Thursday, January 21, 2016

သမိုင်းတလျှောက် ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသမီးများ

အခုတင်ပြပေးမှာက ကမ္ဘာ့သမိုင်းတစ်လျောက် အရပ်အရှည်ဆုံး အမျိုးသမီးများကို
စုစည်းပြီး တင်ပေးတာပါ။
(၁) Zeng Jinlian
woman car
ဒီ တရုတ်ပြည်မှ အမျိုးသမီးဟာ ဂရင်းနစ်မှတ်တမ်းတင်ထားနိုင်တဲ့ သမိုင်းတစ်လျောက်တွင်
အရပ်အရှည်ဆုံးအမျိုးသမီးအဖြစ် အမြဲတမ်း သတ်မှတ်ခံရပါတယ်။ အခုထက်ထိ မှတ်တမ်းတွေ
အရ သူ့လောက်အရပ်ရှည်သော အမျိုးသမီး မရှိကြသေးပါဘူး။ သူ့မအရပ်သည်
၂၄၈ စင်တီမီတာ (8 ပေ 1 ¾ လက်မ) အထိရှိပါသည်။သူမဟာ ကျောရိုးကွေးကောက်သည့်
ဝေဒနာ ခံစားခဲ့ရပြီး အရပ်အပြည့် တည့်တည့်မတ်မတ် မတ်တပ်ရပ်နိုင်မှု မရှိခဲ့ပါ။
သူမသည် သမိုင်းတစ်လျောက် အရပ်အရှည်ဆုံး စာရင်းဝင် အဖြစ်သာမကပဲ
ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသမီးများတွင် အသက်အတိုဆုံးအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါသည်။
သူမသည် ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၁၈နှစ်မပြည့်မှီ ၁၉၈၂ ခုနှစ်တွင်
သေဆုံးခဲ့ပါသည်။ ထပ်မံအသက်ရှင်နေပါက မည်မျှ အရပ်ထပ်ရှည်မည်ကို မှန်း၍မရပါ။
အခုထက်ထိ မှတ်တမ်းများအရ သမိုင်းတစ်လျောက် ကမ္ဘာ့အရပ်အရှည်ဆုံး
အမျိုးသမီးအဖြစ် သတ်မှတ်ထားကြပါသည်။

(၂) Anna Haining Bates
w200 2785
ဒီအမေရိကန်အမျိုးသမီးကတော့ ၂၄၃ စင်တီမီတာ ( ၇ ပေ ၁၁ လက်မ)အထိအရပ်ရှည်
ပါသည်။ ၁၈၄၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၈၈၈ ခု သူမအသက် ၄၁ နှစ်ကျော်ကျော်မှာ
သေဆုံးခဲ့ပါသည်။ သူမ၏ နောက်ထပ်ထူးခြားသည့် မှတ်းတမ်းတစ်ခုမှာ လင်မယား
နှစ်ဦးလုံး ကမ္ဘာ့အရပ်အရှည်ဆုံး စုံတွဲ အဖြစ်ပါ ထူးထူးခြားခြားမှတ်တမ်းဝင်ခဲ့ပါသည်။
သူမ၏ အမျိုးသား Martin မှာလည်း သူမကဲ့သို့ပင် လိုက်ဖက်ညီစွာ အရပ်ရှည်ပါသည်။
(၃) Jane Bunford
Ella Ewing
ဗြိတိန်နိုင်ငံမှ Bunford သည်လည်း ၂၄၁ စင်တီမီတာ ( ၇ ပေ ၁၀ လက်မကျော်) အရပ်
မြင့်ပါသည်။၁၈၉၅ ခုတွင် မွေးဖွားခဲ့ပြီး သူမအသက် ၂၇ နှစ်အရွယ် ၁၉၂၂ ခုနှစ်တွင်
သေဆုံးခဲ့ပါသည်။
(၄) Yao Defen
chinese lady 1 1632139a
အခုခေတ်တွင် အကျော်ကြားဆုံး ကမ္ဘာအရပ်အရှည်ဆုံးအမျိုးသမီးတစ်ဦးဖြစ်ပါသည်။
သမိုင်းတစ်လျောက်တွင် တော့ နံပါတ် ၄ သာ ရှိပါသည်။ တရုတ်နိုင်ငံမှ ဖြစ်ပြီး
၂၃၄ စင်တီမီတာ ( ၇ ပေ ၈ လက်မ) အရပ်ရှည်ပါသည်။ ၁၉၇၂ ခုနှစ်တွင်
မွေးဖွားခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် သေဆုံခဲ့ပါသည်။
သေဆုံးချိန်တွင် အသက် ၄၀ ရှိပါပြီ။
သူမဟာ ကိုယ် အလေးချိန် ပေါင် ၄၄၀ ရှိပြီး ဒီလို မတန်တဆ ခန္ဓာကိုယ်ကြီးထွားရခြင်းဟာ သူမဦးနှောက်ထဲမှာ ရှိတဲ့ Pituitary gland မှာ Tumor လို့ခေါ်တဲ့ ကင်ဆာအလုံးကြောင့်ဖြစ်ပါတယ် ။

(၅) Sandy Allen (7ft 7¼in - 232 cm)      



