Saturday, December 29, 2012

နှင်းဇီးကွက်တို့ လျှောစီးကျင့်ချိန် အလှပဆုံးမြင်ကွင်း၏ အထိမိဆုံးရိုက်ချက်


ကနေဒါနိုင်ငံ၏ ဒုတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်သည့် မောင့်ရီးရဲလ်မြို့သည် ရေခဲအမှတ်အောက် ဒီဂရီများစွာ ကျဆင်းသည့် အလွန်အေးသော ရာသီဥတုကို ပိုင်ဆိုင်ထားသည်။ အဆိုပါဒေသတွင် ကမ္ဘာ့ရှားပါး မျိုးစိတ်တစ်ခုဖြစ်သည့် နှင်းဇီးကွက်များ နေထိုင်ကြသည် ဟုသိရသည်။


ထိုနှင်းဇီးကွက်များသည် နှစ်တစ်နှစ်၏ အအေးဆုံးအချိန်ဖြစ်သည့် ဒီဇင်ဘာလတွင် နှင်းများ အလွန်အမင်းကျဆင်းချိန်၌ ရေခဲပြင်ပေါ်တွင် လျှောစီးလေ့ကျင့်လေ့ ရှိသည်ဟု သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံသား ရဗ်အဒမ်ဟုအမည်ရသူ သဘာဝရှုခင်းနှင့် တိရစ္ဆာန်တို့ကို မှတ်တမ်းတင်သည့် ဓာတ်ပုံဆရာတစ်ဦးသည် အအေးဓာတ် အလွန်မြင့်မားသည့် မောင့်ရီးရဲလ်ဒေသသို့ သွားရောက်ပြီး နှင်းဇီးကွက်များနောက်သို့ တစ်နေကုန်လိုက်၍ ၎င်းတို့ လျှောစီးနေပုံများကို အပင်ပန်းခံ ရိုက်ကူးခဲ့သည်။ နှင်းဇီးကွက်များသည် လျှောစီးလေ့ကျင့်မှု အောင်မြင်ပါက ၀မ်းသာစွာ ပြုံးတတ်သည့် သဘာဝကို အဆိုပါ ဓာတ်ပုံဆရာက အမိအရရိုက်ကူးခဲ့သည်။
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...