Saturday, March 30, 2013

ငလျင်လှုပ်ခတ်မှုသည် ရေကိုရွှေအဖြစ် ပြောင်းလဲစေကြောင်း သုတေသီများ တွေ့ရှိ


ငလျင်လှုပ် နေစဉ်အတွင်း ပြတ်ရွေ့ ကြောင်းများ၌ ရှိသော ရေများသည် အငွေ့ပျံ၍ ရွှေအဖြစ် အနည်ကျ သွားကြောင်း မတ် ၁၇ ရက်တွင် ထုတ်ပြန်သော Nature Geoscience ဂျာနယ်တွင် ဖော်ပြထားသည်။
အဆိုပါ ဖော်ပြချက်သည် ကမ္ဘာ့ ရွှေကြောကြီးများတွင် တွေ့ရသော သလင်းကျောက်နှင့် ရွှေတို့ကြား ဆက်နွှယ်မှု ရှိနေခြင်းကို ဖော်ပြနေကြောင်း သြစတြေးလျ နိုင်ငံ ကွင်းစလန်း တက္ကသိုလ် မှ ဘူမိ ရူပပညာ ရှင် ဖြစ်သူ ဒိုင်ရွန်ဝဲ သာလေးက ပြောကြားသည်။

ငလျင် လှုပ်ခတ်သည့် အချိန်တွင် ငလျင်ကြောသည်  မြေပြင်ပေါ်တွင် ရှိသော ပြတ်ရွေ့ ကြောင်းတစ်လျှောက် ရွေ့သွားသည်။ ပြတ်ရွေ့ ကြောင်းကြီးများတွင် ၎င်းတို့၏ လမ်းကြောင်း တစ်လျှောက်၌ အက်ကွဲ ကြောင်းငယ်များမှာ ဖြစ်ပေါ်လာပြီး ၎င်းအက်ကွဲ ကြောင်းငယ်များ သည် အချင်းချင်း ချိတ်ဆက်ကာ လေးထောင့်ပုံ အကွက်ငယ်များ ဖြစ်ပေါ်လာသည်။ ငလျင် လှုပ်ခတ်သည့် အချိန် တွင် ပြတ်ရွေ့ ကြောင်းကြီးများ အတွင်းသို့ ရေများ ဝင်ရောက် လာခဲ့သည်။ မြေပြင်အောက် ၆ မိုင်ခန့် အနက်တွင် အပူချိန် နှင့် ဖိအားများ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ မြေပြင် အက်ကွဲကြောင်းများ အတွင်းရှိရေ က မြေကြီး အတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့၊ ဆီလီကွန် နှင့် ရွှေတို့ကို သယ်ဆောင် လာခဲ့သည်။
ငလျင် လှုပ်ခတ်သည့် အချိန်တွင် မြေပြင် အက်ကွဲကြောင်းများ ကျယ်ပြန့်လာပြီး ဖိအား ပြောင်းလဲလာမှု (ဥပမာအား ဖြင့် ပေါင်းအိုး အဖုံးဖွင့်လိုက် သကဲ့သို့ မြေအောက် ရှိရေများ) နှင့်အတူ ကာဗွန် ဒိုင် အောက် ဆိုက်၊ ဆီလီကွန်နှင့် ရွှေတို့မှာ မြေပြင်ပေါ်သို့ ရောက်ရှိခဲ့ပြီး ရေများ အငွေ့ပျံသွားကာ ရွှေအဖြစ် ကျန်ရှိခဲ့ ခြင်းဖြစ်သည်ဟု ၎င်းဂျာနယ်တွင် ဖော်ပြ ထားသည်။
အသေးစား ငလျင်ငယ် လှုပ်ခတ်လျှင်ပင် မြေအောက်ရှိ ဓာတ်သတ္တုများ ပါဝင်သည့် အရည်များက ရွှေများသယ်ဆောင် ပေးနိုင်ကြောင်း၊ သို့ရာတွင် ငလျင်လှုပ် ခတ်ပြီးနောက်တွင် ကျန်ရစ်ခဲ့သည့် ရွှေပမာဏမှာလည်း အနည်းငယ်ပင် ဖြစ်ကြောင်း ကွင်းစလန်း တက္ကသိုလ်မှ ဘူမိ ရူပဗေဒ ပညာရှင် ဒိုင်ရွန် ဝဲသာလေးက ပြောကြားသည်။
လူသားများ အနေဖြင့် ကမ္ဘာမြေကြီး အတွင်းမှ အကြမ်းဖျင်း အားဖြင့် ရွှေတန် ချိန် ၁၈၈ဝဝဝ တန်ခန့်ကို တူးဖော်ရရှိ နိုင်သည်ဟု ခန့်မှန်းရကြောင်း ဒိုင်ရွန်ဝဲ သာလေးက ပြောကြားသည်။
ကမ္ဘာမြေပြင် အောက်ရှိ ရေများသည် ရွှေပါဝင်မှုကို အများဆုံးအားဖြင့် ၁ သန်း လျှင် ၁ ပုံခန့်သာ သယ်ယူ နိုင်ခြင်းကြောင့် ငလျင်တစ်ကြိမ် လှုပ်ခတ်ပြီးလျှင် ကျန်ရစ်ခဲ့သည့် ရွှေပမာဏမှာ အလွန်နည်းပါးကြောင်း၊ သို့ရာတွင် နယူးဇီလန် နိုင်ငံ၏ အယ်လ်ပိုင်း ပြတ်ရွေ့ကြော ကဲ့သို့သော ငလျင်ဇုန် များတွင်မူ နှစ်ပေါင်း ၁ဝဝဝဝဝ ခန့်တွင် သတ္တုသိုက်ကြီး တစ်ခုကိုဖြစ် ပေါ်စေနိုင်ကြောင်း ဒိုင်ရွန် ဝဲသာလေးက ထပ်လောင်း ပြောကြားသည်။
သို့ရာတွင် ငလျင် လှုပ်ခတ်ခြင်းတစ်ခု သာလျှင် ရွှေဖြစ်ပေါ်စေသည့် အကြောင်း   ရင်းမဟုတ်ကြောင်း၊ တူညီသော အခြေအနေများတွင် မီးတောင်များ၏ အောက်၌  လည်းဖြစ်ပေါ် တတ်ကြောင်း၊ မီးတောင် ၌ ရွှေဖြစ်ပေါ်မှု၏ ဆက်စပ်မှုကို လေ့လာနေသူ ဝီလ်ကင်ဆန်က ပြောကြားသည်။ အကြမ်းဖျင်း အားဖြင့် ကမ္ဘာ့ရွှေ ကြောများ၏ ၁ဝ ရာခိုင်နှုန်း ခန့်သည် ထိုကဲ့သို့သော တောင်များ၏အောက် တွင်ရှိသည်ဟု ဝီလ်ကင်ဆန်က ထပ် လောင်းပြောကြားခဲ့သည်။
သိပ္ပံပညာရှင်များ အနေဖြင့် ငလျင်လှုပ်ခတ်မှုသည် ရေကို တစ်ခဏအတွင်း ရွှေအဖြစ် ပြောင်းလဲစေ နိုင်သည်ဟူသည့် အချက်ကို ရှာဖွေ တွေ့ရှိခဲ့ကြ သော်လည်း ရွှေသိုက်ကြီး တစ်ခု ဖြစ်လာရန်မှာမူ နှစ်ထောင် ပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...