Tuesday, July 11, 2017

သတ္တုများကို ဆွဲငင်နိုင်သည့် အံ့ဖွယ် သံလိုက်လူသား ကလေးငယ်


အသက် ၅ နှစ် အရွယ်သာ ရှိသေးတဲ့ ကလေးငယ် တဦးရဲ့ ခန္ဓာကိုယ်ဟာ သတ္တု ပစ္စည်းတွေ ကို ဆွဲငင်နိုင်စွမ်း ရှိတဲ့ အဖြစ် အပျက်ဟာ ဆရာဝန်တွေကို စိတ်ရှုပ်ထွေး ဝေခွဲ မရအောင် ဖြစ်စေ ခဲ့ပါတယ်။
ကလေးငယ် အာမဲန်ဒဲလ်လစ်ဟာ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင် X-Men ထဲက ဇာတ်ကောင် သံမဏိလူသားတဦးလို ဖြစ်နေခဲ့ပြီး ဒီစွမ်းရည်တွေကို သူ့မိဘတွေ သတိပြုမိခဲ့ချိန်မှာတော့ မှင်တက်အံ့သြသွားခဲ့ကြတာပါ။

မေရာသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဓား၊ ကတ်ကြေး စတဲ့ သတ္တု ကိရိယာပစ္စည်းတွေကို သူ့ဆီ ဆွဲငင်နိုင်ခဲ့တာကို တွေ့ရမှာပါ။
သူ့ရဲ့ ရင်ဘတ်မှာ ဒင်္ဂါးပြား ၁၃ ပြား အပါအဝင် ဇွန်း ၃ ချောင်း၊ ခက်ရင်းတချောင်းတို့ကို ဆွဲငင်ကပ်ထားခဲ့ကာ နောက်ကျောဘက်တွေထိ ဆွဲငင်နိုင်စွမ်း ရှိနေတာပါ။
အာမဲန်ရဲ့ မိဘတွေဟာ တနေ့ အိမ်မှာ တီဗွီကြည့်နေရင်း ကလေးငယ်ရဲ့ ခန္ဓာကိုယ်ဟာ သတ္တုပစ္စည်းတွေကို ဆွဲငင်နိုင်တဲ့ အစွမ်းသတ္တိရှိနေတာကို ရုတ်တရက် သိခဲ့ရတာလို့ ဆိုပါတယ်။
သူတို့ဟာ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနာနိုင်ငံမှာ နေထိုင်တာဖြစ်ပြီး မိဘတွေဟာ ကလေးငယ်ကို ဆရာဝန်တွေဆီ ခေါ်ဆောင်သွားပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေမတွေ့နိုင်သေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကလေးငယ် အာမဲန်ကို သံမဏိလူသားဇာတ်ကောင် မက်ဂ်နက်တိုနဲ့ တင်စားနေကြပြီး လူသိများလာခဲ့တာပါ။
ဒီဖြစ်စဉ်ကို ရံဖန် ရံခါမှာ သံမဏိ လူသားဖြစ်စဉ်အဖြစ် ရည်ညွှန်းလေ့ရှိကြပြီး သူတို့ဟာ တခြားသောအရာတွေဖြစ်တဲ့ ဖန်၊ ပေါ်ဆီလင်၊ သစ်သားနဲ့ ပလတ်စတစ်တွေကိုတောင် ဆွဲငင်နိုင်တာတွေ တွေ့ရလေ့ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Credit : DVB

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...