေးများဖြစ်နေကြပါသည်။မသိလျှင် လူပုလေးများ
သက်သက်နေထိုင်ကြသည်ဟု ထင်မှတ်ရပါသည်။ သို့သော် ထိုသို့အရပ်ပုနေသော လူပုလေးများ
သည် ထိုကျေးရွာ၌ အစဉ်အဆက်နေထိုင်ကြသူများဖြစ်ပါသည်။ သူတို့သည် ထိုရွာကလေး၌
ရှေးနှစ်ပေါင်းများစွာကတည်းက အေးချမ်းတည်ငြိမ်စွာဖြင့် သာမာန်လူများကဲ့သို့ နေထိုင်ခဲ့ကြ
ပါသည်။ ထိုအချိန်က သူတို့အရပ်အမောင်းမှာ လည်း သာမာန်လူများအတိုင်းပင် ထွားကျိုင်း
သန်မာခဲ့ကြပါသည်။ သို့သော် ၁၉၅၀-၅၁ ခုနှစ်လောက်တွင် ထိုရွာကလေးတွင်
ထူးဆန်းသောရောဂါတစ်မျိုးဖြစ်ပွားပြီး ရွာသားများအားလုံး ဖျားနာခဲ့ကြပါသည်။
ထိုဖျားနာမှုဒဏ်ကိုခံစားခဲ့ရသော ကလေးငယ်များအနက် အချို့သည် သူတို့ရောက်ရှိနေသော
အသက်အရွယ်အပိုင်းအစားအတိုင်း ဆက်လက်ရှိနေကာ ဖွံ့ဖြိုးထွားကျိုင်းမှု မရှိကြတော့ပါ။
dwarf village2
Related Posts Plugin for WordPress, Blogger...