Wednesday, March 22, 2017

အိမ်တစ်လုံး တစ်ယူရိုဖြင့် ရောင်းမည်


အီတလီနိုင်ငံရှိ မြို့သုံးမြို့မှ ကျေးရွာများတွင် အိမ်တစ်လုံးကို (၁) ယူရိုဖြင့် ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။
            (၁) ယူရိုမှာ အက်စပရက်ဆို ကော်ဖီ တစ်ခွက်၏ တန်ဖိုးအောက်ပင် နည်းနေသေးသည်။ ကျေးရွာများတွင် တောအုပ်ငယ်များလည်း ရှိနေသည်။ သို့သော် ကျေးရွာတွင် နေထိုင်သူ ဦးရေ နည်းပါးလာသောကြောင့် ကျေးရွားများမှာ တစ္ဆေ ကျေးရွာများဟု ခေါ်လို့ရသည့် အခြေအနေသို့ ဆိုက်ရောက် လာနေသဖြင့် လူဦးရေ တိုးပွားလာစေရေး လုပ်ဆောင်သည့် အနေနှင့် အိမ်ဟောင်း တစ်လုံးကို (၁) ယူရိုဖြင့် ရောင်းချ နေရခြင်း ဖြစ်သည်။
           သို့သော် ဈေးချိုမှု၏ နောက်ဆက်တွဲ များလည်း ရှိနေပြန်သည်။ ကျောက်တုံး အိမ်ဟောင်းများကို (၁) ယူရိုဖြင့် ၀ယ်ယူ ပြီးပါက ပြန်လည် ပြုပြင်စရိတ်မှာ ယူရို (၂၅၀၀၀) ရှိနေခြင်း ဖြစ်သည်။ ကျေးရွာများမှာ စစ္စလီကျွန်းရှိ ဂန်ဂီမြို့၊ ပီဒမွန်ရှိ ကာရီဂါ လီဂူရီမြို့နှင့် အဘူရက်ဇီရှိ လက်စီ နေမာရ်စီမြို့တို့တွင် တည်ရှိနေသည်။
            ဂန်ဂီမြို့တော်ဝန်သည် လှပသော မြို့လေးကို ကယ်တင်ရန် အတွက် အိမ်တချို့ကို (၁) ယူရိုဖြင့် ရောင်းချ နေရုံသာမက ကျန်အိမ်တချို့ကိုလည်း အခမဲ့ပင် ပေးပစ် နေခဲ့သည်။

            ရောင်းချမည့် နေအိမ်များမှာ ၁၈၀၀ ပြည့်နှစ် ၀န်းကျင်တွင် တည်ဆောက်ခဲ့သည့် နှစ်ထပ် ကျောက်တုံး အိမ်များ ဖြစ်ကြသည်။ တောင်ထိပ်ပေါ်တွင် ဆောက်လုပ်ထားသောကြောင့် သာယာသော ရှုခင်းကို ခံစားနိုင်မည် ဖြစ်သည်။
            ၁၉၀၀ ပြည့်နှစ် အစောပိုင်းမှ စပြီး လူ (၉၀၀၀) ကျော်သည် အာဂျင်တီးနားသို့ ပြောင်းရွှေ့ သွားခဲ့ကြောင်း မြို့တော်ဝန် ဂီယူဆက် ဖာရာရီလိုက ပြောဆိုခဲ့သည်။
            ပီဒမွန်ရှိ ကာရီဂါ လူဂူရီမြို့မှ အိမ်အများစုမှာ နှစ်ပေါင်း ထောင်ချီသက်တမ်း ရှိသည့် နေအိမ်များ ဖြစ်ကြသည်။ မြို့မှာ အလယ်ခေတ်တွင် ကုန်သွယ်ရေး ဗဟိုချက် တစ်ခုအဖြစ် နာမည် သတင်းကျော်ကြားခဲ့သည်။ လက်စီ နေမာရ်စီမြို့၌ ၁၉၁၅ ခုနှစ်တွင် ငလျင် လှုပ်ခတ်ခဲ့ချိန်မှ စပြီး မြို့ရှိ ကျေးရွာများတွင် နေထိုင်သူများသည် အခြား ဒေသများသို့ ထွက်ခွာသွားသဖြင့် လူဦးရေ ကျဲပါးလာခဲ့ခြင်း ဖြစ်သည်။
Source:Daily Mail
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...