Saturday, June 22, 2013

အာတိတ် သမုဒ္ဒရာကို လူစွန့် စား နှစ်ဦး ရွက်လှေငယ်လေးဖြင့် ဖြတ်ကျော်မည်


ဆီဘက်စတင် ရော့ဘီနက် နှင့် ဗင်းဆင့် ဘာသရက် အမည်ရှိ ပြင်သစ် လူစွန့်စား နှစ်ဦးသည် ၁၈၆၄ မိုင် ကွာဝေးသော အာတိတ် ခရီးစဉ်ကို နှစ်ဆင့်တွဲ ရွက်လှေကလေးဖြင့် သွားရောက်ရန် ပြင်ဆင်လျက် ရှိသည်။ ၎င်းတို့ သည် ဇူလိုင်လ အစောပိုင်းတွင် အမေရိကန်နိုင်ငံ အလက်စကာကျွန်းမှ စတင်ထွက်ခွာမည် ဖြစ်ပြီး မြောက်ဝင်ရိုးစွန်းနှင့် အပြိုင် စပစ်ဘာကန်နှင့် စဗောဘက်ကျွန်းစု များသို့  ဦးတည် ထွက်ခွာမည် ဖြစ်သည်။ ၎င်းတို့၏ နှစ်ဆင့်တွဲ ရွက်လှေသည် ရေပြင်တွင် သာမက ရေခဲပြင်၌လည်း ရွက်လွှင့်သွားလာနိုင်မည် ဖြစ်သော်လည်း လေတိုက်ခြင်း မရှိပါက အခက်အခဲများနှင့် ကြုံတွေ့ နိုင်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦး၏ ခရီးစဉ်သည် နှစ်လမှသုံးလခန့်  အထိ ကြာမြင့်မည် ဖြစ်ပြီး ပြင်ပ မည်သည့် အကူအညီ တစ်စုံတစ်ရာကိုမှ ရယူသွားမည် မဟုတ်ကြောင်း ရော့ဘီနက်က ပြောကြားသွားခဲ့သည်။ ၎င်းတို့သည် အာတိတ်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ယင်းသို့  စွန့် စား သွားရောက်ခြင်း ဖြစ်ကြောင်း ရော့ဘီနက်က ဆက်လက် ပြောကြားသွားခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...