Wednesday, March 29, 2017

နှစ်တစ်ရာအတွင်း အာတိတ်ရေခဲပြင်ဒေသ ပြောင်းလဲသွားပုံများ

နှစ် ၁၀၀ အတွင်းမှာ ရေခဲပြင်ဒေသတစ်ခုဖြစ်သည့် အာတိတ်ဒေသတွင် ပြောင်းလဲသွားပုံ အနေအထားများကို ထင်သာမြင်သာစေသည့် နှိုင်းယှဉ်တင်ပြချက် တစ်ခုပါ။ ထိုကဲ့သို့ တင်ပြပေးသူကတော့ ဆွီဒင် ဓာတ်ပုံပညာရှင် Christian Aslund ဖြစ်ပါတယ်။ သူဟာ ၁၉၀၀ ပြည့်နှစ် ၀န်းကျင်မှ အာတိတ်ဒေသတွင် ရိုက်ကူးထားသော ဓာတ်ပုံများကို စုဆောင်းခဲ့ပါတယ်။ ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ထိုဓာတ်ပုံများ ရိုက်ကူးခဲ့သည့် နေရာများကို အရောက်သွားကာ ထိုပုံစံ မြင်ကွင်းရှုဒေါင့်မျိုးမှ ထပ်မံကြိုးစား ရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်။

တစ်ချို့နေရာများမှာ တော်တော်ပြောင်းလဲ နေပြီဖြစ်သဖြင့် သူ့အနေဖြင့် အထူးကြိုးစားရှာဖွေ ရိုက်ကူးခဲ့ခြင်းပါ။ သူတင်ပြလိုသည့် ရည်ရွယ်ချက်မှာ နှစ် ၁၀၀ အတွင်း ကျွန်တော်တို့လူသားများ၏ ပယောဂကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရေခဲပြင်များ သိသိသာသာ အရည်ပျော် ပျောက်ဆုံးခဲ့ရခြင်းကို ထိမိစွာ တင်ပြလိုခြင်း ဖြစ်ပါသည်။


မှန်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေကြည့်ပြီး နောင်နှစ်တစ်ရာတွင် ကမ္ဘာမြေကြီးအတွက် ဒီထက်ပိုပြီးစိုးရိမ်စရာ ကောင်းပုံကို တွေးမြင်ကြောက်ရွံ့မိပါတယ်။




သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...