Friday, November 22, 2013
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ (၁ - ၇) စ-ဆုံး
အာရုံဖြစ်ရပ်ဆန်းများ ( ၁ )
ဆဌမအာရုံ | တစ်နည်းအားဖြင့် စိတ်စွမ်းအင်၏ အစွမ်းသတ္တိများသည် ဆန်းကြယ်လှပါသည်။
ဆဋ္ဌမအာရုံဖြင့် ပတ်သက်၍ ပထမဦးဆုံး သိပ္ပံနည်းကျစမ်းသပ်မှုကို မြောက်ကာရိုလိုင်းနား |
Duke University မှ ပါမောက္ခရိုင်း မှ စတင်စမ်းသပ်ခဲ့ပါသည်။ လူများစွာကို နှစ်လေးဆယ်ကြာ
စမ်းသပ်စစ်ဆေးခဲ့ပြီး နောက်ဆုံးကောက်ချက်ချ သုံးသပ်မှု ပြုခဲ့ပါသည်။
အခုဆက်လက်ပြီး စိတ်စွမ်းအင်နှင့်ပတ်သက်ပြီး ထင်ရှားတဲ့အဖြစ်များကို တင်ပြချင်ပါသည်။
တစ်ချိန်က ရုပ်ဝါဒကြီးစိုးရာ ကွန်မြူနစ်ရုရှားပြည်မှ အဖြစ်အပျက်ပါ။ ၁၉၆၆ ခုနှစ်တွင် ရုရှား
သိပ္ပံပညာရှင်များသည် အဝေးတစ်နေရာမှ စိတ်ဖြင့်ဆက်သွယ်ခြင်းကို စမ်းသပ်ခဲ့ကြပါသည်။
ပုံစံတူသေတ္တာများစွာထဲမှ ချိတ်ပိတ်ထားသော တစ်လုံးကိုကျရာ ရွေးယူလိုက်ပါသည်။
ထိုတစ်လုံးကို ကားလ်နီကိုလာတက်ဗ် သို့ ပေးလိုက်ပါသည်။ သူ၏သူငယ်ချင်း ယူရီကမင်စကီ
ကမိုင် ၁၈၀၀ (ကီလိုမီတာ ၂၉၀၀) အကွာမှာရှိနေပါသည်။နီကိုလာတက်ဗ် သေတ္တာကို ဖွင့်နေချိန်
မှာ ကမဲင်စကီ က သေတ္တာထဲမှာပါတဲ့ အရာတွေကို မှန်ကန်စွာပြောနိုင်ပါသည်။လိမ်လည်မှုတွေမရှိ
ရအောင် နှစ်ယောက်လုံးကို သိပ္ပံပညာရှင်တွေက စောင့်ကြည့်ပေးခဲ့ပါသည်။ဆဋ္ဌမအာရုံ၏ ထူးခြား
မှုကို သိပ္ပံပညာရှင်များပင် မဖြေရှင်းနိုင်ခဲ့ပါ။
နယ်လ်ယာမီခေးလီဗာ ဆိုသူ အမျိုးသမီးကလည်း အရာဝတ္ထုများကို နေရာရွေ့  သွားအောင် သူ၏စိတ်
ဖြင့်ခိုင်းစေ စမ်းသပ်ခံဖူးပါသည်။ ၁၉၆၈ ခုတွင် ပေါင်မုန့် တစ်ချပ်နှင့် ဖန်ခွက်တစ်ခွက်ကို စိတ်ဖြင့်
ပြန်လည်သွားအောင်လုပ်တာ စသည်ဖြင့် စမ်းသပ်ပြခဲ့ပါသည်။ သူမ၏ စိတ်ဖြင့်ခိုင်းစေ အစွမ်းပြမှုများ
ကို ရုရှားသိပ္ပံပညာရှင်များမှ ရုပ်ရှင် ရိုက်ကူထားခဲ့ကြပါသည်။
ထိုကဲ့သို့ အစွမ်းပြမှုများပိုပြီးဆန်းကြယ်အသိရခက်တဲ့ အဖြစ်အပျက်များကို ထပ်မံတင်ပေးပါအုံးမည်။
--------------------------------------------------------------------------------------------
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ ( ၂ )
ဆဋ္ဌမအာရုံ နှင့် စိတ်စွမ်းအင် အကြောင်းထူးခြားတဲ့ အဖြစ်
