Sunday, July 30, 2017
သြစတြေးလျတွင် တိုက်ခိုက်ခဲ့သည့် မီးဆင်နှာမောင်း
လေဆင်နှာမောင်းကတော့ လူတော်တော်များများ သိကြပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်တွင် အင်တာနက်များ၌ ကျော်ကြားခဲ့သော အကြောင်းအရာတစ်ခုမှာ သြစတြေးလျမှာ တိုက်ခဲ့တဲ့ မီးဆင်နှာမောင်း အကြောင်းပါ။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် သြစလေး နိုင်ငံ အလယ် ပိုင်း က အေယာ သဘာဝကျောက်တောင် ကြီးတွေ ရှိတဲ့နေရာ (Alice Spring) မှာ မီးဆင်နှာမောင်းတစ်ခု တိုက်နေပုံကို Chris Tangey မှ ဗွီဒီယိုမှတ်တမ်းတင်ပြီး အင်တာနက်တွင် ပြသခဲ့ပါသည်။ အမြင့် ပေ ၁၀၀ ခန့်  ရှိ မီးဆင်နှာမောင်း တစ်ခုတိုက်နေပုံမှာ တွေ့မြင်ရသူများ အနေဖြင့် တအံ့တသြ ဖြစ်ကြရပါတယ်။ ဒါပေမယ့် ဒါဟာ သဘာဝအရဖြစ်တတ်သော သဘောသဘာဝတစ်ခုဖြစ်ကြောင်း ပညာရှင်များက ရှင်းပြကြပါတယ်။ လေဆင်နှာမောင်းတိုက်ခိုက်ရာ အရပ်တွင် တောမီးကဲ့သို့ မီးလောင်နေပါက ထိုကဲ့သို့ ကြောက်စရာကောင်းသော မီးဆင်နှာမောင်း ဖြစ်စေတတ်ကြောင်း ဆိုကြပါတယ်။ အခြားသော ဖြစ်စေတတ်သော သဘာဝများလည်း ရှိကြပါသေးတယ်။ သမိုင်းတစ်လျောက် ထိုကဲ့သို့ မီးဆင်နှာမောင်း တိုက်ခိုက်ခဲ့မှုများ ရှိခဲ့ဖူးပြီး ပျက်စီးဆုံးရှုံးမှုများလည်း များစွာရှိခဲ့ကြပါတယ်။ whirlwind of fire ၊ a fire tornado ၊fire devil လို့  ခေါ်ကြတဲ့
မီးဆင်နှာမောင်း ဟာ ၁၉၂၃ ခုနှစ်က ဂျပန်နိုင်ငံ  မဟာကန်တို ငလျှင်ကြီး လှုပ် ခဲ့ စဉ်က တိုက်ခိုက် ခဲ့ရာ မှ ၁၅ မိနစ် အတွင်း လူလေးထောင် နီးပါးသေဆုံးခဲ့တယ် လို့  ဆိုပါတယ်။ ငရဲမင်းကြီး မြေပေါ်ထွက်လာသည်ဟု ဂျပန်တို့  ခေါ်ကြပါတယ်။
Sep 21, 2012 မပိုစ့်အား ပြန်လည် ပြင်ဆင်တင်ပြထားပါသည်။
1 comment:
  1. နေခရမ်း: သြစတြေးလျတွင် တိုက်ခိုက်ခဲ့သည့် မီးဆင်နှာမောင်း >>>>> Download Now
    >>>>> Download Full
    နေခရမ်း: သြစတြေးလျတွင် တိုက်ခိုက်ခဲ့သည့် မီးဆင်နှာမောင်း >>>>> Download LINK
    >>>>> Download Now
    နေခရမ်း: သြစတြေးလျတွင် တိုက်ခိုက်ခဲ့သည့် မီးဆင်နှာမောင်း >>>>> Download Full
    >>>>> Download LINK
    ReplyDelete
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...