Monday, July 24, 2017
ပင်ဂွင်းငှက်များ သန်းနှင့်ချီရှိနေသော မက်ကွာရီကျွန်း
သြစတြေးလျနိုင်ငံ တောင်ဘက်ပိုင်းရှိ မက်ကွာရီကျွန်းပေါ်တွင် ပင်ဂွင်းငှက်များ နှင့် အခြားသော ပင်လယ်ပျော်ငှက်မျိုးစိတ်များ သန်းနှင့်ချီ တည်ရှိနေပါသည်။ အထူးသဖြင့် ကျွန်းတစ်ခုလုံးတွင် ပင်ဂွင်းငှက်များကို အပြည့်တွေ့မြင်ရမည့် ထူးခြားသည့် ကျွန်းကလေးတစ်ကျွန်း ဖြစ်ပါသည်။
မက်ကွာရီကျွန်းသည် စုစုပေါင်း ဧရိယာ မိုင် ၉၀၀ ခန့်သာရှိပေမယ့် တွေ့ရခဲသော ပင်ဂွင်းမျိုးစိတ် ၄ မျိုးကို တစ်နေရာတည်းတွင် အများအပြား တွေ့ရမည် ဖြစ်ပါသည်။ အထူးသဖြင့် royal penguin မျိုးစိတ် ၈ သိန်းခွဲ ခန့် နှင့် king penguin မျိုးစိတ် ၁ သိန်းခန့်သည် လွတ်လွတ်လပ်လပ် နေထိုင် ကျက်စားနေကြပါသည်။ ထို့ပြင် အခြားသော ပင်ဂွင်းငှက်မျိုးစိတ်များလည်း အများအပြား လာရောက် နေထိုင်တတ်ကြပါသည်။
မက်ကွာရီကျွန်းပေါ်တွင် ပင်ဂွင်းငှက်များစွာ နှင့်အတူ ပင်လယ်ဖျံကြီးများလည်း အတူတကွ နေထိုင်ကြပါသည်။ ထို့အပြင် ပင်လယ်ဇင်ယော်ငှက် မျိုးစိတ်အများအပြားလည်း ထိုကျွန်းပေါ်တွင် နေထိုင်ကြပါသည်။ ထို့ပြင် ကျွန်းပေါ်တွင် ယုံများ ၊ ကြွက်မဲများ ၊ ကြောင် များနှင့်အတူ အခြားသော  တိရိစ္ဆာန်များလည်း နေထိုင်ကြပါသည်။
သြစတြေးလျနိုင်ငံ နှင့် နယူးဇီလန်နိုင်ငံ မှ ငှက်မျိုးစိတ် အများအပြားသည်လည်း ထိုကျွန်းပေါ်သို့ ရောက်ရှိနေထိုင်တတ်ကြပါသည်။ ထိုကျွန်းပေါ်တွင် ပင်ဂွင်းငှက်များ လေးသန်းခန့် အထိ လာရောက်နေထိုင် တတ်ကြကြောင်း ဆိုကြပါသည်။
မက်ကွာရီကျွန်းပေါ်တွင် ထိုကဲ့သို့ ပင်ဂွင်းငှက်မျိုးစိတ်များ အများအပြား သန်းနှင့်ချီ၍ အတူတကွ နေထိုင်နေကြခြင်းမှာ အံ့သြစရာ ဖြစ်နေပါသည်။ ထို့ပြင် ထိုကျွန်းပေါ်၌ ပင်ဂွင်းငှက်မျိုးစိတ်များတွင်သာမက အခြားသော ငှက်မျိုးစိတ်များ ၊ ပင်လယ်ဖျံကြီးများ အများအပြား နေထိုင်ကြသဖြင့် တိရိစ္ဆာန်လေ့လာသူများ ၊ စောင့်ကြည့်သူများအတွက် လာရောက်လေ့လာစရာ နေရာတစ်နေရာ ဖြစ်နေပါသည်။
ထို့ပြင် ယခုအခါ မက်ကွာရီကျွန်းပေါ်သို့ လာရောက်လေ့လာလည်ပတ်သူ အများအပြား ဖြစ်လာသဖြင့် ပင်ဂွင်းငှက်များ နှင့် အခြားသော တိရိစ္ဆာန်များ အတွက် နေထိုင်ရမှု အခြေအနေမှာ စိုးရိမ်စရာ ဖြစ်လာပါသည်။ ထိုကျွန်းကို ၁၉၉၇ ခုနျစ်တွင် ယူနက်စကို၏ ကမ္ဘာ့ သဘာဝအမွေအနှစ်နေရာ တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပြီး စောင့်ကြည့် ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...