
တရုတ်နိုင်ငံအနောက်တောင်ပိုင်း
စီချွမ်ပြည်နယ်ရှိ ယောင်စီကျေးရွာကလေးတွင် နေထိုင်ကြသော
လူအားလုံး၏
ထက်ဝက်ခန့်သည် လူပုလေးများဖြစ်နေကြပါသည်။မသိလျှင် လူပုလေးများ
သက်သက်နေထိုင်ကြသည်ဟု
ထင်မှတ်ရပါသည်။ သို့သော် ထိုသို့အရပ်ပုနေသော လူပုလေးများ
သည် ထိုကျေးရွာ၌
အစဉ်အဆက်နေထိုင်ကြသူများဖြစ်ပါသည်။ သူတို့သည် ထိုရွာကလေး၌
ရှေးနှစ်ပေါင်းများစွာကတည်းက
အေးချမ်းတည်ငြိမ်စွာဖြင့် သာမာန်လူများကဲ့သို့ နေထိုင်ခဲ့ကြ
ပါသည်။ ထိုအချိန်က
သူတို့အရပ်အမောင်းမှာ လည်း သာမာန်လူများအတိုင်းပင် ထွားကျိုင်း
သန်မာခဲ့ကြပါသည်။
သို့သော် ၁၉၅၀-၅၁ ခုနှစ်လောက်တွင် ထိုရွာကလေးတွင်
ထူးဆန်းသောရောဂါတစ်မျိုးဖြစ်ပွားပြီး
ရွာသားများအားလုံး ဖျားနာခဲ့ကြပါသည်။
ထိုဖျားနာမှုဒဏ်ကိုခံစားခဲ့ရသော
ကလေးငယ်များအနက် အချို့သည် သူတို့ရောက်ရှိနေသော
အသက်အရွယ်အပိုင်းအစားအတိုင်း
ဆက်လက်ရှိနေကာ ဖွံ့ဖြိုးထွားကျိုင်းမှု မရှိကြတော့ပါ။

ထိုအချိန်က
အရွယ်အတိုင်းပဲ ဆက်လက်ရှိနေကာ အသက်အရွယ်များကာ ကြီးလာကြပါသည်။
သူတို့တင်မက
သူတို့မွေးဖွားလာသော မျိုးဆက်များသည်လည်း လူပုလေးများကာ ဖြစ်လာကြပါသည်။
ထိုသို့လူပုလေးမျိုးဆက်များဖြစ်လာသည်မှာ
သူတို့တစ်ချိန်က ခံစားခဲ့ရသော ထူးဆန်းသော
ရောဂါသည်
သူတို့သားသမီးတွေဆီပါ ကူးစက်ရောက်ရှိသောကြောင့်ဖြစ်ကြောင်း ထိုရွာရှိ
ရောဂါပိုးကိုစတင်ခံစားခဲ့ရသောပထမမျိုးဆက်
အသက် ၆၀ ကျော်အရွယ်ရှိအဖိုး၊အဖွားများ
ကပြောပြကြပါသည်။ထိုရွာရှိ
လူပုလေးများသည် အရွယ်ရောက်ပြီးသူများတွင်
အရှည်ဆုံး
၃ ပေ ၁၀ လက်မခန့် ရှိကြပြီး အပုဆုံးမှာ ၂ ပေ ၁ လက်မခန့်သာ ရှိကြပါသည်။

ထို့ကြောင့်
သုတေသနနှင့် ဆေးပညာရှင်များသည် ထိုလူပုလေးများ ဖြစ်ခဲ့ရသော
အကြောင်းအရင်းကို
ရှာဖွေခဲ့ကြပါသည်။ ထိုရွာကလေးအနားဝန်းကျင်ရှိ ရေ ၊ မြေ နှင့်
ပတ်ဝန်းကျင်အခြေအနေများ
၊ အစားအသောက်များ စသည်ဖြင့် စုံစမ်းစစ်ဆေးခဲ့ကြပါသည်။
သို့သော်
ထိုရွာရှိလူသားများအရပ်ပုရသည့် အကြောင်းအရင်းဇစ်မြစ်ကို ရှာဖွေမရခဲ့ပဲ
ပဟေဠိသဖွယ်
သာ ဖြစ်ခဲ့ရပါသည်။ ဖြေရှင်းချက်များမှာလည်း တိကျမှုမရှိပဲ ထင်မြင်ချက်များ
အဖြစ်သာရှိနေကြရပါသည်။
ထို့ကြော့်လည်း ဆက်လက်ပြီး အကြောင်းရင်းကို ရှာဖွေနေကြဆဲ
ဖြစ်ပါသည်။
ထို့ကြောင့် ယောင်စီကျေးရွာကလေးမှ လူပုလေးများ အရပ်စတင်ပုခဲ့ရသည့်
အကြောင်းမှာ
ပဟေဠိသဖွယ် ဆက်လက်ရှင်သန်နေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း 
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။