Saturday, December 29, 2012

ရုရှားနိုင်ငံရှိ စစ်အေးကာလက တည်ဆောက်ခဲ့သော ကတုတ်ကျင်းကြီးကို ဇိမ်ခံနိုက်ကလပ်အဖြစ် အသုံးပြု


ရုရှားနိုင်ငံမော်စကို မြို့လယ်ရှိ ကရင်မလင် ရင်ပြင်အနီး မြေအောက်၁၈၄ပေ အနက်၌ တည်ဆောက်ထားသော ကတုတ်ကျင်းအမှတ် ၄၂ကိုယခုအခါ ၂၄နာရီဖွင့်လှစ်သည့် ဇိမ်ခံနိုက်ကလပ် အဖြစ်ပြောင်းလဲ အသုံးပြုမည်ဟု သိရသည်။ အဆိုပါကတုတ်ကျင်းကို ၁၉၅၆ခုနှစ်က တည်ဆောက်ခဲ့ပြီး ထိုစဉ်က ရုရှားစစ်ခေါင်းဆောင်များ၊ နျူကလီးယားဗုံး တိုက်ခိုက်မှုအန္တရာယ်မှ ရှောင်တိမ်းခိုအောင်းနိုင်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။ အဆိုပါကတုတ်ကျင်းထဲ၌ လူပေါင်း၃၀၀ခန့် သက်သောင့် သက်သာနေနိုင်ပြီး ထိုနေရာသို့ ရောက်ရှိဖို့ရန်အတွက် မြေအောက်သို့ ဓာတ်လှေကားဖြင့် ၁၈ထပ်ဆင်းရမည် ဟုသိရသည်။
အသုံးမပြုသည်မှာ ကြာပြီဖြစ်သော အဆိုပါကတုတ်ကျင်းကြီးကို ယခုအခါ ဇိမ်ခံနိုက်ကလပ်တစ်ခုအဖြစ် ပရိဘောဂအစုံအလင် ဖြည့်ဆည်း၍ လှပစွာ တန်ဆာဆင်ထားသည် ဟုသိရသည်။တစ်ကမ္ဘာလုံးတွင် ၂၁ရက် ၁၂လ ၂၀၁၂သည် ကမ္ဘာပျက်မည့်နေ့အဖြစ် ကောလာဟလ ကြီးထွားနေခြင်းကို အသုံးချ၍ အဆိုပါကတုတ်ကျင်း နံပါတ်၄၂ နိုက်ကလပ်ကို ထိုကမ္ဘာပျက် ကောလာဟလ ဖြစ်ပေါ်နေသည့် ၁၂ရက်နေ့မတိုင်ခင် ဖွင့်လှစ်ပြီး ၀င်ကြေးအဖြစ် ကန်ဒေါ်လာ၁၀၀၀ သတ်မှတ်ထားသည် ဟုသိရသည်။ အဆိုပါနိုက်ကလပ်သို့ သွားရောက် ပျော်ပါးလိုသူများသည် ဓာတ်လှေကား ၁၈ထပ်ဆင်းပြီး ၀င်ကြေး ဒေါ်လာ၁၀၀၀ပေး၍ ထိုနေ့တွင် တစ်ကမ္ဘာလုံး ဖြစ်ပျက်နေသည့် အရာများကို ကြည့်ရှုနိုင်မည် ဟုသိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...