Wednesday, March 22, 2017

မျက်လုံးထဲကနေ သွေးတွေ စီးကျနေတဲ့ အမျိုးသမီး


အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီရှိ ၀ိုင်ကီလီ အရပ်ဒေသမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့ ရောဂါဝေဒနာ တစ်မျိုး ရရှိနေပြီး မျက်လုံးထဲကနေ သွေးတွေ စီးကျနေတာကြောင့် ဆရာဝန် အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရောဂါဝေဒနာကို အဖြေရှာဖို့ စဉ်းစားလို့ မရအောင် ဖြစ်ခဲ့ပါတယ်။အသက် (၂၄)နှစ်အရွယ်ရှိ အိုင်ကီဒါဟာ မျက်လုံးနဲ့ လျှာတို့ကနေ သွေးတွေအလို အလျောက် ထွက်နေတာဖြစ်ပြီး ဆရာဝန်တွေဟာ ကုသဖို့ နည်းလမ်း မရှိသေးဘူးလို့ သိရပါတယ်။ ၂၀၀၈ မှာ အိုင်ကီဒီဟာ  Garder-Diamond Syndrome အမည်ရ ရောဂါဝေဒနာ ရရှိခဲ့ပါတယ်။ ဒီရောဂါ ရရှိပြီး နှစ်နှစ်လောက် အကြာမှာ မျက်လုံးထဲကနေ သွေးတွေ စီးကျခဲ့ခြင်း ဖြစ်ပါတယ်။

         ထူးခြားတာက သွေးတွေဟာ မျက်လုံးနဲ့ ပါးစပ်တို့ကနေ စီးဆင်းနေပေမယ့် ဘာ နာကျင်မှုမှ မရှိခြင်း ဖြစ်ပါတယ်။ အိုင်ကီဒီက မိမိအနေဖြင့် သွေးတွေ စီးဆင်းချိန် မှာ မည်သည့် နာကျင်မှုကိုမှ မခံစားရကြောင်း၊ မျက်လုံးအပေါ် စိတ်ခံစားမှု ထားရှိလိုက်ပါက မျက်လုံးတွေဟာ ဟြေင်းလဲလာပြီး သွေးတွေ စီးကျတော့မယ်ဆိုတာ သိရှိနေကြောင်း ဟြေကြားခဲ့ပါတယ်။အချို့ အချိန်တွေမှာ ကိုယ်ခန္ဓာအနှံမှာ သွေးရောင် အကွက်တွေလိုမျိုး ပေါ်ပေါက်တတ်တာကြောင့် စော်ကား ရိုက်နှက် ခံထားရတယ်လို့ ယုံကြည်နေသူလည်း ရှိခဲ့ပါတယ်။ အစောပိုင်းမှာ လျှာကနေ သွေးတွေစတင် စီးကျနေခဲ့တာ ဖြစ်လို့ ကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။  ဒီနောက်  ညသန်းခေါင်ယံ ကျော်လွန်သွားတဲ့ အချိန်တွေမှာ မျက်လုံးထဲက သွေးတွေ စီးကျလာတတ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ မျက်လုံးထဲက သွေးတွေ ထွက်လာတာကြောင့် မိခင်ဖြစ်သူက အိပ်ရာခင်းတွေ ပေကျံမှု မရှိအောင် ပြုလုပ်ပေးရပါတယ်။ အိုင်ကီဒီဟာ ဒီရောဂါကို ကုသဖို့ ဆရာဝန် (၃၀)ဦး လောက် ပြသခဲ့ပြီး ဖြစ်ပေမယ့် ဘယ်သူမှ အဖြေရှာနိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အိုင်ကီဒီဟာ လက်ရှိဖြစ်နေတဲ့ ရောဂါအပေါ် အကောင်းဆုံးအဖြေရှာနိုင်မယ်လို့ မျှော်လင့်ထားပြီး ဘ၀ကြီးကို လိုက်လျောညီထွေ ရှိအောင် နေထိုင်သွားဖို့  ဆုံးဖြတ်ထားပါတယ်။ အိုင်ကီဒီရဲ့ မိသားစုဝင်တွေကလည်း အကောင်းဆုံး ဖေးမမှုတွေ ပေးခဲ့တာကြောင့် ခွန်အားတွေ ရရှိစေတယ်လို့ ဆိုထားပါတယ်။
Credit:messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...