လေးတွေကို ဆက်လက်ပြီး ရေးပါအုံးမည်။ဒီတစ်ခါ
အစ္စရေးလူမျိုး စိတ်တန်ခိုးရှိသူ ယူရီဂဲလား ပါ။သူဟာ
ခပ်လှန်းလှန်းမှာ ရှိတဲ့ သော့တွေကိုကွေးညွှတ်နိုင်တဲ့
ပိုပြီးထူးခြားတာက
၁၉၇၃ ခုနှစ် | ဗြိတိသျှရေဒီယို အစီအစဉ် တစ်ခုတွင် လူအများ
ကတယ်လီဖုန်းဖြင့် တိုက်ရိုက်မေးမြန်း စမ်းသပ်ခဲ့ပါတယ်။
ရေဒီယိုမှ လည်း တိုက်ရိုက်လွှင့်ပေးခဲ့ပါတယ်။ ဒါကတော့
ယူရီဂဲလား ၏ အစီအစဉ် လာနေတဲ့ အချိန် သူစိတ်တန်ခိုးတွေထုတ်
လွှတ် ပြီး များမကြာမှီမှာပဲ ရေဒီယို အသံလွှင့်ဋ္ဌာနသို့ တယ်လီဖုံး
များဆက်သွယ်လာကြပါတယ်။ ယူရီဂဲလား၏ အစီအစဉ်ကို
နာထောင်နေချိန်တွင် အိမ်မှာရှိသော သော့တွေ ။ ဇွန်းတွေ ။
ခက်ရင်းတွေနှင့် သံတွေဟာ အလိုလိုကွေးကုန်ကြတယ်လို့ 
တယ်လီဖုန်းတွေဆက်လာကြပါတယ် ။ ဒါတင်မက နှစ်ပေါင်း
များစွာရပ်နေတဲ့ လက်ပတ်နာရီ | စားပွဲတင်နာရီ  နှင့် တိုင်ကပ်
နာရီများပါ စတင်လှုပ်ရှား လည်ပတ်နေကြောင်း သတင်းပို့ ကြပါတယ်။
တိုက်ဆိုင်မှုဟု ဆိုနိုင်ပေမယ့် သိပ္ပံပညာထွန်းကားတဲ့ အနောက်နိုင်ငံ
မှာ ဒါလောက်တိုက်ဆိုင်တာတော့ တကယ်ထူးဆန်းပါတယ်။
ကျွန်တော်ဒီပိုစ့်ကို စရေးတုံးက သူ့အကြောင်းသိပ်မသိသေးပါဘူး။
အခုပိုစ့်တင်ခါနီး သူ့အကြောင်းကို အင်တာနက်မှာရှာကြည့်မှ
တော်တော်လေး သိလိုက်ရပါတယ်။သူဟာ ၁၉၄၆ ခု ဒီဇင်ဘာလ
၂၀ရက်နေ့မှာမွေးပြီး တဲအဗစ် မြို့သားပါ။ သူ၏အစွမ်းပြကွက်
တွေကို ရေဒီယိုအစီအစဉ်တွေမှာမက တီဗွီအစီအစဉ်များတွင်ပါ
ပြသခဲ့ပါတယ်။သူ့၏ဗွီဒီယိုဖိုင်တွေ Youtube မှာကြည့်နိုင်ပါတယ်။
အခုဆက်လက်ပြီး ရုရှားနိုင်ငံက '' အက်ဒွပ်နော့မော့ဗ် ''အကြောင်း
တင်ပြချင်ပါတယ်။
သူအစွမ်းပြခဲ့တာက ၁၉၉၄ ခုနှစ် ကပါ။ သိပ်တော့မကြာသေးဘူးပေါ့။
သူကတော့ သံလိုက်ဓာတ် အစွမ်းရှိသူပါ ။ ဘေးလူကို အရာဝတ္တုတွေ
သွာကပ်နေအောင်လုပ်ပြနိုင်ခဲ့ပါတယ် ။ သတ္တုနဲ့လုပ်ထာားတဲ့အရာဝတ္တု
များကို အစမ်းသပ်ခံတဲ့  လူ၏ ခန္ဓာကိုယ်ပေါ် သွားကပ်နေအောင်လုပ်ပြခဲ့
ပါတယ်။အစမ်းသပ်ခံတဲ့  လူက လာမကပ်အောင် မည်သို့ ပင်ကြိုးစားစေ
ကာမူ လာကိုကပ်နေပါတယ်။ ရိုးရိုးသာမာန်ပင် လူ၏ ခန္ဓာကိုယ်ပေါ်
ကပ်ဖို့ မလွယ်သော လျှပ်စစ်မီးပူလို အရာမျိုးပင် အံ့သြလောက်အောင်
