Wednesday, March 22, 2017

ဂျပန်နိုင်ငံမှ ရေခဲငါးပြတိုက်

ဂျပန်နိုင်ငံတွင် တည်ရှိသည့် ငါးပြတိုက်တစ်ခုမှာ အခြားငါးပြတိုက်များကဲ့သို့ မဟုတ်ဘဲ ရေခဲတုံးများဖြင့် ငါး နှင့် အခြားရေနေသတ္တ၀ါများကို အေးခဲပြသထားခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း ၊ Kesennuma တွင်တည်ရှိပြီး ကမ္ဘာ့ပေါ်တွင် ပထမဆုံး တည်ရှိသော ရေခဲငါးပြတိုက်ဟု ဆိုကြပါသည်။

အခြား အဏ္ဏ၀ါငါးပြတိုက်များကဲ့သို့ သက်ရှိအရှင်များကို တွေ့မြင်ရမည် မဟုတ်ဘဲ ရေခဲတုံးများအတွင်း ထည့်သွင်းပြသထားသည့် ငါး နှင့် အခြား ပင်လယ်နေရေသတ္တ၀ါများကို တစ်စုတစ်စည်းတည်း ကြည့်ရှု့လေ့လာနိုင်မည် ဖြစ်ပါသည်။

နိုက်ထရိုဂျင်အရည်များဖြင့် အေးခဲထားသော ရေခဲတုံးများ အတွင်းတွင် ရေနေသတ္တ၀ါမျိုးစိတ်ပေါင်း ၈၀ ကျော်၏ နမူနာပေါင်း ၄၅၀ ကို စုစည်းပြသထားပါသည်။


ထို့ကြောင့် ငါးအမျိုးမျိုးကိုသာမကဘဲ ပင်လယ်ဖျံ ၊ ရေဘ၀ဲများ ၊ ငါးမန်းများနှင့် အခြားတွေ့ရခဲသော ရေနေသတ္တ၀ါများကို တွေ့မြင်နိုင်မှာပါ။

အတွင်း၌ အပြာရောင်အလင်းပေးထားပြီး ရေခဲငါးပြတိုက် အမည်နှင့်လျော်ညီစွာ အတွင်းတွင် အလွန်အေးနေပါသည်။ အတွင်း၌ -20ံC အထိရှိကာ ၀င်ရောက်လေ့လာသူများ အနေဖြင့် ကြာရှည် နေနိုင်မည် မဟုတ်ပါ။










သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...