Monday, May 29, 2017

ချစ်ခြင်းမေတ္တာကြောင့် သတိမေ့ရောဂါ ပြန်လည် သက်သာလာ


ချစ်ခြင်းမေတ္တာဟာ အရာရာကို ဟြေင်းလဲ စေနိုင်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေပြသ သွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတိမေ့ရောဂါ (coma) ခံစားနေရသူ တစ်ဦးဟာ ချစ်သူရဲ့ အနီးကပ် ပြုစုစောင့်ရှောက်ခြင်းကြောင့် (၇)လအတွင်း ရောဂါကနေ ပြန်လည် သက်သာသွားခြင်းကြောင့် ဖြစ်ပါတယ်။
      သတိမေ့ရောဂါဟာ ဘယ်အချိန်မှာ ပြန်လည် ကောင်းမွန်မလဲဆိုတာ ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အနီးကပ်ပြုစု စောင့်ရှောက်သူရဲ့ ချစ်ခြင်း မေတ္တာကြောင့် ရောဂါဝေဒနာကနေ သက်သာ သွားခဲ့တာကြောင့် အားလုံး အံ့အားသင့် သွားပါတယ်။
      တရုတ်နိုင်ငံ၊ အန်ရှာမြို့မှာ နေထိုင်တဲ့ ဖူဂျန်အမည်ရ အမျိုးသမီးတစ်ဦးဟာ ယာဉ်မတော်တဆ ဖြစ်မူကြောင့် သတိမေ့ရောဂါ ရရှိသွားခဲ့ပါတယ်။ ဖူဂျန်ဟာ ဆေးရုံကို ရောက်ရှိစဉ်က စတင်ပြီး ချစ်သူဖြစ်သူရဲ့ အနီးကပ်ပြုစုမူကို ရရှိခဲ့ပါတယ်။ ချန်ဘန်ဟာ ချစ်သူဖြစ်သူ အဖြစ်ဆိုးနဲ့ ကြုံနေရတဲ့ အချိန်မှာ ထွက်ခွာသွားခြင်း မရှိဘဲ ဆေးရုံကို နေ့စဉ်ရောက်လာပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။
ဒီလို စောင့်ရှောက်နေရင်း ရက်ပေါင်း (၇၀) ကြာမှ ပြန်လည် သတိရခဲ့ပါတယ်။  ချန်ဘန်က ချစ်သူဖြစ်သူ ပြန်လည် သတိရလာလို့ ၀မ်းသာမိကြောင်း၊ သတိရလာပြီးနောက် စတင် စကားဟြေခဲ့သောကြောင့် ချစ်သူဖြစ်သူ၏ အမေနှင့် မိမိသည် အလွန် စိတ်လူပ်ရှား ခဲ့ရကြောင်း၊ မိမိကို မည်သည့် အတွက်ကြောင့် ကယ်တင်ခဲ့ရသလဲဟု မေးမြန်းခဲ့ကြောင်း ဟြေကြားခဲ့ပါတယ်။
      ဖူဂျန်ဟာ သူ့အတွက် အားလုံး ၀န်လေးမှာကို စိုးရိမ်နေပြီး ချန်ဘန်ကိုလည်း လက်ထပ်ဖို့ ငြင်းဆိုထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်သူဖြစ်သူ စိုးရိမ်သောကတွေ ရောက်မှာကို မလိုလားတာကြောင့် ဖြစ်ပါတယ်။
      ဒါပေမဲ့ ချန်ဘန်ကတော့ ချစ်သူဖြစ်သူ ဖူဂျန် အမြန်ဆုံး ကျန်းမာလာမယ့် အချိန်ကို စောင့်ဆိုင်းပြီး လက်ထပ်သွားမှာ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးရဲ့ အကြောင်းဟာ တရုတ်လူမူကွန်ရက်မှာ ရေပန်းစားနေပြီး ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ချစ်သူ ဒုက္ခရောက်နေတဲ့ အချိန်မှာ အဝေးကို ထွက်သွားခြင်းမရှိဘဲ အနီးကပ် ပြုစုစောင့်ရှောက်သူ မရှိနိုင်တဲ့ အချိန်မျိုးမှာ အခုလို ပြုလုပ်နိုင်ခြင်းဟာ မယုံနိုင်စရာ ဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...