Wednesday, July 26, 2017

အရပ်ဆက်လက်ရှည်နေဆဲ ကမ္ဘာ့စံချိန်တင် အရပ်အရှည်ဆုံး ဆယ်ကျော်သက်


အရပ် အမြင့် ၇ ပေ ၈ လက်မနဲ့ ကမ္ဘာ့ အရပ် အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် စံ ချိန်တင် ထားခဲ့တဲ့ ဘရော့ဂ်ဘရောင်းဒ်ဟာ အရပ် ဆက်လက်
မြင့်နေဆဲ ဖြစ်တယ်လို့ မေရာ သတင်း တပုဒ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖော်ပြ ပါတယ်။

လက်ရှိမှာ အသက် ၁၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရော့ဂ် ဘရောင်းဒ်ဟာ အမေရိ ကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်မှဖြစ်ပြီး သူ့ရဲ့ အရပ်ရှည်ထွက်နှုန်းဟာ တနှစ်ကို ၆ လက်မ လောက်ရှိနေတာဖြစ်ပါတယ်။

ခုလိုသာ ဆက်ပြီး အရပ်ရှည်လာမယ်ဆိုရင်တော့ လက်ရှိစံချိန်တင် ကမ္ဘာ့အရပ် အမြင့်ဆုံးအမျိုးသား ဆူလ်တန် ကိုဆန်ရဲ့ စံချိန်တင် အရပ်အမြင့် ၈ ပေ ၂ လက်မကို ကျော်သွားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မိခင်ဖြစ်သူ ဒါချီက “ဘရော့ဂ်ဟာ သူငယ်တန်းလောက်မှာကိုပဲ အရပ်အမြင့် ၅ ပေ ၂ လက်မလောက်ရှိနေပါပြီ”လို့ ပြောပါတယ်။
“သူ အလယ်တန်းရောက်ချိန်မှာ ၆ ပေနီးပါးရှိလာပြီး အထက်တန်းရောက်တဲ့အချိန်မှာ ၇ ပေလောက်ရှိလာတဲ့အတွက် သူဟာ တနှစ်ကို ၆ လက်မလောက် အလွယ်တ ကူအရပ်ရှည်ထွက်နေခဲ့တာပါ။”

ဒါဟာ မျိုးဗီဇမူမမှန်မှုတခုဖြစ်ပြီး ခုလိုကြီးထွားမှုဘယ်အချိန်မှာ ရပ်တန့်သွားမလဲ ဆိုတာ မသိနိုင်ဘူးလို့ ဆိုပါတယ်။

ဘရော့ဂ် ဘရောင်းဒ်ဆီမှာ အသက် ၅ နှစ်အရွယ်လောက်က ကိုယ်အင်္ဂါအလွန်အ မင်းကြီးမားမှုဆိုင်ရာ ရောဂါတမျိုးတွေ့ရှိရာကနေ ခုလိုကြီးထွားလာခဲ့တာပါ။

ပုံသဏ္ဌာန်မမှန်တဲ့ ကြီးထွားမှုကြောင့် ဘရော့ဂ်ဟာ သင်ယူရာမှာ အခက်အခဲတွေ တွေ့ရပြီး ကျောရိုးမ ကောက်ကွေး နာကျင်တာ မျိုးတေ
ကျောရိုးနာ့ဗ်ကြော ကျဉ်းမြောင်း တာတွေ နှလုံးနာကျင်တာမျိုးတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

“ကျနော့်ရဲ့ နာကျင်မှုတွေကို ဆရာဝန်တွေအနေနဲ့ တခုခုကူညီပေးနိုင်ဖို့ မျှော် လင့်ပါတယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ဘရော့ဂ်ဟာ သူ့အရွယ်အစားနဲ့ ကိုက်ညီအောင် အထူးချုပ်ထားတဲ့ ၀တ်စုံတွေ၊ ခြေအိတ်တွေ စတာတွေကို ၀တ်ဆင်နေရတာပါ။

အိပ်ယာဟာ အနည်းဆုံး ၈ ပေရှိရမှာဖြစ်ပြီး အထူးပြုလုပ်ထားတဲ့ ပက်လက်ကု လားထိုင်တလုံးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ထောင်ကုန်ကျနေတာပါ။

သူ့အတွက် ခြေအိတ်၊ ဖိနပ်၊ အ၀တ်အစား စတာတွေအတွက် အမေရိကန်ဒေါ် လာ ၁ သောင်းဝန်းကျင်ကုန်ကျနေတာဖြစ်ပြီး ဘရော့ဂ်ကတော့ သူ့ရဲ့ ကိုယ်ပိုင်အလုပ်တခု လုပ်ချင်နေတယ်လို့ ပြောလိုက်တာပါ။

“အားကစားပစ္စည်းစတိုးဆိုင်တဆိုင်၊ ဒါမှမဟုတ် ငွေကိုင်စာရေးလိုအလုပ် တခုခု လုပ်ချင်တာပါ”

မိခင်ဖြစ်သူ ဒါချီကတော့ သူမလုပ်ချင်တဲ့ အလုပ်တွေကို တွန်းအားပေးခိုင်းစေတာ မျိုးတွေလုပ်လိမ့်မှာ မဟုတ်ဘူးလို့ ပြောလိုက်တာပါ။
Credit:DVB 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...