Thursday, April 6, 2017
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ(၄)
ဆဋ္ဌမအာရုံ( သို့ )စိတ်စွမ်းအင်နှင့်ပတ်သက်တဲ့
အကြောင်းလေးတွေကို ဆက်တင်ပေးပါမယ်။
ဒီတစ်ခါတင်ပြမယ့် အကြောင်းအရာလေးတွေ
ကလည်းတစ်မျိုးစီ ထူးခြားကြပါတယ်။
၁၅၆၂ခုနှစ်က ဖရန်ကွိုက် ဒီ စီဗယ်လီး ကိုသေပြီလို့ 
အခိုင်အမာယုံကြည်ကြပြီး မြေမြှုပ်ခဲ့ကြပါတယ်။
တော်သူတစ်ယောက်က မသေ သေးဘူးလို့ စိတ်ထဲ
မှာအလိုလိုသိနေတဲ့ စိတ်၏ထင်မြင်မှုကြောင့် အလောင်း
ကိုပြန်ဖော်ကြည့်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ ဖရန်ကွိုက်ဟာ
သတိပြန်ရပြီး အသက်ပြန်ရှင်သန်နိုင်ခဲ့ပါတယ်။
သူဟာနောက်ထပ် နှစ်ပေါင်း ၇၀ ကြာအောင်အသက်
ရှင်နေထိုင်ခဲ့ပါတယ်။ အသက် ၁၀၅ နှစ်ရောက်မှ
အအေးမိ ပြီးသေဆုံးခဲ့ပါတယ်။ သူသေပုံကလည်းတစ်
မျိုးဆန်းပါတယ်။
သူချစ်တဲ့အမျိုးသမီးကို တစ်ညလုံး
လျောက်ပြန်သံပေးလုပ် ၊ လူပျိုလှည့် သီချင်းတွေဆိုပြရင်း
အအေးမိလို့ သေခဲ့ရတာပါတဲ့။
milano သင်းချိုင်းအုတ်ဂူပေါ်မှာ ဒီအကြောင်းကိုရေးထိုးထားပါတယ်။
သြော်…သူ့ ခမျာ ညီအကိုတော်သူတစ်ယောက်၏
စိတ်အာရုံထင်မြင်ကယ်တင်မှုကြောင့် သေကံမရောက်
ခဲ့ပေမယ့် အသက်ကြီးမှအချစ်ဆူး စူးမိပြီးသေရတာကတော့
ဒါကြောင့် ဆူးတကာ့ဆူးထဲမှာ အချစ်ဆူးဟာ အခံရခက်ဆုံး
ဒုက္ခအပေးဆုံးလို့ သီချင်းရေးဆရာတွေ ရေးဖွဲ့ခဲ့ကြတာ မှန်ပါတယ်နော်။
နောက်ထပ် ဆဋ္ဌမအာရုံဆန်းကြယ်မှုအကြောင်းအရာတစ်ခု
ကိုဆက်လက်တင်ပြချင်ပါတယ်။
၁၉၆၆ ခု အောက်တိုဘာလ ၂၀ ရက်နေ့ မှာ အင်္ဂလန်နိုင်ငံ
ကျောင်းက ဝတ်ပြုဘက် အခြားသူတွေကို သူစိတ်ထဲမှာ
အလိုလိုသိမြင်နေတဲ့ ကံဆိုးမိုးမှောင်ကျမှု အဖြစ်တစ်ခုကို
ပြောပြပါတယ်။ဆော့သ်ဝေးလ်ဆိုတဲ့ ဒေသမှာ ကျောက်မီးသွေး
တွေအစုလိုက်အပြုံလိုက် လျှောကျလာတဲ့ မြင်ကွင်းကို သူမ၏
စိတ်အာရုံမှာ ထင်မြင်လာကြောင်းလူအများကို ပြောပြခဲ့ခြင်းပါ။
ကျောက်မီးသွေးပုံထိပ်ဖျား က မီးသွေးထုကြီးဟာ အစုလိုက်အပြုံ
လိုက်ပြိုဆင်းကျလာပါတယ်။ ဒီအဖြစ်ကြောင့် ကလေးပေါင်း
၁၀၀ ကျော်နှင့် လူကြီးတော်တော်များများ သေခဲ့ရပါတယ်။
ဒီအဖြစ်အပျက်လေးကတော့ အလိုအလျောက် ကြိုတင်သိမြင်မှု
ရှိခဲ့ပေမယ့် ကံဆိုးမိုးမှောင်ကြမှုကိုတော့ မကာကွယ်နိုင်ခဲ့တာ
ရင်နာစရာပါ။
သူငယ်ချင်းတို့ အတွက်ဆဋ္ဌမအာရုံ( စိတ်စွမ်းအင် ) နှင့်ပတ်သက်
တဲ့အကြောင်းအရာလေးတွေကိုတင်ပြလာတာ အမျိုးအစားနှစ်ခု
ရှိပါပြီ။ ( ၁ ) စနစ်တကျလေ့ကျင့်ထားသူများ၏ သဘာဝလွန်
                  အဖြစ်အပျက်များ
           ( ၂ )လေ့ကျင့်ထားခြင်းမရှိသော ရိုးရိုးသာမာန်သူတစ်ယောက်
                 ၏အလိုအလျောက်ဖြစ်ပေါ်သော သဘာဝလွန်အဖြစ်အပျက်
များ  ဟုနှစ်မျိုးနှစ်စားတင်ပြပြီးပါပြီ။
တင်ပြတဲ့နေရာမှာ ဆန်းကြယ်အဖြစ်အပျက်များစွာထဲမှ အများသိပ်မသိ
နိုင်သေးသည့်အဖြစ်များကိုသာ တင်ပြခဲ့ပါတယ်။
အခုဆက်လက်ပြီး ကျန်ရှိတဲ့တစ်မျိုးကိုတင်ပြပါမယ်။ဒါကတော့
ရိုရာယုံကြည်မှု ၊ ကိုးကွယ်ယုံကြည်မှုကြောင့်ရရှိလာသော သဘာဝလွန်
အဖြစ်အပျက်များကို ဆက်လက်တင်ပြပေးပါမယ်။
နောက်ထပ်အပိုင်းများမှာ ဆက်လက်အားပေးကြပါခင်ဗျာ………
Apr 22, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။ 
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...