Saturday, March 30, 2013

ချီလီတွင် ပုစွန် ထောင်ပေါင်းများစွာ သေဆုံး သောင်တင် နေခဲ့


ဆန်တီယာဂို မတ် ၂၃
ချီလီနိုင်ငံ ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ပုစွန် ထောင်ပေါင်းများစွာ သေဆုံး သောင်တင် နေသည်ကို တွေ့ရှိခြဲ့ပီး ပုစွန်များ မည်သည့် အတွက်ကြောင့် သေဆုံးခဲ့ရသည် ဆိုသည်နှင့် ပတ်သက်ပြီး တာဝန်ရှိသူများတွင် ရှင်ပြရခက်သည့် အခြေအနေ များ ဖြစ်ပေါ်စေခဲ့သည်။

ချီလီနိုင်ငံ ကွန်စပ်ရှင်း ပြည်နယ်ရှိ ပင်လယ် ကမ်းရိုးတန်း တစ်လျှောက်တွင် ပုစွန်များ သေဆုံးရသည့် အကြောင်းရင်းကို သိရှိစေရန် သက်သေ အထောက်အထား များကို ရဲတပ်ဖွဲ့ဝင် များက စုဆောင်း ယူခဲ့ကြ ပြီး စုံစမ်း စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ချီလီနိုင်ငံ သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်
ကျေးမှု အမွေအနှစ် ဆိုင်ရာ အဖွဲ့အစည်းမှ ဗစ်တာကာ ဆာနိုဗာက ပြောကြားခဲ့သည်။
ထို့ပြင် ပင်လယ်ရေ၏ အပူချိန် အခြေအနေ၊ လျှပ်ကူးသတ္တိနှင့် အောက်ဆီဂျင် ပါဝင်မှု ပမာဏ အားလုံးကို တိုင်းတာ သိရှိနိုင်ရန် ၎င်းတို့ အဖွဲ့သည် ကော်ရိုနယ် ပင်လယ်အော်သို့ ထွက်ခွာခဲ့ကြောင်း ကာဆာနိုဗာက ဆက်လက် ပြောကြားခဲ့သည်။
တောင်အမေရိက ပစိဖိတ် ကမ်းရိုးတန်းတွင် မကြာမီ နှစ်များက သေဆုံးနေသော ပင်လယ်နေ ရေသတ္တဝါ အများအပြား သောင် တင် နေခဲ့ကြောင်း၊ ထို့ပြင် ပြီးခဲ့သော ဖေဖော်ဝါရီ လက ပင်လယ်လိပ်များ၊ ပင်လယ် ဖျံများ၊ ငါးမန်းများနှင့် ရေနေ ငှက်များ အပါအဝင် သေဆုံးနေသော ရေသတ္တဝါ အများအပြား ပီရူး နိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်တွင် လာရောက် သောင်တင် ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ သေဆုံးမှုများ ဖြစ်ပွားရခြင်းမှာ တိရစ္ဆာန် အမျိုး အစားများနှင့် တည်နေရာ အမျိုးမျိုးကြောင့် ဖြစ်နိုင်သော်လည်း အချို့မှာ အစာ အဆိပ်သင့်ခြင်း၊ ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံ တူးဖော်ခြင်းနှင့် ပင်လယ် ရေတွင် ဗိုင်းရပ်စ်ပိုး အမျိုးမျိုး ပါဝင်မှုနှင့် အမျိုးမျိုးသော အကြောင်း အချက်များကြောင့် ဖြစ်နိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များက ပြောကြားခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...