Sunday, August 5, 2018

မျိုးဗီဇမြင့်ခြင် ဖန်တီးဖို့ ဒေါ်လာ ၄ သန်းလှူခဲ့တဲ့ ဘီလ်ဂိတ်


မိုက်ခရိုဆော့ဖ်ကုမ္ပဏီ တည်ထောင်သူ ဘီလ်ဂိတ်ဟာ ခြင်တွေ မျိုးသုဉ်းပျောက်ကွယ်သွားစေမယ့် မျိုးဗီဇမြင့်ခြင်တွေ ဖန်တီးဖို့ အမေရိကန်ဒေါ်လာ ၄ သန်းလှူဒါန်းခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် Oxitec ကုမ္ပဏီက မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အထီးတွေ ဖန်တီးမှာဖြစ်ပြီး ပြင်ပလောကထဲက ခြင်အမတွေနဲ့ မိတ်လိုက်စေမှာ ဖြစ်ပါတယ်။

ခြင်အမတွေကပဲ လူတွေကို ကိုက်တတ်တဲ့အတွက် မျိုးဗီဇမြင့် ခြင်အထီးတွေက လူသားတွေကို အန္တရာယ်ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ မျိုးဗီဇမြင့် ခြင်အထီးနဲ့ မိတ်လိုက်ရင်း ဖြစ်ပေါ်လာတဲ့ မျိုးဥတွေကနေ ခြင်တွေ ပေါက်ဖွားလာမှာဖြစ်ပေမယ့် အရွယ်မရောက်ခင်မှာပဲ သေဆုံးသွားမှာဖြစ်ပါတယ်။ ခြင်တွေဟာ အရွယ်ရောက်မှ လူတွေကို ကိုက်တတ်ကြတာပါ။ မျိုးဗီဇမြင့်ခြင်တွေကြောင့် အချိန်ကာလတစ်ခုရောက်ရင် ခြင်တွေ မျိုးသုဉ်းသွားမယ်လို့ ဆိုပါတယ်။ ဘီလ်ဂိတ်ဟာ Oxitec ကုမ္ပဏီရဲ့ ဖန်တီးမှုတွေကို ပံ့ပိုးပေးနေသူဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကလည်း ခြင်မျိုးသုဉ်းစေမယ့် မျိုးဗီဇမြင့် ခြင်ဖန်တီးရေး စီမံကိန်း အစောပိုင်းအဆင့်အတွက် အမေရိကန်ဒေါ်လာ ၅ သန်းနီးပါး မတည်ခဲ့ပါသေးတယ်။
Credit:yoyarlay

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...