လုံးဝမရှိပဲ အစွမ်းပြခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ အပိုင်း ၁ နှင့် ၂ ဟာ သဘာဝလွန်စိတ်စွမ်းအား  အကြောင်း
များပါ ။ အစွမ်းပြခဲ့သူများမှာလည်း ဒီနယ်ပယ်ကိုလေ့လာလိုက်စားသော
ထင်ရှားသူများပါ။ နောက်တင်ပေးမယ့် အပိုင်းများတွင် လေ့ကျင့်ထားခြင်း
ကြောင့်မဟုတ်ပဲ တစ်ခါတလေ အထူးသဖြင့် အိမ်မက်များကြောင့် ဖြစ်ပေါ်
လာတဲ့ ထူးဆန်းအဖြစ်အပျက်များအကြောင်းကို စုစည်းတင်ပေးပါမည် ။
ထိုသို့ ဖြင့်အမျိုးအစား တစ်ခုခြင်းအလိုက် အပိုင်းများခွဲ၍တင်ပေးပါမည်။
----------------------------------------------------------------------------------------
ဆဌမအာရုံဖြစ်ရပ်ဆန်းများ ( ၃ )
ဒီတစ်ခါ တင်ပေးမယ့်အကြောင်းအရာတွေကတော့
ပေါ်လာတဲ့ထူးဆန်းတဲ့ အဖြစ်အပျက်များပါ။
၁၈၃၃ ခု | သြဂုတ်လထဲမှာ ဂျိုဆီယာဝီလ်ဘာဂါ သည်
တက်ဆက်ပြည်နယ် အော်စတင်မြို့  အနီးအင်ဒီးယန်းတွေ
ရဲ့  ချုံခိုတိုက်ခိုက်ခြင်းကို ခံရပါတယ် ။ ခြေထောက်နှစ်ဖက်စလုံးနှင့် တင်ပါး | လည်ပင်းတို့ မှာသေနက်ဒဏ်ရာများ
ရရှိခဲ့ပါတယ်။ ဒါတင်မက ဦးရေခွံကိုလည်း ခွာယူသွားတာ
ခံခဲ့ရပါတယ် ။ ဖြစ်တဲ့နေရာမှ ခြောက်မိုင်အကွာ လယ်တောအိမ်
မှာနေထိုင်တဲ့ မစ္စစ်ဟွန်းစကီ ဆိုသူအမျိုးသမီးသည် ထူးခြား
တဲ့အိမ်မက်ကို မြင်မက်ပါတယ် ။ ဒါကတော့ ဝီလ်ဘာဂါ
၏အကူအညီတောင်းသံရယ် ပြီးတော့ သူ့ ကိုဘယ်နေရာမှာ
ရှာရမယ်ဆိုတာကို အသံများကြားမြင်ခဲ့ရပါတယ် ။
ထိုအမျိုးသမီးရဲ့  ခင်ပွန်းနဲ့ မိတ်ဆွေများက အဲဒီနေရာကို
အချိန်မှီရောက်ရှိပြီး ဝီလ်ဘာဂါ၏ အသက်ကိုကယ်တင်နိုင်
ခဲ့ကြပါတယ် ။
နောက်ထပ်တင်ပြမည့်အကြောင်းကတော့ ဒုတိယကမ္ဘာစစ်
တွင် ကြီးသုံးကြီးစာရင်းဝင်  အင်္ဂလန်ဝန်ကြီးချုပ် ဆာဝင်စတန်ချာချီ ပါ ။
၁၉၄၂  ဧပြီလ ၁၃ ရက်တွင် ချာချီသည် စစ်ရေးပြပွဲ တစ်ခုကို
တက်ရောက်ရန်ရှိပါတယ် ။ သူသွားခါနီး အချိန်တွင် သူ့ ဟာသူ
စိတ်လေး စိတ်ထင့်နေတာကြောင့်သူမသွားတော့ဖို့ ဆုံးဖြတ်
ခဲ့ပါတယ် ။ စစ်ရေးပြလေ့ကျင့်နေတဲ့ အတွင်းမှာ မတော်တဆမှု
ဖြစ်ပွားပြီး လူ ၂၇ ယောက်သေနက်မှန်ပြီး သေခဲ့ပြီး ၆၈ ယောက်
အပြင်းအထန်ဒဏ်ရာ ရခဲ့ကြပါတယ် ။ တကယ်ကံဆိုးတာက
ချာချီမလာနိုင်လို့ ချာချီ ကိုယ်စား ကြီးမှုးပြီး ( ချာချီရဲ့  နေရာ )ရပ်
နေတဲ့ ဗိုလ်မှုးချုပ် ဂရန့် တေလာဟာ သေဆုံးခဲ့ရပါတယ်။
