Monday, July 24, 2017
ကမ္ဘာတစ်လွှားမှ လှပဆန်းပြားသော ရေပန်းအလှများ
ကမ္ဘာ့နေရာဒေသ အသီးသီးရှိ လှပသစ်ဆန်းနေသည့် ရေပန်းအလှများကို စုစည်းတင်ပေးပါမည်။ ရေပန်းအလှများကို ကြည့်ပြီး စိတ်ပျော်ရွှင်ကြည်နူးနိုင်ကြပါစေဗျာ...
ဂျပန်နိုင်ငံ အိုဆာကာရှိ တည်ဆောက်ပုံဒီဇိုင်းထူးဆန်းသည့် Nine Floating Fountains ပါ။ လေပေါ်လွင့်မျောနေသလို ရှု့မြင်ရမည် ဖြစ်ပါတယ်။
UAE နိုင်ငံ ဒူဘိုင်းမှာ တည်ရှိသော ရေပန်းကြီးပါ။ ဒီရေပန်းတည်ဆောက်ပြီးချိန်၌ ကမ္ဘာ့အကြီးဆုံးရေပန်းအဖြစ် မှတ်တမ်းအတင်ခံခဲ့ရပါတယ်။
စင်္ကာပူနိုင်ငံမှ တည်ရှိတဲ့ ရေပန်းအလှပါ။
အမေရိကန်နိုင်ငံ ကော်လိုရာဒိုရှိ ဒီဇိုင်းဆန်းသည့်  Julie Penrose Fountain ပါ။
အမေရိကန်နိုင်ငံ Charlotte ရှိ Fountain Metalmorphosis ပါ။ လှည့်ပြောင်းနေသည့် ပုံစံမျိုး တည်ဆောက်ထားပါတယ်။
စပိန်နိုင်ငံ Cadiz ရှိ ထူးခြားလှသည့်  Magic Tap ရေပန်းပါ။ တည်ဆောက်ထားသည့် ဒီဇိုင်းဆန်းကျယ်သဖြင့် ကမ္ဘာကျော်ခဲ့သည့် ရေပန်းတစ်ခု ဖြစ်ပါသည်။
ဗြိတိန်နိုင်ငံ ဆန်းဒါးလန်းမြို့ရှိ  Vortex Fountain Charybdis ပါ။
လှေပုံစံ ရေပန်းတည်ဆောက်ထားသည့် စပိန်နိုင်ငံ ဗလင်စီယာရှိ ရေပန်းအလှ ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံ စတော့ဟုန်းရှိ Nacka ရေပန်း ဖြစ်ပါတယ်။
UAE  နိုင်ငံ အဘူဒါဘီရှိ မီးတောင်ပုံစံ ရေပန်း ဖြစ်ပါတယ်။
ကနေဒါနိုင်ငံ Montreal ရှိ ကမ္ဘာကျော် ရေပန်းတစ်ခု ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ Ohio ရှိ လှပသည့် 71 Fountain ပါ။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ  Unisphere ရေပန်း ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Stravinsky ရေပန်းပါ။
ကမ္ဘာ့အမြင့်ဆုံးရေပန်းအဖြစ် သတ်မှတ်ခံထားရသည့် ဆော်ဒီအာရေးဗီးယားနိုင်ငံ မှရေပန်းကြီးပါ။
အမေရိကန်နိုင်ငံ ချီကာဂိုရှိ Crown ရေပန်းအလှပါ။
ပီရူးနိုင်ငံ လီမာတွင် တည်ရှိသော ရေပန်းအလှ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ၀ါရှင်တန်တွင် တည်ရှိသော ရေပန်းတစ်ခု ဖြစ်ပါတယ်။
UAE နိုင်ငံ ဒူဘိုင်းတွင်တည်ရှိသော ဒိုင်ဗင်ထိုးနေသော ပုံစံလုပ်ထားသည့် ရေပန်းဖြစ်ပါတယ်။
တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့ရှိ ကမ္ဘာကျော် Banpo တံတားမှ ရေပန်းအလှ ဖြစ်ပါတယ်။
Austria ရှိ ကမ္ဘာကျော် ရေပန်းတစ်ခု ဖြစ်ပါတယ်။
အထက်ကို ထိုးထွက်နေသော ရေပန်းတစ်ခုတော့ မဟုတ်ပါဘူး။ မြင်းများ ရေထဲဖြတ်ပြေးနေသလို ဖြစ်အောင် ဖန်တီးထားတဲ့  အမေရိကန်နိုင်ငံ Texas မှ ရေပန်းတစ်ခုပါ။
ရေပန်းဆိုတာထက် ရေတံခွန်တစ်ခုနဲ့ ပိုတူပါတယ်။ သူရဲ့ထူးခြားချက်က  ဘိုထိုင်အိမ်သာကြွေခွက်များကို ဆင့်ကာဆင့်ကာဖြင့် ဖန်တီးထားတာပါ။ တရုတ်နိုင်ငံ Foshan မှာ ရှိပါတယ်။
ယိုးဒယားနိုင်ငံမှ တည်ရှိတဲ့ နဂါးများမှ ရေများပန်းထုတ်နေဟန် လုပ်ထားသည့်  Bodhisattva Avalokiteshvara ရေပန်း ဖြစ်ပါတယ်။
ရေတံခွန်တစ်ခုပုံစံ ဖန်တီးထားသည့် အမေရိကန်နိုင်ငံ အော်ရီဂွန်ရှိ Keller ရေပန်းပါ။
စပိန်နိုင်ငံ အိုဗီဒို မြို့ရှိ ရေပန်း ဖြစ်ပါတယ်။ သွေးရောင်ကဲ့သို့ ရဲရဲနီနေတာ အမြဲမဟုတ်ပါဘူး။ ကမ္ဘာ့သွေးအလှူရှင်များနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ထိုနေ့မှာ ရေကို အနီရောင်ဆေးဆိုးပြီး ပြုလုပ်ပေးခဲ့တာပါ။ တွေ့မြင်ရသူတွေအနေဖြင့် အမြင်ထူးခြားမှု ရှိစေခဲ့ပါတယ်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...