
ပဲရစ် မေ ၂၉
ပြင်သစ်နိုင်ငံမှ ဖရန်ဆွာဂစ်စီ အမည်ရှိ
စက်ဘီးစီး သမားတစ်ဦးသည် တစ်နာရီလျှင် ၂၆၃ ကီလိုမီတာ နှုန်းဖြင့်
စက်ဘီးစီးပြ နိုင်ပြီးနောက် မြေပေါ်တွင် စက်ဘီးဖြင့် အမြန်ဆုံး
မောင်းနှင်နိုင်သည့် စံချိန်ကို ချိုးဖျက် နိုင်ခဲ့ကြောင်း သိရသည်။
ဂစ်စီသည် ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်
စွမ်းအင်သုံး ဒုံးပျံ တပ်ဆင်ထားသည့် ၎င်း၏ တောင်တက် စက်ဘီးဖြင့်
ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ မိုင်းလုစ်မြို့ အနီးရှိ အသုံး မပြုတော့သည့်
လေယာဉ် ပြေးလမ်းတစ်ခု၌ ၂ဝဝ၂ ခုနှစ်အတွင်းက တစ်နာရီလျှင် ၂၄၂ ဒသမ ၆
ကီလိုမီတာဖြင့် တင်ထားခဲ့သည့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ အဆိုပါ
ဒုံးပျံအား ဆွစ်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Exotic Thermo Engineering
ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဂစ်စီသည် ၁၉၉၅
ခုနှစ်အတွင်းက လေဂယက်အတွင်း တစ်နာရီလျှင် ၂၆၈ ဒသမ ၈ ကီလိုမီတာ
အမြန်နှုန်းဖြင့် စံချိန်တင်ခဲ့သည့် နယ်သာလန် နိုင်ငံသား စက်ဘီးစီးသမား ဖရက်
ရွမ်ပယ်လီဘာဂ်၏ စံချိန်ကို ချိုးဖျက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။