Sandy Allern ဆိုသူ အမျိုးသမီးဟာ ၁၉၇၆ ခုနှစ်ကတည်းက ဂင်းနစ်မှတ်တမ်းစာအုပ်မှာ အရပ်အရှည် ဆုံးအမျိုး သမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၀၈ ခုနှစ်အထိ သူမ အရှည်ဆုံးပါပဲ ။ သူမ သေဆုံးသွားတဲ့အချိန်အထိ ကမ္ဘာ့အ ရှည်ဆုံးအဖြစ် မှတ်တမ်းဝင်နေဆဲပါပဲ ။

(၆) Wassiliki Calliandjii

5 Wassiliki Calliandji
ဒီ ဂရိ နိုင်ငံမှ အမျိုးသမီးသည် မှတ်တမ်းတော်တော်များများမှာ မပါဝင်ပါ။
ပြီးတော့ သူမ၏ဓာတ်ပုံများကိုလည်း ထင်ထင်ရှားရှားမတွေ့ရပါ။ သူမအကြောင်း
ရေးထားသည် ဆောင်းပါးများနှင့် သတင်းစာ မှတ်တမ်းများကြောင့်သာ လူသိခဲ့ရခြင်း
ဖြစ်ပါသည်။ ၂၂၉.၇၈ စင်တီမီတာ ( ၇ ပေ ၆.၅ လက်မ) အရပ်ရှည်သည်ဟု
သိရပါသည်။ ၁၈၈၂ ခုနှစ်တွင် မွေးဖွားပြီး သူမအသက် ၂၁နှစ် ကျော်ကျော်
၁၉၀၄ ခုနှစ်တွင် သေဆုံးခဲ့ပါသည်။

(၇)  Malgorzata Dydek (7ft 2in - 218 cm)      

ဘတ်စကတ်ဘော ကစားသူ အမျိုးသမီး Malgorzata Dydek ဟာ အမေရိကန်နိုင်ငံသူဖြစ်ပြီး အရပ် ၇ ပေ ၂ လက် မ ရှိပါတယ် ။

(၈) Zainab Bibi (7ft 2in - 218 cm)  

Zainab Bibi ဆိုသူအမျိုးသမီးဟာလည်း အရပ် ၇ ပေ ၂ လက်မရှိပြီး ဗြိတိန်မှာ အမြဲတမ်းနေ ထိုင်ခွင့်ရရှိ ခဲ့သူဖြစ် ပါတယ် ။ ယခင်က သူမဟာ Pakistan မှာ နေထိုင်သူတစ်ဦးလည်းဖြစ်ပါတယ် ။

(၉) Uljana Semjonova (7ft - 213 cm)        

Uljana Semjonova ဟာ ၁၉၇၀ ကနေ ၁၉၈၀ အထိ အမျိုးသမီး ဦးဆောင် ဘတ်စကတ်ဘော သမားတစ် ဦးဖြစ်ပြီး အရပ် ၇ ပေမြင့်မားပါတယ် ။

(၁၀) Gitika Srivastava (6ft 11in - 211 cm)        


အိန္ဒိယနိုင်ငံမှ ဘတ်စကတ်ဘောအမျိုးသမီး Gitika Srivastava ဟာ အရပ် ၆ ပေ ၁၁ လက်မ ရှိပါတယ် ။

(၁၁) Malee Duangdee (6ft 10in - 208 cm) 

ထိုင်းနိုင်ငံမှ Malee Duangdee ဟာလည်း ထိုင်းနိုင်ငံမှာ အရပ်အမြင့်ဆုံးဖြစ်ပြီး ၆ ပေ ၁၀ လက်မရှိပါတယ် ။

(၁၂) Caroline Welz (6ft 9in - 206 cm)     

ဂျာမနီနိုင်ငံမှ အရပ်အရှည်ဆုံးမိန်းကလေး Caroline Welz ဟာ အသက် ၂၀ အရွယ်ရှိပြီး အရပ် ၆ ပေ ၉ လက်မ ရှည်ပါတယ် ။
(၁၃) Rita Miniva Besa is 6' 8" (203 cm)          

ဇင်ဘာဘွေနိုင်ငံသူ ဖြစ်ပါသည်။သူမလည်း ဘက်စကတ်ဘော ကစားသူ
ဖြစ်ပါသည်။

(၁၄) Heather Greene (6ft 5½in - 196 cm)  

Heather Greene ကတော့ ၆ ပေ ငါးလက်မခွဲရှိပြီး Las Vegas မှာနေထိုင်ပါတယ် ။


အခုလက်ရှိကတော့ ၂၀၁၂ တွင် Defen သေဆုံးပြီးနောက် ဂရင်းနစ်မှတ်တမ်းတွင်

ထပ်မံပြီး အတည်ပြုရသေးခြင်းမရှိသေးဟု သိရပါသည်။

ဒီပိုစ့်ကို 6/5/2012, 8:23 AM  ခုနှစ်တွင် တင်ပြထားပြီးဖြစ်သော်လည်း မပြည့်စုံသေးသဖြင့်

ထပ်မံထည့်သွင်း ပြင်ဆင်တင်ပေးလိုက်ခြင်းဖြစ်ပါသည်။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...