တကယ်လို့ ချာချီသာ သွားဖြစ်မည် ဆိုလျှင် ဒုတိယကမ္ဘာစစ်
လမ်းကြောင်းဟာ တစ်မျိုးဖြစ်သွားနိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။
နိုင်ငံခေါင်းဆောင်တစ်ယောက်က စိတ်အာရုံ ထင်မြင်မှုကို ယုံကြည်
ပါ့မလားလို့ ထင်စရာရှိပေမယ့် နိုင်ငံခေါင်းဆောင်တွေဟာများသော
အားဖြင့် ဒီကိစ္စများကို မယုံကြည်တောင် လက်တော့ခံကြပါတယ်။
ချာချီတင်မက ဒုတိယကမ္ဘာစစ် ၏အဓိကဇာတ်ကောင် ဟစ်တလာ
ပင်နက္ခတ်ဗေဒင်ကို လက်ခံရကြောင်းမှတ်တမ်းများရှိခဲ့ပါတယ်။
--------------------------------------------------------------------------------
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ(၄)
ဆဋ္ဌမအာရုံ( သို့ )စိတ်စွမ်းအင်နှင့်ပတ်သက်တဲ့
အကြောင်းလေးတွေကို ဆက်တင်ပေးပါမယ်။
ဒီတစ်ခါတင်ပြမယ့် အကြောင်းအရာလေးတွေ
ကလည်းတစ်မျိုးစီ ထူးခြားကြပါတယ်။
၁၅၆၂ခုနှစ်က ဖရန်ကွိုက် ဒီ စီဗယ်လီး ကိုသေပြီလို့ 
အခိုင်အမာယုံကြည်ကြပြီး မြေမြှုပ်ခဲ့ကြပါတယ်။
တော်သူတစ်ယောက်က မသေ သေးဘူးလို့ စိတ်ထဲ
မှာအလိုလိုသိနေတဲ့ စိတ်ထင်မြင်မှုကြောင့် အလောင်း
ကိုပြန်ဖော်ကြည့်ခဲ့ပါတယ်။ ထိုအချိန်မှာပဲသူဟာ
သတိပြန်ရပြီး အသက်ပြန်ရှင်သန်နိုင်ခဲ့ပါတယ်။
သူဟာနောက်ထပ် နှစ်ပေါင်း ၇၀ ကြာအောင်အသက်
ရှင်နေထိုင်ခဲ့ပါတယ်။ အသက် ၁၀၅ နှစ်ရောက်မှ
အအေးမိ ပြီးသေဆုံးခဲ့ပါတယ်။ သူသေပုံကလည်းတစ်
မျိုးဆန်းပါတယ်။
သူချစ်တဲ့အမျိုးသမီးကို တစ်ညလုံး
လျောက်ပြန်သံပေးလုပ် လူပျိုလှည့် သီချင်းတွေဆိုပြရင်း
အအေးမိလို့ သေခဲ့ရတာပါတဲ့။
milano သင်းချိုင်းအုတ်ဂူပေါ်မှာ ဒီအကြောင်းကိုရေးထိုးထားပါတယ်။
သြော်…သူ့ ခမျာ ညီအကိုတော်သူတစ်ယောက်၏
စိတ်အာရုံထင်မြင်ကယ်တင်မှုကြောင့် သေကံမရောက်
ခဲ့ပေမယ့် အသက်ကြီးမှအချစ်ဆူး စူးမိပြီးသေရတာကတော့
နောက်ထပ် ဆဋ္ဌမအာရုံဆန်းကြယ်မှုအကြောင်းအရာတစ်ခု
ကိုဆက်လက်တင်ပြချင်ပါတယ်။
၁၉၆၆ ခု အောက်တိုဘာလ ၂၀ ရက်နေ့ မှာ အင်္ဂလန်နိုင်ငံ
ကျောင်းက ဝတ်ပြုဘက် အခြားသူတွေကို သူစိတ်ထဲမှာ
အလိုလိုသိမြင်နေတဲ့ ကံဆိုးမိုးမှောင်ကျမှု အဖြစ်တစ်ခုကို
ပြောပြပါတယ်။ဆော့သ်ဝေးလ်ဆိုတဲ့ ဒေသမှာ ကျောက်မီးသွေး
တွေအစုလိုက်အပြုံလိုက် လျှောကျလာတဲ့ မြင်ကွင်းကို သူမ၏
စိတ်အာရုံမှာ ထင်မြင်လာကြောင်းလူအများကို ပြောပြခဲ့ခြင်းပါ။
