Sunday, August 5, 2018

ဗန်ဂိုးရဲ့ နောက်ဆုံးပန်းချီ


30May2018
ထိုင်းနိုင်ငံက နာမည်ကျော် အဆိုတော် Uru Bhattacharya Boonsri အူရူ ဘတ်တချရာ ဘွန်စီရီ ဟာ အဟောင်းဈေးတန်းကနေ ဘတ် ၁၀၀၀ နဲ့ ဝယ်ယူလာတဲ့ သစ်ပင်တပင်ရဲ့ ပုံ ဆီဆေးပန်ချီဟာ၁၈ရာစုနှစ်က ကမ္ဘာကျော် နယ်သာလန် ပန်းချီပညာရှင် ဗင်းဆင့် ဗန်ဂိုး(၁၈၈၇-၁၈၉ ၀) သူကိုယ်သူအဆုံးစီရင်မသွားခင် နောက်ဆုံးရေး
ဆွဲသွားခဲ့တဲ့ ဆီဆေးပန်းချီလက်ရာဖြစ်နေတာကို ထိုင်းနိုင်ငံ သိပနည်းပညာ ဌာနက Ministry of Science and Technology.  အတည်ပြုလိုက်တဲ့ သတင်း ဖတ်ရတော့ ပန်းချီကား ပိုင်ရှင်မပြောနဲ့ ဖတ်ရတဲ့သူတွေတောင် ရင်ခုန်မိရတယ်။

ဗင့်ဆင့်ရေးဆွဲသွားတဲ့  ပန်းချီ ၂၀၀၀ ကျော်ရှိပါတယ်။ သူ့ ရဲ့  ပန်ချီကားတချပ်ရဲ့  အမြင့်ဆုံးဈေးဟာ ဒေါ်လာ သန်းပေါင်း ၈၈၅  ($885 million.) သန်းတောင်တန်ပါသတဲ့ ။
သေပြီးမှနာမည်ကျော်ကြားတဲ့သူတွေမှာ ဗင်ဆင့်လည်းပါလိမ့်မယ်၊
ဗင်ဆင့်ဟာနယ် သာလန်ကထွက်လာပြီး  ပြင်သစ်မှာအခြေချတယ်၊ ဘာသာရေး တရားဟောဆရာဘ၀ကနေ ဆင်းရဲသားတွေကယ်တင်ရင်း ရှင်သန်ကြပါဆိုတဲ့ သူ့ စကားတွေဟာ ဘာသာရေး အစွန်းရောက်တယ်ဆိုပြီး တရားဟောဆရာအဖြစ်ကနေ ထုတ်ပါယ်ခြင်းခံလိုက်ရတယ်.။


နောက်ပိုင်းမှာ ပန်းချီတွေ တပုံပြီးတပုံ ဆွဲ ခဲ့ပေမယ့် သူ့ အနုပညာဟာ သဘာသရုပ်ဖေါ် နဲ့  လက်ရှိလူမှု စရိုက်တွေပြရုပ် တွေ ရေး
ဆွဲခဲ့တော့ အဲဒိအချိန်က ဘူစွာခေတ်(သူဌေးအားကြတဲ့ခတ်) ဆိုတော့ ဘယ်သူမှ စိတ်မ၀င်စားခဲ့ကြပါဘူး။နာလည်မှုလွဲတဲ့သူတွေက ဘာသာရေး အစွန်းရောက် သမားလို့ တောင် စွတ်စွဲခဲ့သေးတယ်လေ။သူ့ ပန်းချီကားတွေကို ၀ယ်မယ့်သူမရှိ ဖြစ်၊ သူ့ ရဲ့  ပန်းချီကားကို ပေါင့်မုန့် တလုံးနဲ့ လဲတာတောင်မရခဲတဲ့ အဖြစ်ရောက် ၊ စိတ်ဖိစီးမှုနဲ့ ဘဲ နာက်ဆုံး သေနတ်နဲ့  သူ့ ကိုယ်သူပစ်သေသွားတာပါ။

ခုတော့ နယ်သာလန်အစိုးရက ဗင့်ဆင့်ပြတိုက် မှာပြသဘို့ အတွက် သူရေးဆွဲသွားခဲ့ တဲ့ ပန်းချီးကားတွေကို  ဒေါ်လာပေါင်း  သန်းရာကျော်ပေးဝယ်နေပြီ။
ခုထိုင်းအဆိုတော်ရထားတဲ့ပန်ချီကားကို နောက်ဆုံးအဆင့် နယ်သာလန် ပညာရှင်တွေက အတည်ပြုရင် ဈေးက သန်း ၁၀၀ ပါတဲ့။ ထိုင်း ဘတ်နဲ့ ဆို ဘတ်သန်းပေါင်း ၃၀၀၀ကျော်တောင်ဈေးရမှာ။

အသက်ငယ်ငယ် သေဆုံးသွားတဲ့ တေးသံရှင် ထူးအိမ်သင်ကVincent van Gogh ဗင်းဆင့် ဗန်ဂိုးကာင်းစပ်ဆိုသွားခဲ့ဘူးတာကြားယောင်လာမိတော့..။
♪♫ ကြယ်တွေစုံပြီလား...ဗင်းဆင့်သီချင်းကိုဆိုကြတယ်..
မျက်စိကနေငါကြားတယ်...တိတ်ဆိတ်တဲ့ညလယ်ယံမှာ
ခေါ်သံများ...♪♫....။။။။။
မူရင်း ။     ။SAW

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...