Wednesday, June 13, 2012

ဗိုလ်ချုပ်ရဲ့ ...စိတ်


              ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကိုစာအုပ်တော်တော်များများမှာဖတ်ဖူးပါတယ်။
အခုနှစ်ပိုင်းမှာဗိုလ်ချုပ်အကြောင်းစာအုပ်တော်တော်များများထွက်ရှိလာလို့ ကိုယ်မသိတဲ
့အကြောင်းများသိရှိခွင့် ရရှိခဲ့ ပါတယ်။
              ဒီအထဲက အကြောင်းအရာလေးတစ်ခုကို တင်ပြခြင်ပါတယ်။၁၉၄၇ခုနှစ်ကပေါ့ ။
ဗိုလ်ချုပ်တို့  တိုင်းပြုပြည်ပြု လွှတ်တော်အတွက် မဲဆွယ်စည်းရုံးဖို့  တစ်နိုင်ငံလုံးလှည့် စဉ်
အချိန်မှာ ရွှေဘိုမြို့ ကိုရောက်ရှိခဲ့ ပါတယ်။
              ရွှေဘိုမြို့ က  ဦးစံထွားတိုက်မှာ တည်းခိုစဉ် မြို့ မိမြို့ ဖများက  ဗိုလ်ချုပ်တို့ ကို
ညိုညိုစိန်အငြိမ့် ဖြင့် ဧည့် ခံပါတယ်။ပွဲစီစဉ်သူများက ဗိုလ်ချုပ်ကို လက်ဆွဲနိုင်ရင် မင်းသမီး
ညိုညိုစိန်ကို ဆုငွေချီးမြင့် မယ်လို့  အပျော်သဘောဖြင့် တိုးတိုးတိတ်တိတ်တိုင်ပင်ကြပါတယ်။
မင်းသမီးကလည်း သဘောတူပြီး ဗိုလ်ချုပ်ကိုလက်ဆွဲဖို့ ကြိုးစားပါတယ်။ဒါကိုရိပ်မိ သွားတဲ့ 
ဗိုလ်ချုပ်က “မင်းသမီးနော် ကျုပ်ကို ဆွဲလားရမ်းလား မလုပ်နဲ့ ။ ကျုပ်မှာ  ကာမပိုင်ရှိတယ်။
မခင်ကြည်သိရင် စိတ်ဆိုး လိမ့် မယ်”ဟုပြန်လည် ပြောဆိုခဲ့ ပါတယ်။
               ဗိုလ်ချုပ်ရဲ့  လိပ်ပြာသန့် ရှင်းပုံနဲ့  မိမိဇနီးမယားအပေါ် အလေးထားတက်ပုံကတော့ 
ရှာမှရှားပါပဲဗျာ။ဒီအကြောင်းကိုလေးစားစွာနဲ့   တင်ပြရခြင်း ဖြစ်ပါသည်။
.......................နေခရမ်း..................................

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...