ကျောက်မီးသွေးပုံထိပ်ဖျား က မီးသွေးထုကြီးဟာ အစုလိုက်အပြုံ
လိုက်ပြိုဆင်းကျလာပါတယ်။ ဒီအဖြစ်ကြောင့် ကလေးပေါင်း
၁၀၀ ကျော်နှင့် လူကြီးတော်တော်များများ သေခဲ့ရပါတယ်။
သူငယ်ချင်းတို့ အတွက်ဆဋ္ဌမအာရုံ( စိတ်စွမ်းအင် ) နှင့်ပတ်သက်
တဲ့အကြောင်းအရာလေးတွေကိုတင်ပြလာတာ အမျိုးအစားနှစ်ခု
ရှိပါပြီ။ ( ၁ ) စနစ်တကျလေ့ကျင့်ထားသူများ၏ သဘာဝလွန်
                  အဖြစ်အပျက်များ
           ( ၂ )လေ့ကျင့်ထားခြင်းမရှိသော ရိုးရိုးသာမာန်သူတစ်ယောက်
                 ၏အလိုအလျောက်ဖြစ်ပေါ်သော သဘာဝလွန်အဖြစ်အပျက်
များ  ဟုနှစ်မျိုးနှစ်စားတင်ပြပြီးပါပြီ။
တင်ပြတဲ့နေရာမှာ ဆန်းကြယ်အဖြစ်အပျက်များစွာထဲမှ အများသိပ်မသိ
နိုင်သေးသည့်အဖြစ်များကိုသာ တင်ပြခဲ့ပါတယ်။
အခုဆက်လက်ပြီး ကျန်ရှိတဲ့တစ်မျိုးကိုတင်ပြပါမယ်။ဒါကတော့
ရိုရာယုံကြည်မှု | ကိုးကွယ်ယုံကြည်မှုကြောင့်ရရှိလာသော သဘာဝလွန်
အဖြစ်အပျက်များကို ဆက်လက်တင်ပြပေးပါမယ်။ဆက်လက်အားပေးကြ
ပါခင်ဗျာ………
---------------------------------------------------------------------------------
ဆဌမအာရုံဖြစ်ရပ်ဆန်းများ( ၅ ) 
ကျွန်တော်အရင်ပိုစ့်မှာ ရေးထားသလိုပဲဒီတစ်ခါ
မှာတော့ ကိုးကွယ်ယုံကြည်မှု | ရိုးရာယုံကြည်မှု
တို့ ကြောင့်ဖြစ်ပေါ်လာသော သဘာဝလွန်ဖြစ်ရပ်
များအကြောင်းကို တင်ပေးပါမယ်။အနီးစပ်ဆုံးပြ
ရလျှင် ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေးပွဲတော်
မီနင်းပွဲများဖြစ်ပါတယ်။
တစ်ခုတင်ပြချင်တာက မီနင်းပွဲဆိုတိုင်း ဟိန္ဒူဘာသာ
ဝင်မျိုးနွယ်များမဟုတ်ပါဘူး။ကျွန်တော်သိသလောက်
ဆိုရင် ထိုင်းနိုင်ငံ ဖူးခက်တွင် ဗုဒ္ဓဘာသာဝင်များ၏
ပွဲတော်တစ်ခုဖြစ်ပြီး | ဖီဂျီကျွန်းပေါ်တွင်လည်းဋ္ဌာနေ
တိုင်းရင်းသားများ၏ မီနင်းပွဲဆိုတာရှိပါတယ်။
ဒီအကြောင်းတွေကို နောက်ပိုင်းဆက်လက်တင်ပေး
ပါမယ်။
မီနင်းပွဲများဟာ သက်ဆိုင်ရာမျိုးနွယ်တို့ ၏ဘာသာရေး
ယုံကြည်မှုကို အဓိကအခြေခံပါတယ်။ မိမိတို့ ကိုးကွယ်
ရာ ဘုရား| နတ်တို့ ၏တန်ခိုးစွမ်းအားများကြောင့်လို့ 
ယုံကြည်လက်ခံကြပါတယ်။
ဒါပေမယ့် အနောက်တိုင်းစိတ်ပညာရှင်များကတော့
မမြင်နိုင်တဲ့ စိတ်၏အစွှမ်းသတ္တိများကြောင့်လို့ 
ကောက်ချက်ချ ကြပါတယ်။မိမိ၏စိတ်ကို စနစ်တကျ
