
ထို့အပြင် အေးခဲသည့် လေပြင်းများကလည်း တိုက်ခတ်နေပြန်ရာ အပူချိန်သည် အနုတ် (၂၀)ဒီဂရီ ဖာရင်ဟိုက်မျှ ရှိနေသည့်နှယ် ခံစားခဲ့ရသည်။ ဝင်ရိုးစွန်းဘက်မှ ဝင်ရောက်လာသော လေအေးများကြောင့် အရှိန်အဟုန် ပြင်းထန်စွာ စီးကျနေသည့် ရေများသည်ပင် အေးခဲကုန်ကာ နိုင်အာဂရာ၏ မြင်ကွင်းသည် ရေခဲချွန်၊ ရေခဲချောင်းများနှင့် တစ်မျိုးထူးခြားသွားခြင်း ဖြစ်သည်။ ရေများသည် အောက်ခြေထိ မရောက်မီတွင် အေးခဲကုန်သော အံ့ဩဖွယ် မြင်ကွင်းကို နိုင်အာဂရာ အနီးတဝိုက်မှ လူအများက ဓာတ်ပုံများ ရိုက်ယူခဲ့ကြသည်။

မြောက်အမေရိကတိုက်တွင် ကျရောက်နေသော အအေးဓာတ် ဖိစီးမှုသည် အမေရိကန်နှင့် ကနေဒါတို့တွင် လူပေါင်း သန်း(၂၄၀)ကျော်ကို သက်ရောက် ခံစားရစေလျှက်ရှိသည်။ နိုင်အာဂရာ ရေတံခွန် အထက်ဘက်တွင်မူ ရေခဲထုသည် ခန့်မှန်း၍ မရနိုင်လောက်အောင် များပြားနေလိမ့်မည်ဟု သုတေသီများက ယူဆထားသည်။ ရာသီဥတု၏ ဆိုးရွားအေးစက်မှုက တစ်စက္ကန့်လျှင် ကုဗပေ ထောင်ပေါင်းများစွာ ပမာဏထိ စီးဆင်းနေသော ရေများကိုပင် ခဲသွားစေခဲ့သည်။ နိုင်အာဂရာ၏ ရေစီးဆင်းမှု အစိတ်အပိုင်း အတော်များများ အေးခဲကုန်ပြီး ရေစီးကျသည့် နေရာအချို့လည်း ကျန်နေသေးသည်ကို တွေ့ရသည်။

(၁၈၄၈)ခုနှစ်က နိုင်အာဂရာတွင် အလားတူ ရေခဲမှုမျိုး တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးကြောင်း သမိုင်းမှတ်တမ်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုစဉ်က ဖြစ်ရပ်သည် ရေခဲများ စုပြုံကာ ရေတံခွန်ထိ ရေမစီးတော့ဘဲ ပိတ်သွားခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားပြီး ရေများစီးကျနေရင်း အောက်ခြေမရောက်မီ ခဲသွားသည့် ဖြစ်စဉ်မှာ ကမ္ဘာကျော် ရေတံခွန်ကြီး၌ ယခုတစ်ကြိမ် ပထမဆုံး ဖြစ်နိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
ref:planet.com
တကယ်ပဲလား
ReplyDelete