အသုံးချ ပါက သဘာဝလွန်အစွမ်းသတ္တိ များရရှိစေနိုင်
ကြောင်းဆိုကြပါတယ်။ ဒါတွေအငြင်းမပွားလိုသလို
အမှန်ကိုသက်သေပြဖို့ လည်းမလွယ်ပါဘူး။သေချာတာ
ကတော့ ဒီလိုမီးနင်းပွဲများတွင် သံချောင်းအချွန်များဖြင့်
ခန္ဓာကိုယ်အား ထိုးစိုက်ခြင်း | ဓားပေါ်နင်းပြခုန်ပြခြင်းစသည်
ကျွန်တော်အနီးကပ်ကြည့်ဖူးသလောက်ကတော့ သံချွန်များ
ဆွဲနှုတ်ချိန်တွင်လည်းအနည်းငယ် တွန့် သွားသော်လည်း
ပါ။သွေးလည်း မထွက်သလို အမာရွတ်အနာလည်းမဖြစ်ပေါ်
ပါဘူး။မီနင်းရာတွင်လည်းနင်းသူတော့ မသိပေမယ့် ကြည့်သူ
ကတော့ အပူရှိန်ကို သိသိသာသာ ခံစားရပါတယ်။ကျွန်တော်
ကတော့ ဟိန္ဒူမီနင်းပွဲများသာ နီးစပ်လို့ မြင်ဖူးတာပါ။
မီးနင်းပွဲမှာပါဝင်သူများဟာ ပွဲတော်မတိုင်မှီကတည်းကဥပုတ်
စောင့်ခြင်း သက်သက်လွတ်စားခြင်းစသည်ဖြင့် မိမိတို့ ဓလေ့
ထုံးစံအလိုက် စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုတွေပြုလုပ်
ကြရပါတယ်။တစ်ခါတရံ နိုင်ငံခြားသားများကိုယ်တိုင်ဝင်ရောက်
မီးနင်းကြပေမယ့် ပူလောင်မှုကိုမခံစားကြရပါ။သူငယ်ချင်းတို့ 
လည်းကိုယ်တိုင်လေ့လာနိုင်ပါတယ်ဗျာ။
ဖူးခက် က ဗုဒ္ဓဘာသာဝင်များ၏ သက်သက်လွတ်ပွဲတော်
မီးနင်းပွဲအကြောင်းဆက်ကြည့်လိုက်ပါအုံးနော်……
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မှာ သက်သက်လွတ်စားသူတွေရဲ့
နှစ်ပတ်လည် အစီအစဉ်တစ်ခုပါ။ ဗုဒ္ဓဘာသာကို ကိုးကွယ်
ယုံကြည်သူတွေအနေနဲ့ ကံကောင်းမှုတွေ ဖြစ်ပေါ်စေပြီး
မကောင်းမှု အကုသိုလ်တွေသန့် စင်စေရန်ကျင်းပလေ့ရှိတဲ့
သဘာဝလွန် အစွမ်းသတ္တိများကိုမြင်ကြရပါတယ်။
အထူးတလယ် နှစ်များစွာလေ့ကျင့်ထားခြင်းမျိုးမဟုတ်ပါပဲ
ကိုးကွယ်ယုံကြည်မှု အခြေခံကာတွေ့ မြင်ကြရသည့်အဖြစ်များပါ။
နောက်ထပ်ပိုစ့်များတွင်လည်း ဖျီဂျီမှ မီးနင်းသူများအကြောင်နှင့်
အာဖရိက| နိုင်ဂျီရီးယားမှ ရိုးရာဓလေ့များအကြောင်းကိုတင်ပေး
ပါအုံးမည်။
---------------------------------------------------------------------------
ဆဌမအာရုံဖြစ်ရပ်ဆန်းများ( ၆ )
ဒီတစ်ခါဆက်ပြီး ဖီဂျီ မှမီးနင်းသူများအကြောင်းကိုတင်ပြပါမယ်။
ဒီမီးနင်းပွဲကို ဗီလာဗီလာရီဗို လို့ သူတို့ ကခေါ်ကြပါတယ်။ဒီလို
ပွဲမျိုးကို အစဉ်အလာအရ လွန်ခဲ့တဲ့နှစ်များစွာထဲက ကျင်းပခဲ့
ကြတာပါ။သူတို့ ဟာ ပေ ၃၀ လောက်ကျယ်ပြီး အဝိုင်းပုံစံ ခပ်တိမ်
တိမ်ကျင်းတစ်ခုကို တူးပါတယ်။အဲဒီကျင်းကို သစ်ကိုင်းခြောက်
ပြီးတော့ မီးလျှံတွေပေါ်မှာ
ကျောက်တုံးတွေကို ဖြန့် ခင်းပါတယ်။ နေ့ တစ်ဝက်လောက်ကြာ
အောင်ဆက်တိုက် အပူပေးထားခဲ့တာပါ။ပြီးမှ အလျှံတညီးညီး
နဲ့ပူနေတဲ့ အဲဒီကျောက်တုံးတွေပေါ်မှာ သစ်ရွက်စိမ်းတွေဖြန့် ခင်း
ပြီးတော့မှ အဲဒီကျင်းကြီးထဲမှာ စုပေါင်းကာ ကကြခုန်ကြနှင့် ကပွဲ
ကိုကျင်းပကြပါတယ်။ခေတ်အဆက်ဆက်နိုင်ငံခြားခရီးသွားတွေကို
စွဲဆောင်နိုင်တဲ့ပွဲတော်တစ်ခုပါ။
ဆက်လက်ပြီး နိုင်ဂျီးရီးယား မှ ယိုရူဘာမျိုးနွယ်တွေအကြောင်းတင်ပြပါမယ်။
လျှာတွေကို သံချောင်းတွေနဲ့ထိုးဖောက်ကြပါတယ်။ဒါပေမယ့်
သွေးမထွက်သလို ထိခိုက်နာကျင်မှုလည်းမဖြစ်ကြပါဘူး။
ကွန်ဂိုနိုင်ငံမှ ကီဘက်ချီမျိုးနွယ်တွေကလည်းအလားတူပါပဲ။
ဖောက်ပြီး ကပွဲကျင်းပကြပါတယ်။သွေးမထွက်သလို ဒဏ်ရာ
အမာရွတ်တောင် မဖြစ်ကြပါဘူး။
ကျွန်တော်ရေးနေတဲ့ ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ ပိုစ့်ဟာ အမျိုး
အစား ၃ မျိုးစုံသွားပါပြီ။
            ( ၁ ) စနစ်တကျလေ့ကျင့်ထားသူများ၏သဘာဝလွန်
                  အဖြစ်အပျက်များ
           ( ၂ )လေ့ကျင့်ထားခြင်းမရှိသော ရိုးရိုးသာမာန်သူတစ်ယောက်
                 ၏အလိုအလျောက်ဖြစ်ပေါ်သော သဘာဝလွန်အဖြစ်အပျက်များ
            ( ၃ ) ရိုးရာယုံကြည်မှု | ကိုးကွယ်ယုံကြည်မှုကြောင့်ရရှိလာသော
                     သဘာဝလွန် အဖြစ်အပျက်များဟူ၍ဖြစ်ပါတယ်။
တင်ပြတဲ့နေရာမှာ ဆန်းကြယ်အဖြစ်အပျက်များစွာထဲမှ အများသိပ်မသိ
နိုင်သေးသည့်အဖြစ်များကိုသာ တင်ပြခဲ့ပါတယ်။အားပေးကြတဲ့သူငယ်
ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။
----------------------------------------------------------------------------------------
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ ( ၇ )
ဒီတစ်ခါ သူငယ်ချင်းတို့ ကို ထူးခြားတဲ့သဘာဝလွန် စွမ်းရည်
ရှိသူ အမျိုးသမီးတစ်ယောက်အကြောင်းကို တင်ပေးပါမယ်။
                              ကေတီ ( katie )  
သူမကတော့ ကေတီ ( katie ) လို့ အမည်ရတဲ့ စိတ်တန်ခိုး
ပိုင်ရှင်တစ်ယောက်ပါ။ သူမ၏စွမ်းရည် ကို လေ့လာမှတ်တမ်း
တင်ဖို့ ဖလော်ရီဒါမှ ဒေါက်တာဘာသိုးအီးရှဝပ်ဇ် ဆိုသူက
စမ်းသပ်စောင့်ကြည့်ခဲ့ပါတယ်။သူဟာ ရုပ်ဝတ္ထု နှင့် သဘာဝလွန်
 စိတ်နယ်လွန် အကြောင်းတွေကို လေ့လာသုတေသီပြုနေသူ
ပညာရှင်တစ်ယောက်ပါ။ ကေတီကိုလည်း အချိန်အတော်ကြာ
အောင် လေ့လာခဲ့ပါတယ်။
       ဒေါက်တာဘာသိုးအီးရှဝပ်ဇ်
စဉ်မှာ ဒေါက်တာရှဝပ်ဇ် အနီးကပ်ကြည့်နေရင်းကို သူမ၏
မျက်နှာ၊ လည်ပင်း ၊ လက်တွေနှင့် ကျောကုန်းတွေ မှာကြေးသတ္တု
တွေ အလိုလိုပေါ်ပေါက်လာပါတယ်။
မိန်းမောမသွားခင်အချိန်မှာ သူမအနီးအနားမှာ ကြေးသတ္တုနှင့်
ဆက်စပ်တဲ့ပစ္စည်းများလုံးဝမရှိပါဘူး။ကြေးသတ္တုအလွှားပါးအဖြစ်နဲ့
အလိုလိုထွက်ပေါ်လာတာပါ။ထိုကြေးအလွှာများကို ခန္ဓာကိုယ်မှ
ဖယ်ထုတ်ရာတွင် ကေတီအနေဖြင့် အနည်းငယ်နာကျင်မှုကိုခံရ
အဲဒီကြေးအလွှာတွေကို ဓာတ်ခွဲကြည့်တဲ့အခါမှာတော့ ကြေး ၉၈ %
မိန်းမောနေစဉ်မှာ သူမခန္ဓာကိုယ်ပေါ်တွင်သာမက သူမကိုင်တွယ်ရာ
တွေထွက်ပေါ်လာစေပါတယ်။
အရာဝတ္ထုတွေကို လေထဲပျံကြွစေတာမျိုး |ရွှေငွေ ၊ သံထည် စသည်များ
မိန်းမောနေစဉ်မှာ အလယ်ခေတ် ( ၁၁၀၀ - ၁၄၀၀ ) ကပြင်သစ်စာများ
ကိုရေးပြတာမျိုးတွေ စသည်ဖြင့် စိတ်စွမ်းအင်အမျိုးမျိုးကိုလည်း
အံ့သြလောက်ဖွယ်ပြသ တတ်ပါတယ်။
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများကို ရေးလာတာ အမှန်က အပိုင်း ၆ တွင်နား
မလို့ ပါ။ ရေးစရာ သဘာဝလွန်အဖြစ်အပျက်ဆန်းများ များစွာရှိပေမယ့်
အမျိုးအစားစုံသလောက်ဖြစ်သဖြင့် နားရန်ရည်ရွယ်လိုက်တာပါ။
ဒါပေမယ့် သူငယ်ချင်းအချို့ ၏တောင်းဆိုမှုကြောင့် ယခုအပိုင်း ၇ ကို
ဆက်တင်ပေးလိုက်ပါတယ်။ အခြားဖြစ်ရပ်ဆန်းများကိုလည်း
နောင်တစ်ချိန်ကျမှ ပြန်ရေးပေးပါမယ်။
အခုတော့ အခြားသဘာဝလွန်ဖြစ်ရပ်ဆန်း များကို အခြားခေါင်းစဉ်
တစ်မျိုးဖြင့် ရေးရန်ရှိပါသဖြင့် ဒီခေါင်းစဉ်ကို ခေတ္တနားပါအုံးမည်။
နောက်ပိုင်းပိုစ့်များကိုလည်းဆက်လက်အားပေးပါအုံးဟု တောင်း
ဆိုရင်း……………
အမှန်က ဒီပိုစ့်တွေက တစ်ပိုင်းစီ တင်ထားပေးပြီးသားပါ။ ကြည့်တဲ့သူငယ်ချင်းတွေက
အရင်အပိုင်းတွေကို ရှာရတာ မလွယ်ဘူးဆိုလို့ ပြန်ပြီးစုစည်းပေးလိုက်ပါတယ်။
အခြားအတွဲလိုက်ပိုစ့်များကိုလည်းပြန်လည်စုစည်းပေးပါမည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...